Open 9:00-12:00 AM
+95 92051590

Category Archive : Infectious diseases

20 Oct, 2025 | No Comments

Buruli ulcer

Buruli ulcer

Buruli ulcer အသားစားအနာ Buruli Ulcer (အသားစားအနာ)ဆိုတာ Mycobacterium ulcerans လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရှားပါးပြင်းထန်တဲ့ အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ Tuberculosis (တီဘီ) နဲ့ Leprosy (အနာကြီးရောဂါ) ကိုဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ မျိုးနွယ်ချင်း နီးစပ်တယ်။ ရောဂါကို မကုဘဲထားရင် ပြင်းထန်တဲ့ အနာကြီးတွေ ပျံ့နှံ့ပြီး အရိုးထိစားသွားတတ်တယ်။  ဘယ်လိုကူးစက်လဲ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဒီရောဂါဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို တိုက်ရိုက်မကူးစက်နိုင်ပါ။ သို့သော် ရေနဲ့ မြေကြီးတဝိုက်က ရေညှိ၊ ရေမှော်၊ ဘက်တီးရီးယားပေါက်ဖွားတဲ့ အကောင်ငယ်လေးတွေပါတဲ့ ပတ်ဝန်းကျင်တွေမှာ ပိုးဟာ နေထိုင်နိုင်တယ်လို့ ယူဆထားကြပါတယ်။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေက ညစ်ညမ်းတဲ့ရေနဲ့ ထိမိ၊ နေမိတာ (ဥပမာ […]

Cat scratch disease ကြောက်ကုတ်နာ ကြောင်ကုတ်ရာကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါကို cat scratch disease ခေါ်ပါတယ်။ ဒီရောဂါဟာ ကြောင်ကိုက်ရာ၊  ကြောင်ခြစ်ရာမှတစ်ဆင့် လူကို ကူးစက်တတ်တယ်။ ကြောင်ရဲ့တံတွေးမှာပါတဲ့ Bartonella henselae ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့အနာဖြစ်ပါတယ်။ ကြောင်ရဲ့ တံတွေးနဲ့ ထိရင် ဒဏ်ရာသေးသေးမွှားမွှားရှိရင်တောင် ကူးစက်နိုင်ခြေရှိပါတယ်။ ကြောင်သန်း (Flea)တွေက ဒီရောဂါပိုးကို သယ်ဆောင်နိုင်ပြီး ကြောင်ကတစ်ဆင့် လူသို့ ကူးစက်စေနိုင်တယ်။ အထူးသဖြင့် ကြောင်နဲ့ ထိတွေ့တဲ့ ကလေးငယ်တွေမှာ ပိုမိုဖြစ်ပွားတတ်တယ်။ ရောဂါလက္ခဏာတွေဟာ ကူးစက်ခံရပြီး ၃-၁၄ ရက်အတွင်း စတင်ပေါ်လာတတ်ပါတယ်။ကြောင်ကုတ်ထားတဲ့နေရာဟာ ရောင်ရမ်းပြီး ပြည်တည်နာဆန်ဆန်အဖုငယ် (papule)တွေစတင် ဖြစ်ပေါ်တယ်။ ဒီအဖုဟာ ၁-၃ ပတ်ကြာနိုင်ပါတယ်။ ရောဂါပိုးက ဆက်လက်ပျံ့နှံ့လာတဲ့အခါ ပြန်ရည်ကျိတ်တွေ စတင်ရောင်ရမ်းလာမယ်။အထူးသဖြင့် ကုတ်ခြစ်ဒဏ်ရာအနီးရှိ ပြန်ရည်ကျိတ်တွေ (ဥပမာ […]

25 Aug, 2024 | No Comments

Monkeypox

မျောက်ကျောက်ရောဂါ(Mpox) ဟာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုး (monkeypox virus)ကူးစက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ မျောက်ကျောက်ပိုးဟာ double-stranded DNA virus အမျိုးအစား ဗိုင်းရပ်စ်ပိုးဖြစ်လို့ RNA ဗိုင်းရပ်စ်တွေလောက် ကူးစက်မြန်တာနဲ့ မျိုးဗီဇပြောင်းလဲလွယ်တာမျိုး မရှိပါဘူး။ ရောဂါလက္ခဏာတွေဟာ ကျောက်ကြီးဗိုင်းရပ်စ်နဲ့ ဆင်တူနေတာ တွေ့ရပါတယ်။ အာဖရိကတိုက်နိုင်ငံတွေမှာ အမျာဆုံးကူးစက်တာ တွေ့ရတယ်။  Mpox (မျောက်ကျောက်ရောဂါ)ဟာ လူနဲ့ နို့တိုက်သတ္တဝါအချင်းချင်း ကူးစက်တတ်တယ်။ လူအချင်းချင်း နမ်းတာ၊ထိတွေ့တာ၊ ကိုင်တွယ်တာကနေ ကူးစက်တတ်တယ်။ လိင်ဆက်ဆံရာကလည်း ကူးစက်နိုင်ပါတယ်။ရောဂါရှိတဲ့တိရိစ္ဆာန်တွေနဲ့ ထိတွေ့မှုကြောင့် ကူးစက်နိုင်တယ်။ လက်ရှိနောက်ဆုံး Clade1b မျိုးကွဲဗိုင်းရပ်စ်ဟာ ကွန်ဂိုနိုင်ငံက စတင်ပြန့်ပွားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ပျံ့ပွားနိုင်လို့ သတိထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားပါတယ်။  မျောက်ကျောက်လက္ခဏာရပ်များ လက္ခဏာရပ်တွေက ကျောက်ကြီးရောဂါနဲ့ ဆင်တူပေမယ့် သိပ်မဆိုးလှပါဘူး။  ဖျားတာ၊ ကိုက်ခဲ၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ […]

10 Dec, 2021 | No Comments

Onychomycosis

ခြေသည်းမှိုပိုးဝင်ခြင်း ခြေသည်း၊လက်သည်း ပြဿနာမှာ အဖြစ်များဆုံးက မှိုပိုးဝင်တာ ဖြစ်ပါတယ်။ ဆေးပညာမှာ onychomycosis လို့ခေါ်ပါတယ်။ မှိုပိုးလက္ခဏာတွေက ခြေသည်း ထူတာ၊ ကျွတ်ဆတ်တာနဲ့ အရောင်ပြောင်းတာ ဖြစ်တယ်။ မှိုဝင်တဲ့ခြေသည်း၊လက်သည်းက ခပ်ဖြူဖြူ (သို့) ဝါညစ်ညစ်အရောင် ရှိတယ်။ခြေသည်းခွံမှာ အပေါက်လေးတွေ တွေ့နိုင်တယ်။ အနံ့အသက်မကောင်းတာ ရှိနိုင်တယ်။ အထူးသဖြင့် စိုစွတ်တဲ့ ပတ်ဝန်းကျင် (သို့) ရေထဲမှာ ကြာရှည်အလုပ်လုပ်ရသူတွေ ဒီလိုပြဿနာမျိုး တွေ့ရတယ်။ ရေနဲ့ ထိတွေ့မှုများတာ၊ချွေးထွက်များတာ၊ခြေထောက်သန့်ရှင်းမှုအားနည်းတာတွေက အဖြစ်များတယ်။ နောက်တချက်က သွေးလျှောက်အားနည်းတဲ့အခါလည်း ဖြစ်နိုင်တယ်။အထူးသဖြင့် ဆီးချိုရောဂါရှိတဲ့အခါ အဖြစ်များသလို ပျောက်ကင်းဖို့ အချိန်ယူရတယ်။ ကုသနည်း ခြေသည်း၊ လက်သည်းတွေကို ခြောက်သွေ့အောင် ထားသင့်ပါတယ်။ရေနဲ့ တတ်နိုင်သမျှ မထိစေနဲ့။ သောက်ဆေးထဲမှာ မှိုပိုးသတ်ဆေး သောက်ရမယ်။ itraconazole 100mg တနေ့ နှစ်ကြိမ် ၂ပတ်၊ ပြီးရင် တနေ့ တကြိမ် တလဆက်သောက်ပါ။ အနည်းဆုံး ၆-၁၂ ပတ်ကြာ သောက်ဖို့လိုပါတယ်။ လက်သည်းထက်စာရင် ခြေသည်းတွေမှာ ပိုကြာကြာပေးဖို့ လိုပါတယ်။ တခြားဆေးတွေထဲမှာ fluconazole သို့ terbinafine စတဲ့ဆေးတွေလည်း သောက်လို့ရတယ်။ ခြေသည်းမှိုအတွက် သောက်ဆေးတင်မက လိမ်းဆေးလိမ်းဖို့ လိုပါမယ်။ terbinafine (သို့) tolnaftate လိမ်းဆေး တနေ့ သုံးကြိမ် တပတ် ဖြစ်တဲ့နေရာမှာ လိမ်းပါ။ နည်းနည်းသက်သာရင် တနေ့ နှစ်ကြိမ် ၃ပတ် ဆက်လိမ်းပါ။ အစိုဓာတ်ထိန်းဖို့ ငါးကြီးဆီ တနေ့ ၂ကြိမ်သောက်ပါ။ ခြေသည်းခြောက်နေတယ်ထင်ရင် သံလွင်ဆီ လိမ်းပေးနိုင်တယ်။ မှိုပိုးသဘောက အထဲအတွင်းပိုင်းထိ လှိုက်စားတတ်တယ်။ ဒါ့ကြောင့် နောက်ထွက်မယ့်ခြေသည်းကိုဂရုစိုက်သင့်တယ်။ ဖြစ်နေတဲ့ခြေသည်းကို ပုံမှန်လေး ညှပ်ပါ။ သေချာကုသရင်  နောက်ထွက်လာတဲ့ခြေသည်းတွေပုံမှန်အတိုင်း ဖြစ်လာလိမ့်မယ်။ အကြံပြုချက် (၁) ဓာတုဆေး၊ ဆပ်ပြာနဲ့ ရေ တတ်နိုင်သမျှ မထိပါနဲ့။ ခြေသည်းလက်သည်း ပုံမှန်ညှပ်ပါ။ (၂) လေဝင်လေထွက်ကောင်းပြီး ချောင်ချိတဲ့ဖိနပ်မျိုး ပြောင်းစီးပါ။ ဘွတ်ဖိနပ်ထိပ်ပိတ်တွေက မှိုပိုးကို ပိုပွါးစေတယ်။ (၃) လေ့ကျင့်ခန်းလုပ်စဉ် ချွေးထွက်များလျှင် ဖိနပ်ကို ၂ရက်တစ်ခါ ပြောင်းစီးပါ။ အထူးသဖြင့် ခြေအိတ်ဝတ်သူများ ခြေအိတ်မကြာခဏပြောင်းဝတ်ပါ။ (၄) ခြေသည်း၊လက်သည်းကို ရေနှင့် မကြာခဏ ထိတွေ့မှုမှ ရှောင်ကြဉ်ပါ။ (၅) ခြေဆီ လက်ဆီအထွက်များသူများအနေဖြင့် မှိုပိုးသတ်ဆေးမှုန့်ကို မကြာခဏအသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အိမ်သုံးနည်း ဆေးရုံ၊ဆေးခန်းနဲ့ ဝေးသူအတွက် အိမ်သုံးနည်းလည်း ရှိပါတယ်။ အိမ်သုံး ရှာလကာရည်ဟာ မှိုသတ်ဆေးတစ်မျိုးဖြစ်တာကြောင့် မှိုပိုးဝင်တဲ့ခြေချောင်းတွေအတွက် အသုံးဝင်တယ်။ အထဲမှာပါတဲ့ acetic acid ကို ရေနှင့်ဆတူရောစပ်အသုံးပြုနိုင်ပြီး မှိုပိုးရှိတဲ့ ခြေသည်းတွေကို သန့်စင်စေရုံမက အခြားခြေချောင်းတွေကို ရောဂါမကူးစက်အောင် ဟန့်တားပေးနိုင်တယ်။ ခြေထောက်ကို ရေနွေးနဲ့ ရှာလကာရည် ဆတူရောထားတဲ့ အရည်ထဲကို နေ့စဉ် မိနစ်(၂၀) လောက် စိမ်ပေးပါ။ ပြီးရင် သန့်စင်တဲ့အဝတ်နဲ့ သေချာသုတ်ပေးပါ။ အထက်ပါအတိုင်း ၁-၃လကြာလုပ်ပေးခြင်းဖြင့် မှိုကြောင့် ခြေသည်းလက်သည်း ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါရှာဖွေကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။