Open 9:00-12:00 AM
+95 92051590

Category Archive : Skin growth

Trichoblastoma (အောက်လွှာမွေးညင်းကျိတ်)ဆိုတာ မွေးညင်းပေါက်ဆဲလ်တွေကဖြစ်လာတဲ့ အကျိတ်လေးတွေကို ခေါ်ပါတယ်။ trichoepithelioma ခေါ်တဲ့ အပေါ်ယံလွှာ မွေးညင်းကျိတ်နဲ့ ပုံစံတူတယ်။ trichoblastomas ဟာ အရေပြားအောက်လွှာ (dermis)ထဲမှာ အဓိက​ တွေ့ရပြီး trichoepitheliomas ကတော့ အရေပြားအပေါ်လွှာ (epidermis)မှာ ဖြစ်တာ တွေ့ရတယ်။ Trichoblastoma ကို မျက်နှာနဲ့ ဦးရေပြားတွေမှာ အသားရောင်၊ အညိုရောင် ခပ်မာမာ ခပ်ခဲခဲအဖုလုံးတွေအဖြစ် တွေ့ရတယ်။ နှာခေါင်းနဲ့ မျက်လုံးဘေးတွေမှာလဲ တွေ့ရတတ်တယ်။ အရွယ်အစားအားဖြင့် ၁-၂စင်တီမီတာလောက်သာ ရှိတယ်။ ယေဘုယျအားဖြင့်အသက်၄၀-၅၀တန်းတွေမှာ အဓိကတွေ့ရတယ်။ Trichoblastomas တွေဟာ basal cell carcinoma (အောက်လွှာအရေပြားကင်ဆာ)နဲ့ ပူးတွဲတွေ့ရတတ်သလို sebaceous nevus ခေါ်တဲ့ မွေးရာပါအဆီကျိတ်မှဲ့တွေထဲမှာ တွေ့ရတတ်တယ်။ ကံဆိုးတဲ့ လူနာတချို့မှာ ပျံ့နှံ့လွယ်တဲ့ trichoblastic […]

Stucco keratosis (ကရာတင်ဖတ် ကပ်ခြင်း)ဆိုတာ သေးငယ်ပြီး အပြင်ကိုစူထွက်နေတဲ့ ကရာတင်အဖတ်လေးတွေကို ခေါ်ပါတယ်။ အရေပြားအပေါ်ယံလွှာမှာ ကရာတင်ဆဲလ်သေတွေ စုပုံလာပြီး ခြောက်သွေ့ကြမ်းတမ်းတဲ့ အဖတ်လေးတွေဖြစ်လာတယ်။ အရေပြားနဲ့ ကပ်နေတဲ့ကရာတင်အဖတ်လေးတွေမို့ stucco keratosis ခေါ်ပါတယ်။ နေရောင်ထိတွေ့မှု လွန်ကဲတာနဲ့ ပွန်းတိုက်မိတာတွေက ကရာတင်ဖတ် (stucco keratosis)ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ အသက်(၄၀)ကျော်အရွယ် အမျိုးသားတွေမှာ ပိုတွေ့ရတယ်။ Stucco keratosis ဟာ အရေပြားကပ်နေတဲ့ ဖယောင်းဖတ်လေးတွေနဲ့ ဆင်တူတယ်။ ကရာတင်ဖတ်တွေဟာ အဖြူရောင်​၊ အဝါရောင်၊ အမဲရောင်စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။ ခြေ၊လက် စတဲ့နေရာတွေမှာ တွေ့ရတယ်။ အထူးသဖြင့် ခြေဖမိုး၊ လက်ဖမိုးနေရာတွေမှာ အဓိကတွေ့ရတယ်။ ယားယံနာကျင်မှုမရှိဘဲ ခြောက်သွေ့ကြမ်းတမ်းနေတတ်တယ်။ အလွယ်ခွာလို့ရပြီး ကွာတဲ့နေရာမှာ သွေးစထွက်တာ မတွေ့ရဘူး။  ကုသနည်း နေ့စဉ် […]

လူကြီးမှဲ့ခြောက် (Dermatosis papulosa nigra)ဆိုတာ မျက်နှာမှာတွေ့ရတဲ့ အသားပိုဆန်ဆန်မှဲ့ခြောက်တွေဖြစ်ပြီး Seborrheic keratosis အမျိုးအစားထဲမှာ ပါတယ်။ ရိုးရိုးမှဲ့ခြောက် (freckle)နဲ့ မတူပါဘူး။ လူကြီးမှဲ့ခြောက်ဖြစ်တဲ့အခါ ကရာတင်ဆဲလ်သေတွေဟာ အပေါ်ယံအရေပြားမှာ ပုံမှန်မဟုတ်ဘဲ စုပုံလာပြီး ဖယောင်းချပ်ပုံစံအသားပိုတွေ စတင်ထွက်လာတယ်။ အပေါ်ယံအရေပြား အောက်ဆုံးလွှာ (basal layer)ကနေ အမဲရောင်ခြယ်ထုတ်လုပ်မှု လွန်ကဲလာခြင်းကြောင့် အရောင်ပြောင်းပြီး အမဲရောင်အသားပိုတွေ မျက်နှာမှာ ပေါ်ပေါက်လာတယ်။ ဒါကို လူကြီးမှဲ့ခြောက် ခေါ်ပါတယ်။ လူကြီးမှဲ့ခြောက်ဟာ အသက်ကြီးရင့်သူတွေ အဖြစ်များတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေထက် အသက်ငါးဆယ်ကျော် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အဝလွန်သူ၊ ဆီးချိုသမားတွေမှာ ပိုပြီးတွေ့ရတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တတ်တယ်။ အသားမည်းသူတွေမှာ ပိုအဖြစ်များတယ်။ အထူးသဖြင့် melanin ထွက်နှုန်းများတဲ့အသားအရေအမျိုးအစား (Fitzpatrick skin phototype 4, […]

Vellus hair cysts ဆိုတာ မွေးညင်းနုပိတ်ဆို့ရာက ရုတ်တရက်ဖြစ်ပေါ်လာတဲ့ မွေးညင်းနု အဖုငယ်လေးတွေကို ခေါ်ပါတယ်။ vellus hair ဆိုတာ မွှေးညင်းနုတွေ ဖြစ်ပါတယ်။ ခြေမွေး၊ လက်မွေး၊ မျက်နှာမွေး စသည်တွေဟာ vellus hair အမျိုးအစား ဖြစ်ကြပါတယ်။ terminal hair ဆိုတာ မည်းနက်ရှည်လျားပြီး ကြမ်းတမ်းတဲ့ အမွေးမျှင်တွေကို ခေါ်ပါတယ်။ ဆံပင်၊ နှုတ်ခမ်းမွေး၊ ဂျိုင်းမွေး၊ ဆီးခုံမွေးတွေဟာ terminal hair အမျိုးအစားမှာပါတယ်။ မွေးညင်းဖု (vellus hair cyst)ကို လေ့လာကြည့်တဲ့အခါ keratin တစ်ရှူးတွေ၊ vellus hair မွေးညင်းနုတွေ စုဖွဲ့ထားတာ တွေ့ရတယ်။ ဘာ့ကြောင့်ဖြစ်လဲ မွေးညင်းပေါက် အလယ်ပိုင်း (infundibulum) ပိတ်ဆို့ခြင်းကြောင့် vellus hair […]