Open 9:00-12:00 AM
+95 92051590

Platelet Rich Plasma (PRP)

14 Nov, 2021 | No Comments

Platelet Rich Plasma (PRP)

Platelet Rich Plasma (PRP) သွေးရည်ကြည်ကုထုံး

PRP ဆိုတာ “Platelet Rich Plasma” ရဲ့ အတိုကောက်ဖြစ်ပြီး သွေးရည်ကြည်ကုထုံးလို့ သိကြပါတယ်။ Platelet ဆိုတာ သွေးဥမွှားဖြစ်ပြီး သွေးရည်ကြည်(plasma)ထဲမှာ ဆဲလ်သစ်ပြန်လည်ဖြစ်ပေါ်တဲ့ ပရိုတင်းဓာတ်တွေပါဝင်တယ်။ မိမိကိုယ်ပိုင်သွေးထဲက ပြန်လည်ပြုပြင်တဲ့ဓာတ်တွေကို စစ်ထုတ်ယူပြီး ကုသမှုခံယူသူရဲ့ ခန္ဓာကိုယ်အားပြည့်စေဖို့ ပြန်လည်ထိုးသွင်းပေးတဲ့ ကုထုံးတစ်မျိုးဖြစ်ပါတယ်။သွေးရည်ကြည်ကုထုံးကို  အသက် ၂၅ နှစ်နဲ့ ၆၀ ကြား အရွယ်တွေ အသုံးပြုနိုင်တယ်။ 

PRP ရဲ့အာနိသင်များ

——————-

၁။ ကြီးထွားမှုဟော်မုန်းများ ထုတ်လုပ်ခြင်း

Platelets တွေဟာ ကြီးထွားမှုပစ္စည်း (Growth Factors) ၇ မျိုးလောက် ထုတ်လုပ်ပေးနိုင်ပါတယ်။

၂။ ဆဲလ်သစ်ပြန်လည်မွေးဖွားခြင်း

ဒီကြီးထွားမှုဟော်မုန်းတွေက Stem Cells (မျိုးရိုးဗီဇဆဲလ်)တွေကို လှုံ့ဆော်ပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပါတယ်။

၃။ ကော်လာဂျင်နှင့် Elastin ထုတ်လုပ်ခြင်း

အရေပြားဆဲလ်တွေကို လှုံ့ဆော်ပြီး ကော်လာဂျင် (Collagen) နဲ့ အီလက်စတင် (Elastin) ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။

၄။ သွေးကြောသစ်များ ဖြစ်ပေါ်ခြင်း

ဆဲလ်သစ်ဖြစ်တဲ့အခါ Angiogenesis (သွေးကြောသစ်ဖွဲ့စည်းခြင်း)ကို လှုံ့ဆော်ပေးပြီး အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုမိုရရှိစေပါတယ်။

PRP ကုထုံးကို အလှအပဆိုင်ရာ ကုသမှုတွေမှာ အဓိကအသုံးပြုကြပါတယ်။

· ဝက်ခြံအမာရွတ်ခွက် ကုသခြင်း 

· မျက်နှာအရေးအကြောင်းများ ကုသခြင်း 

· အသားအရည်ညီအောင် ပြုပြင်ခြင်း 

· ဆံပင်ပြန်ပေါက်အောင်လုပ်ခြင်း (ဆံပင်ပါးခြင်း၊ ထိပ်ပြောင်ခြင်း)

· အသားအရေ ကြည်လင်ခြင်း 

ဒါ့ပြင် ဆေးကုသမှုနယ်ပယ်မှာလည်း အသုံးပြုကြပါတယ်။

· ဒူးနာ၊ ပခုံးနာအဆစ်နာခြင်း 

· ကြွက်သားစုတ်ပြဲခြင်း

· အရွတ်ရောင်ခြင်း 

· အရိုးပြန်လည်အားဖြည့်ခြင်း 

PRP ပြုလုပ်တဲ့အခါ မျက်နှာကို အရင်ဆုံး သန့်ရှင်းရတယ်။ လိုအပ်ရင် ထုံဆေးပေးလို့ရတယ်။သွေးရည်ကြည်မလုပ်ခင် လူနာခန္ဓာကိုယ်က သွေးကို အရင်ထုတ်ယူရတယ်။ အထူးသဖြင့်လက်ဖျံက သွေးကို 15-60 ml လောက် ထုတ်လုပ်ရတယ်။ ထုတ်ယူထားတဲ့သွေးကို Centrifuge (အရှိန်မြင့် သွေးလှည့်စက်)ထဲမှာ ၁၀-၁၅ မိနစ်ခန့် လှည့်ရပါတယ်။ ဒီလိုလှည့်လိုက်ခြင်းအားဖြင့် သွေးဟာအလွှာ (၃)လွှာ ကွဲထွက်သွားပါတယ်။ အောက်ဆုံးအလွှာဟာ သွေးနီဥ(RBC) အလွှာဖြစ်ပါတယ်။ အလယ်အလွှာဟာ သွေးဥမွှား (Platelets) နဲ့ သွေးဖြူဥ (White Blood Cells)အလွှာဖြစ်ပြီး အပေါ်ဆုံးအလွှာဟာ Platelet-poor Plasma (PPP) အလွှာဖြစ်ပါတယ်။

သွေးရည်ကြည် (PRP) ယူတဲ့အခါ အလယ်လွှာကို အသုံးပြုရတယ်။ ပြင်ဆင်ပြီးသား PRP ကို Microneedling နည်းနဲ့ ကုသမယ့်နေရာမှာ ထိုးသွင်းရပါတယ်။ တခါတရံ ဆေးထိုးပြွန်ငယ်နဲ့ စုပ်ယူပြီး ပါးလွှာတဲ့အပ်နဲ့ ထိုးသွင်းနိုင်တယ်။ သွေးရည်ကြည်ကုသမှုဟာ ၄၅ မိနစ်-၆၀ မိနစ် ကြာမြင့်တတ်ပါတယ်။ ကုသပြီးတာနဲ့ ချက်ချင်းအိမ်ပြန်လို့ရတယ်။ PRP ကုထုံးရဲ့ ရလာဒ်ဟာ တစ်လအတွင်း သိသာပြီး ၆ လ-၁ နှစ်အထိ ကြာရှည်နိုင်ပါတယ်။ 

သွေးရည်ကြည်ကုထုံးမှာ အားသာချက်များစွာရှိတယ်။ မိမိကိုယ်ပိုင်သွေးကို ပြန်အသုံးပြုတာမို့ ဓာတ်မတည့်တာမျိုး မရှိတတ်ဘူး။ နာကျင်မှုနည်းလို့ ထုံဆေးလောက်သုံးရုံနဲ့ ရတယ်။ ကုသပြီး ၂၄ နာရီအတွင်း ပုံမှန်လုပ်ငန်းဆောင်တာတွေ ပြန်လုပ်နိုင်ပါတယ်။အရေပြားတင်းရင်းမှုကို သိသိသာသာ တိုးတက်ကောင်းမွန်စေတယ်။

PRP ကုထုံးဟာ ယေဘုယျအားဖြင့် စိတ်ချရပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ယာယီဖြစ်ပေါ်နိုင်ပါတယ်။ ဆေးထိုးတဲ့နေရာမှာ ယာယီ နီမြန်းတာ၊ ရောင်ရမ်းတာရှိနိုင်တယ်။ ဒီရောင်ရမ်းမှုဟာ နာရီပိုင်းအတွင်း ပျောက်ကင်းသွားတတ်ပါတယ်။တခါတရံ ဆေးထိုးတဲ့နေရာမှာ ယားယံတာရှိတတ်တယ်။ အခန့်မသင့်ရင် အညိုအမည်းစွဲတာ ဖြစ်ပေါ်နိုင်တယ်။ ကံဆိုးရင် အပ်ပေါက်ရာ အရေပြားမှာ ပြည်တည်နာလေးတွေ ပေါက်လာတတ်တယ်။

အကြံပြုချက်

————-

သွေးရည်ကြည် ကုထုံး(PRP)ဟာ ထိရောက်တဲ့ ကုသမှုတစ်ခုဖြစ်ပေမယ့် ဘေးထွက်ဆိိုးကျိုးလည်း ရှိနိုင်တယ်။ ဒါ့ကြောင့် အရေပြားနဲ့ အလှအပရေးရာ ကျွမ်းကျင်ဆရာဝန်နဲ့သာ ပြုလုပ်သင့်ပါတယ်။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews