Open 9:00-12:00 AM
+95 92051590

Pityriasis rotunda

25 Nov, 2021 | No Comments

Pityriasis rotunda

Pityriasis rotunda အညိုကွက် အကြေးခွံအရေပြား

Pityriasis Rotunda (PR) ဆိုတာ ကျပ်ပြားဝိုင်းပုံစံ အကြေးခွံအရေပြားရောဂါတစ်မျိုးဖြစ်တယ်။ keratin ပြဿနာကြောင့် ဖြစ်လာတယ်။ ပုံမှန်အားဖြင့် စက်ဝိုင်းပုံ (သို့) ဘဲဥပုံ (သို့) လေးထောင့်ပုံစံအမဲကွက်ပေါ်မှာ အသားအရေခြောက်သွေ့တတ်ပြီး ဖြစ်တဲ့နေရာက သိသာတယ်။ အာဖရိက၊အာရှနဲ့ မြေထဲပင်လယ်ဒေသ မျိုးနွယ်စုတွေမှာ အဖြစ်များတယ်။ ကလေးတွေထက် လူကြီးအရွယ်တွေမှာ တွေ့ရတယ်။

Pityriasis Rotunda ခေါ်တဲ့ အညိုကွက် အကြေးခွံအရေပြားဟာ အာဟာရဓာတ်ချို့တဲ့ခြင်းနဲ့ သက်ဆိုင်တတ်တယ်။ နာတာရှည်ရောဂါကြောင့်လည်း ဖြစ်နိုင်တယ်။ အသည်းရောဂါ၊ တီဘီရောဂါ၊ အသည်းကင်ဆာ စတာတွေနဲ့ ဆက်စပ်နိုင်တယ်။ မျိုးရိုးကြောင့်လည်း ဖြစ်နိုင်ပြန်တယ်။ ဒီအမဲကွက်ကို လေ့လာကြည့်ရင် keratin အလွှာက ပုံမှန်ထက် ပိုထူနေတာတွေ့ရတယ်။

အမဲကွက် အကြေးခွံအရေပြားဆိုပေမယ့် ဖြစ်တဲ့အကွက်က မဲတာတင်မက သာမန်ထက် အရောင်ဖျော့တာလည်း ရှိတတ်ပါတယ်။ များသောအားဖြင့် အသားခြောက်သွေ့တဲ့အတွက် အမဲကွက်ပုံစံမျိုးသာ အဖြစ်များတယ်။ ခြေ၊လက်၊ တင်ပါး၊ ခန္ဓာကိုယ်စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ယားတာ၊နာတာမျိုး မတွေ့ရတတ်ဘူး။

ဒီအရေပြားပြဿနာဟာ နာတာရှည်အခြေအနေဖြစ်တာကြောင့် နောင်နှစ်ပေါင်းများစွာ ဆက်လက်ရှိနိုင်ပါတယ်။ အချို့ အကွက်များဟာ အချိန်ကြာလာသည်နှင့်အမျှ မှိန်သွားတတ်သလို ပြန်လည်းဖြစ်တတ်ပြန်ပါတယ်။ ကုသတဲ့အခါ လက္ခဏာပေါ်မူတည်ပြီး ပေးတဲ့ဆေးမတူကြဘူး။ အစိုဓာတ်လိမ်းဆေး(Emollients)နဲ့ Keratolytics (salicylic acid၊ urea)လိမ်းဆေးတွေက အရေပြားကို ပျော့ပျောင်းစေပြီး ဆဲလ်သစ်ဖြစ်ပေါ်စေတယ်။ ဒါ့ပြင် အရေပြားရောင်ရမ်းမှုကို လျှော့ချဖို့အတွက် စတီးရွိုက်လိမ်းဆေး(Topical Steroids)တွေ လိုအပ်နိုင်ပါတယ်။  တခါတရံ calcipotriol လို vitamin D3 analogs ဆေးတွေပေးမှသက်သာတာမျိုးရှိတယ်။ တခြားရောဂါတွေနဲ့ ဆက်စပ်နေရင် အဆိုပါရောဂါတွေကိုလည်း ကုသရပါတယ်။

Pityriasis Rotunda ဟာ paraneoplastic dermatosis ခေါ်တဲ့ ကင်ဆာရောဂါနဲ့ ဆက်စပ်နိုင်တဲ့ အရေပြားလက္ခဏာတစ်ခုဖြစ်တာကြောင့် မပေါ့ဆသင့်ပဲ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ စနစ်တကျပြသသင့်ပါတယ်။

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews