Body Sculpting ကိုယ်ခန္ဓာပုံသွင်းခြင်း Body Sculpting ဆိုတာ ခန္ဓာကိုယ်ကို သဘာဝကျကျ လှပစွာ ပုံဖော်တဲ့ နည်းပညာဖြစ်ပါတယ်။ ဒီနည်းဟာ Body Contouring ထက် ပိုပြီးတိကျတယ်။ အဆီကျရုံမက ကြွက်သားကို ထင်ရှားစေခြင်း (Six pack ပေါ်အောင် လုပ်ခြင်း) နဲ့ ခန္ဓာကိုယ်အချိုးအစားကို ကျနအောင်ပုံဖော်ပေးတယ်။ Body Sculpting ကို · ဝမ်းဗိုက်ကြွက်သားပုံဖော်ခြင်း · တင်ပါးကြွက်သား ပုံဖော်ခြင်း · ပေါင်တွင်းကြွက်သား ပုံသွင်းခြင်း · လက်မောင်းကြွက်သား ပုံသွင်းခြင်း · ခါးအချိုးအစားကျနအောင် ပြုပြင်ခြင်း စတဲ့ကိစ္စရပ်တွေမှာ အဓိကအသုံးပြုပါတယ်။ Body Sculpting နဲ့ Body Contouring ကွာခြားချက် ———————————————– Body Contouring […]
Cryolipolysis အအေးလှိုင်းနဲ့ အဆီချခြင်း Cryolipolysis ဆိုတာ အအေးဓာတ်နဲ့ အဆီပိုဆဲလ်တွေကို ဖျက်ဆီးခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ ဒီနည်းပညာဟာ ခွဲစိတ်ဖို့ မလိုဘဲ ဖယ်ရှားရခက်တဲ့ အဆီခဲတွေကို အေးခဲခြင်း နည်းပညာသုံးပြီး ဖျက်ဆီးတဲ့ကုသနည်း ဖြစ်ပါတယ်။ အအေးလှိုင်းကုထုံးမှာ လူသိအများဆုံးအမည်က CoolSculpting (အအေးလှိုင်းပုံသွင်းခြင်းနည်းပညာ) ပဲဖြစ်ပါတယ်။သိထားရမယ့်အချက်က Cryolipolysis ဟာ အဆီဆဲလ်တွေကိုသာ ဖျက်ဆီးလိုက်တာဖြစ်ပြီး အရေပြား၊ ကြွက်သားနဲ့ တခြားဆဲလ်တစ်ရှူးတွေကို မထိခိုက်စေနိုင်ပါဘူး။ Cryolipolysis နည်းပညာ ———————— ၁။ အဆီဆဲလ်များ အေးခဲခြင်း ကုသမယ့်နေရာကို -11°C မှ -5°C အထိ အေးခဲသွားအောင် ပြုလုပ်ပေးပါတယ်။ ၂။ Apoptosis (ဆဲလ်သေဆုံးမှု) ဖြစ်စဉ် အလွန်အမင်း အေးခဲသွားတဲ့အခါ အဆီဆဲလ်တွေ (Adipocytes) ဟာ သဘာဝဆဲလ်သေဆုံးမှု […]
Platelet Rich Plasma (PRP) သွေးရည်ကြည်ကုထုံး PRP ဆိုတာ “Platelet Rich Plasma” ရဲ့ အတိုကောက်ဖြစ်ပြီး သွေးရည်ကြည်ကုထုံးလို့ သိကြပါတယ်။ Platelet ဆိုတာ သွေးဥမွှားဖြစ်ပြီး သွေးရည်ကြည်(plasma)ထဲမှာ ဆဲလ်သစ်ပြန်လည်ဖြစ်ပေါ်တဲ့ ပရိုတင်းဓာတ်တွေပါဝင်တယ်။ မိမိကိုယ်ပိုင်သွေးထဲက ပြန်လည်ပြုပြင်တဲ့ဓာတ်တွေကို စစ်ထုတ်ယူပြီး ကုသမှုခံယူသူရဲ့ ခန္ဓာကိုယ်အားပြည့်စေဖို့ ပြန်လည်ထိုးသွင်းပေးတဲ့ ကုထုံးတစ်မျိုးဖြစ်ပါတယ်။သွေးရည်ကြည်ကုထုံးကို အသက် ၂၅ နှစ်နဲ့ ၆၀ ကြား အရွယ်တွေ အသုံးပြုနိုင်တယ်။ PRP ရဲ့အာနိသင်များ ——————- ၁။ ကြီးထွားမှုဟော်မုန်းများ ထုတ်လုပ်ခြင်း Platelets တွေဟာ ကြီးထွားမှုပစ္စည်း (Growth Factors) ၇ မျိုးလောက် ထုတ်လုပ်ပေးနိုင်ပါတယ်။ ၂။ ဆဲလ်သစ်ပြန်လည်မွေးဖွားခြင်း ဒီကြီးထွားမှုဟော်မုန်းတွေက Stem Cells (မျိုးရိုးဗီဇဆဲလ်)တွေကို လှုံ့ဆော်ပြီး ဆဲလ်အသစ်တွေ […]
Microneedling အရေပြားကို အပ်နဲ့ဆွခြင်း Microneedling ဆိုတာ အရေပြားကို အပ်နဲ့နှိုးဆွပေးတဲ့ နည်းပညာတစ်မျိုးဖြစ်တယ်။ကော်လာဂျင်ထွက်ပေါ်အောင် လှုံ့ဆော်တဲ့ကုထုံးဖြစ်လို့ Collagen Induction Therapy လို့လည်း ခေါ်ပါတယ်။ အရေပြားကို ပြန်လည်နုပျိုစေတဲ့ ကုထုံးတစ်မျိုးဖြစ်တယ်။ ဒီကုထုံးမှာ အလွန်သေးငယ်ပါးလွှာတဲ့ အပ်ချောင်းမျှင်လေးတွေ ပါဝင်တဲ့ ကိရိယာကို အသုံးပြုရတယ်။ ဒီအပ်လေးတွေဟာ အရေပြားပေါ်မှာ အနာသေးသေးလေးတွေ ဖြစ်အောင် ထိုးဖောက်ပေးလိုက်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ သဘာဝအနာကျက်မှုစနစ် ကို လှုံ့ဆော်ပေးပါတယ်။ Microneedling အလုပ်လုပ်ပုံ အဆင့်ဆင့် ————————————- Microneedling (အပ်ဆွနည်း) နဲ့ အရေပြားကို နှိုးဆွတဲ့အခါ ခန္ဓာကိုယ်မှာ အဆင့်(၄)ဆင့် ပြောင်းလဲဖြစ်ပေါ်လာပါတယ်။ ဒီအဆင့်တွေက ကိုလာဂျင်နှိုးဆွတဲ့ကုထုံးဖြစ်ပြီး အသားအရေတင်းရင်းလာစေနိုင်ပါတယ်။ ၁။ အလွန်သေးငယ်တဲ့ဒဏ်ရာများ ပြုလုပ်ခြင်း အပ်မျှင်လေးတွေကြောင့် အရေပြားမျက်နှာပြင်မှာ မျက်စိနဲ့မြင်ရခက်တဲ့ ဒဏ်ရာသေးသေးလေးတွေ ဖြစ်ပေါ်စေပါတယ်။ […]




