ဝက်ခြံပျောက်အောင် ကုနည်း ဝက်ခြံဟာ မြန်မာနိုင်ငံမှာ အဖြစ်များဆုံး အရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဝက်ခြံကို acne လို့ ခေါ်ကြတယ်။ လေ့လာမှုတွေအရ ဝက်ခြံပေါက်သူရဲ့ ၈၀ရာခိုင်နှုန်းက လူပျိုအရွယ်တွေ ဖြစ်ပါတယ်။ ယောကျာ်း၊ မိန်းမ မတူကြဘူး။ ယောကျာ်းတွေ အသက်ကြီးလာတာနဲ့ ပျောက်ဖို့ရာခိုင်နှုန်း ပိုများလာတယ်။ သို့သော် မိန်းကလေးတွေကတော့ ပြောင်းပြန်ပါ။ အပျိူဝင်စမပေါက်တတ်ရင် လူလတ်ပိုင်းဝင်လာတဲ့အခါ (အထူးသဖြင့် အသက် ၃၀ ကျော်) ပြန်တွေ့လာရတယ်။ ဒီကိစ္စက အချက်နှစ်ချက်လို့ ကောက်ချက်ချလို့ရတယ်။ ပထမအချက်က ဟော်မုန်းပြောင်းလဲမှု မမှန်တာ။ ဒုတိယတချက်က အလှအပပစ္စည်းတွေ အလွန်အကျွံသုံးစွဲတာ၊ ဒီလိုအချက်တွေကြောင့်ဖြစ်တယ်။ ဝက်ခြံဘာလို့ဖြစ်လဲ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်းက အဆီအိတ်ဂလင်း(sebaceous gland)တွေမှာ ပိတ်ဆို့မှုကြောင့် ဖြစ်တယ်။ လူ့ခန္ဓာကိုယ်ရဲ့ မွှေးညင်းပေါက်မှာ အဆီအိတ်တွေရှိတယ်။ အဆီအိတ်ကနေ အဆီ(sebum)တွေ ထုတ်ပေးနေတယ်။ အဆီအိတ်များသူတွေမှာ […]
Acne vulgaris ဆိုတာ အဖြစ်များတဲ့ ဝက်ခြံနာ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ acne ဆိုတာ ဝက်ခြံ၊ vulgaris ဆိုတာ အဖြစ်များတဲ့ ပုံစံကို ပြောတာဖြစ်ပါတယ်။ acne vulgaris ဟာ လက္ခဏာရပ်တွေထက် ရောဂါကို ကိုယ်စားပြုတယ်။ ဒီအဖြစ်များတဲ့ဝက်ခြံ(acne vulgaris)မှာ whiteheads, blackheads, papules, pustules, cysts နဲ့ nodules စသည်ဖြင့် ဝက်ခြံအမျိုးအစားပေါင်းများစွာ တပြိုင်နက် ဖြစ်ပေါ်နိုင်တယ်။ အရေပြားအပေါ်လွှာ၊အောက်လွှာ ရောင်ရမ်းပြီး ပိုးဝင်တာရှိတယ်။ များသောအားဖြင့် ရောင်ရမ်းဝက်ခြံနာတွေကို acne vulgaris အဖြစ်သတ်မှတ်ကြတယ်။ Acne vulgaris ဟာ အဆီဂလင်းပိတ်ဆို့ရာက ဆက်လက်ဖြစ်ပေါ်လာတဲ့ အဖုအကျိတ်၊ပြည်တည်နာတွေဖြစ်ပါတယ်။ ဝက်ခြံကို အဓိကဖြစ်စေတာ Cutibacterium acnes ပိုးမွှားဖြစ်ပါတယ်။ လေမလိုဘဲ ပွားများနိုင်တယ်။ မျက်နှာပေါ်မှာ […]
Cystic acne (ဝက်ခြံပြည်အိတ်)ဆိုတာ မွှေးညင်းအိတ်မှာ အဆီနဲ့ ဆဲလ်သေတွေစုပုံပြီး တဖြည်းဖြည်းပိုးဝင်ရောက်ရာက ပြည်အိတ်ဖြစ်ပေါ်လာတဲ့အဆင့်ကို ခေါ်ပါတယ်။ ဒီအမျိုးအစား ဝက်ခြံဖြစ်တဲ့အခါ အရေပြားအောက်လွှာ(dermis)ရောင်ရမ်းပြီး နာကျင်လာပါတယ်။ဒီဝက်ခြံပြည်အိတ်တွေက အဆိုးဆုံးဝက်ခြံအမျိုးအစားမှာ ပါဝင်ပြီး မကုဘဲထားရင် အမာရွတ်ကျန်တတ်တယ်။ သက်သာဖို့ အနည်းဆုံး ၂-၃ပတ်ကြာတတ်တယ်။ ဝက်ခြံပြည်အိတ်(cystic acne)ဟာ ဆယ်ကျော်သက် အရွယ်တွေ အဖြစ်များတယ်။ ဟော်မုန်းနဲ့ သက်ဆိုင်တတ်တယ်။ မျက်နှာအဆီပြန်သူ၊ အဆီအဆိမ့်အစားများသူတွေ အဖြစ်များတယ်။ မျိုးရိုးနဲ့လည်း ဆိုင်တတ်တယ်။ မျက်နှာ၊ကျော၊ရင်ဘတ်၊လည်ပင်း၊ တင်ပါး၊ ပခုံး စတဲ့နေရာတွေ အဓိကတွေ့ရတယ်။ ကုသနည်း ဗက်တီးရီးယားပိုးသတ်ဆေး သောက်ဆေး၊ လိမ်းဆေးတွေပေးရတယ်။ ဆဲလ်သေပိတ်ဆို့မှုအတွက် adapalene, tretinoin, tazarotene စတဲ့လိမ်းဆေးတွေ သုံးသင့်တယ်။ Azelaic acid က ဗက်တီးရီးယားကိုသတ်နိုင်ပြီး ဆဲလ်သေကို ဖယ်ရှားပေးတယ်။ benzoyl peroxide […]