Cutaneous histoplasmosis ဟစ်စတို မှိုလုံးအနာ Cutaneous Histoplasmosis ဆိုတာ Histoplasma capsulatum မှိုပိုး ကြောင့် ဖြစ်တဲ့ ရှားပါးအရေပြားရောဂါတစ်မျိုး ဖြစ်တယ်။ ဒီရောဂါဟာ အဆုတ်ကို အဓိက ထိခိုက်စေတယ်။ ကိုယ်ခံအားကျဆင်းသူတွေမှာ အဖြစ်များတယ်။အရေပြားထိခိုက်မှုဟာ ခန္ဓာကိုယ်တွင်း ရောဂါပြန့်ပွားနေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒီမှိုပိုးဟာ ငှက်မစင်နဲ့ လင်းနို့မစင်ရှိတဲ့ မြေကြီးထဲမှာ တွေ့ရတတ်ပါတယ်။ ဒီမှိုပိုးပါတဲ့ ဖုန်မှုန့်တွေကို ရှုရှိုက်မိတဲ့အခါ အဆုတ်ထဲ ဝင်ရောက်ပြီး ရောဂါကူးစက်တတ်ပါတယ်။ အဆုတ်ရှိရောဂါပိုးဟာ သွေးကြောထဲကတဆင့် ခန္ဓာကိုယ်တစ်ခုလုံး ပြန့်သွားတဲ့အခါ အရေပြားအပါအဝင် တခြားအင်္ဂါတွေကိုပါ ထိခိုက်စေပါတယ်။ အရေပြားမှာ ပေါ်လာတဲ့ Histoplasmosis အနာကွက်တွေဟာ ပုံစံအမျိုးမျိုးရှိပါတယ်။ အနာများ (Ulcers)၊ အဖုများ (Papules)၊ အကျိတ်များ (Nodules)၊ ဝက်ခြံနှင့်ဆင်တူတဲ့အနာများ (Acne-like lesions)၊ […]
Steatocystoma multiplex ဆိုတာ ခန္ဓာကိုယ်ပေါ် အဆီအိတ်ပြွန် (pilosebaceous duct) လမ်းကြောင်းပျက်စီးပြီး ဖြစ်ပေါ်လာတဲ့ အဝါရောင်အဆီအိတ်လေးတွေ ဖြစ်ပါတယ်။ အဆီပြွန်အိတ်က တစ်ခုထဲသီးခြားတွေ့ရရင် Steatocystoma simplex ခေါ်ပါတယ်။ မျိုးရိုးလိုက်တတ်တာကြောင့် မိဘမှာရှိရင် ကလေးမှာလည်း တွေ့ရတတ်ပါတယ်။ ကျားမ အရွယ်မရွေးဖြစ်နိုင်တယ်။ သီအိုရီတွေအရ Steatocystoma တွေဟာ keratin 17 gene (K17) ဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာပါတယ်။ အဆီအိတ်ရဲ့ ပြွန်လမ်းကြောင်းတလျှောက် မူမမှန်တဲ့ ကြီးထွားမှုဟာ အဆီသယ်ဆောင်မှုကို အနှောက်ယှက်ပေးတာကြောင့်အဆီပြွန်အိတ်တွေ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာပါတယ်။ လူပျို၊အပျိုဝင်စမှာ ဟော်မုန်းပြောင်းလဲမှုက အဆီဂလင်းကို လှုံ့ဆော်မှုကြောင့် အဆီပြွန်အိတ်ပိတ်ဆို့မှုဟာ ပိုမိုသိသာလာပါတယ်။ အဆီပြွန်အိတ်တွေဟာ လူပျိုပေါက်အရွယ်တွေရဲ့ ရင်ဘတ်မှာ အတွေ့များပါတယ်။ မျက်နှာ၊ ဂျိုင်း၊ လက်မောင်း၊ ရင်ဘတ်စတဲ့နေရာတွေမှာလည်း တွေ့ရတတ်ပါတယ်။ အရွယ်အစားအားဖြင့် […]
Nodular elastosis နေလောင်ဒဏ် အဆီဖုထခြင်း




