Open 9:00-12:00 AM
+95 92051590

Mask acne

15 Nov, 2021 | No Comments

Mask acne

Mask acne ဆိုတာ မျက်နှာဖုံး(face mask)အုပ်တဲ့နေရာတွေမှာ ဖြစ်တဲ့ ဝက်ခြံတွေကို ခေါ်ပါတယ်။ ကိုဗစ်ကာလတွေမှာ နေ့စဉ် face mask အသုံးပြုရာက မျက်နှာဖုံးနဲ့ ပွတ်တိုက်တဲ့နေရာတွေဟာ ထိခိုက်ပြီး မွှေးညင်းပေါက်ပိတ်ဆို့ကာ maskne (မျက်နှာဖုံးဝက်ခြံ)တွေ ပေါ်ပေါက်လာပါတယ်။ စိတ်ဖိစီးမှုနဲ့ ပတ်ဝန်းကျင်ရာသီဥတု အခြေအနေကလည်း maskne ကို ပိုတိုးစေနိုင်တယ်။

maskne ဘာကြောင့် ထွက်လာသလဲ

Face mask အသုံးပြုခြင်းအားဖြင့် ပူနွေးစိုစွတ်တဲ့လေဟာ မျက်နှာဖုံးများအောက်ဖက်မှာ ပိတ်မိနေပါတယ်။ ဒီအခြေအနေဟာ ဗက်တီးရီးယားပေါက်ဖွားဖို့ အကောင်းဆုံးအခြေအနေကို ဖန်တီးပေးတယ်။ ပွတ်တိုက်မှု၊ အရေပြားထိခိုက်မှုနဲ့ စိုထိုင်းစများလာခြင်းဟာ mask အတွင်းပိုင်း အရေပြားကို အလွယ်တကူ ပျက်စီးစေပြီး ဝက်ခြံတွေ ထွက်လာပါတယ်။ စိုထိုင်းစ မြင့်တက်လာခြင်းနဲ့အတူ dermatitis အရေပြားရောင်ရမ်းတာနဲ့ folliculitis မွှေးညင်းပေါက်ရောင်ရမ်းတာ ပူးတွဲဖြစ်ပေါ်လာနိုင်တယ်။ 

Maskne အတွက်salicylic acid, benzoyl peroxide, adapalene, azelaic acid, tretinoin လိမ်းဆေး စတာတွေ လိုအပ်သလို အသုံးပြုသင့်တယ်။ ဆဲလ်သေကွာကျစေတဲ့ AHA, BHA မျက်နှာသစ်ဆေးမျိုး လိုနိုင်တယ်။ သို့သော်ခြောက်သွေ့ရောင်ရမ်းတဲ့ အရေပြားမှာ မသုံးသင့်ဘူး။ ပိုးသတ်ဆေးပါတဲ့ gel လိမ်းဆေးတွေ လိုအပ်သလို လိမ်းသင့်တယ်။ လိမ်းဆေးထဲမှာ cream (သို့) ointment ထက် gel လိမ်းဆေးတွေ ဦးစားပေးရွေးချယ်သင့်တယ်။

face mask မျက်နှာဖုံးကို မကြာခဏလဲလှယ်ပေးပါ။ မကြာခဏ မျက်နှာသစ်ပေးပါ။ gentle cleanser တွေလိုတယ်။ မိတ်ကပ်ကို သေချာဖျက်ပစ်ပါ။ လိုအပ်ရင် micellar water မိတ်ကပ်ဖျက်ဆေး သုံးပါ။ double cleansing က ဝက်ခြံသမားတိုင်း လုပ်ဖို့မလိုအပ်ပေမယ့် မိတ်ကပ်လိမ်းပြီး နှုတ်ခမ်းနီဆိုး၊ မျက်နှာဖုံးတပ်ရတဲ့ မိန်းကလေးတွေအတွက်တော့ လိုအပ်ပါတယ်။ သတိပြုရမှာက မလိုအပ်ဘဲ makeup removing balm လိုမျိုး ပျစ်တဲ့မိတ်ကပ်ဖျက်ဆေးတွေ မသုံးသင့်ဘူး။ ဒါတွေသုံးပြီး ပိုဆိုးလာတာ မကြာခဏတွေ့နေရတယ်။တတ်နိုင်သမျှ sheer cover foundation မိတ်ကပ်ပါးပါးလေးသာ လိမ်းပါ။ ceramides နဲ့ dimethicone ပါတဲ့ လိမ်းဆေးတွေ တတ်နိုင်ရင် မသုံးပါနဲ့။ မိတ်ကပ်မလိမ်းခင် အဆီများတဲ့ moisturizer နဲ့ sunscreen လိမ်းတာမျိုး မျက်နှာဖုံးဝက်ခြံမှာ ရှောင်ကြဉ်သင့်တယ်။ 

Write Reviews

Leave a Comment

No Comments & Reviews