Open 9:00-12:00 AM
+95 92051590

Butt booster diet

10 Nov, 2021 | No Comments

Butt booster diet

How to make Big Butt naturally?

တင်သားတခုရဲ့အချိုးအစားဟာ ခါးဆိုက်ပေါ် များစွာမူတည်တယ်။ အကြောင်းရာတခုကို ချဉ်းကပ်တဲ့အခါ contrast ဆန့်ကျင်ဖက် သဘောကို အရင်နားလည်ဖို့လိုပါတယ်။ အရာဝတ္တတခု ကိုယ်ထဲမှာ ထင်းနေဖို့ ကျန်ဝတ္တုတခုက မှောင်ပေးရတာ သဘာဝပါ။ အဲလိုပဲ တင်သားလှချင်ကြီးဖို့ သူနဲ့ကပ်ရပ် ခါးဆိုက်အရွယ်အစား တင်သားကို သေးအောင် လုပ်ရပါတယ်။ ဒါက သီအိုရီ။ အရပ်ငါးပေ၈လက်မရှိတဲ့ မိန်းကလေးတယောက်ရဲ့ ခါးဆိုက်ဟာ ၂၈ ရှိရင် အကောင်းဆုံးဖြစ်တယ်။ ခါးဆိုက်နဲ့ တင်ပါး အမြဲအချိုးကျနေရမယ်။ ယေဘုယျအားဖြင့် waist-hip ratio ခါးနဲ့ တင်သားအချိုးအစားက 0.7 ရှိရင် အဆိုပါ အမျိူးသမီးဟာ ဆန့်ကျင်ဖက်လိင်တွေကို  ပိုဆွဲဆောင်နိုင်တယ်လို့ ဆိုတယ်။ အထူးသဖြင့် waist-hip ratio အချိုးအစား 0.6 ရှိရင် အကောင်းဆုံးဖြစ်တယ်။ 


တင်သားလှဖို့ အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုတယ်။ တင်းသားအရွယ်အစားကအီစတိုဂျင်ဟော်မုန်းနဲ့ ဆက်စပ်နေတယ်။ စားတဲ့ထဲမှာ အဆီများရင် အီစတိုဂျင်ကို ထုတ်ပေးတယ်။ အဆီဆဲလ်ထဲမှာ aromatase ေခါ်တဲ့ အီစတိုဂျင်ဖွဲ့စည်းမှုအားပေးတဲ့ အင်ဇိုင်းဓာတ်တမျိုး ရှိတယ်။ သူက တင်သားနဲ့ ရင်သား ဖွံဖြိုးအောင်  ပြုလုပ်ပေးတယ်။ ဒါ့ကြောင့်ပဲ သတ်သတ်လွတ်သမားတွေ၊ အစားရှောင်တဲ့သူအများစုဟာ သူများလောက် မဖွံ့ထွားတာဖြစ်ပါတယ်။

ဘာတွေစားမလဲ
အစားသောက်ထဲမှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် ကို အဓိကစားသင့်တယ်။ ပရိုတင်း (၃၀)ဂရမ်နဲ့ ကာဗိုဟိုက်ဒရိတ်(၁၅၀)ဂရမ်ကို လေ့ကျင့်ခန်းလုပ်ပြီး နာရီဝက်အတွင်း စားရင် ပိုထူးခြားတယ်။  အုတ်ဂျုံ၊ ကြက်ဥအကာနဲ့ ပဲနက်စေ့များများစားပါ။ polyunsaturated fat ပါတဲ့ ငါးအဆီ ပိုကဲ စားသင့်တယ်။ ပရိုတင်းဓာတ်ထဲမှာ ပဲအမျိုးမျိုး၊ ပဲနို့၊ ချီးစ်၊ ကြက်ရင်အုံသား၊ ဆာဒင်းငါး၊ တူနာငါး စတာတွေ  ကောင်းတယ်။ ကာဗိုဟိုက်ဒရိတ်ထဲက ဆန်လုံးညိဳ၊ အုတ်ဂျုံ၊ ပေါင်မုန့်၊ ကန်စွန်းဥ၊ အစေ့အဆန် စတာတွေ စားသင့်တယ်။  စားသောက်တဲ့အခါ တရက်ကို ခြောက်ကြိမ် ခွဲပြီး မျှတအောင်စားသင့်တယ်။

စားသောက်နည်း
(၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျု်းစားပါ။

(၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။

(၃) နေ့လည်စာကို ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။ 

(၄) ညနေပိုင်း ပေါင်မုန့်နဲ့ ထောပတ်သုတ် အစာပြေစားနိုင်တယ်။

(၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။

(၆) အိပ်ခါနီး protein shake ေသာက်ပါ။

ခွဲစိတ်တာမဟုတ်တဲ့ ယာယီထူးခြားတဲ့ နောက်တနည်းကတော့ butt lifterလို့ ခေါ်တဲ့ ရုန်းဆန့်နိုင်တဲ့ ဘောင်းဘီအပျော့စား ဝတ်တဲ့နည်းပါ။  ဘောင်းဘီကို  အတွင်းခံသဘောဝတ်ရပြီး တင်သားအောက်ပိုင်းကနေ ပင့်တင်ပြီး အမြင်သဏ္ဌာန် လှအောင်လုပ်တာဖြစ်တယ်။ ယာယီဆိုပေမယ့် ချက်ချင်းသိသာတဲ့နည်းလို့ ပြောရမယ်။ ခါးသာမက ပေါင်တံကိုပါ သိသိသာသာ သေးသွယ်သွားစေတယ်။ ခန္ဓာကိုယ်အချိုးအစားကလည်း အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားလိမ့်မယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews