Open 9:00-12:00 AM
+95 92051590

Category Archive : Laser

13 Nov, 2021 | No Comments

KTP laser

KTP laser အစိမ်းရောင်လေဆာ KTP Laser ဆိုတာ Potassium Titanyl Phosphate သတ္တုပစ္စည်းကို အသုံးပြုတဲ့ လေဆာတစ်မျိုးဖြစ်ပါတယ်။ ဒီလေဆာဟာ အစိမ်းရောင်လှိုင်းအလျား 532 nm ကို ထုတ်လွှတ်ပြီး အရေပြားနဲ့ အလှအပရေးရာ ကုသမှုတွေမှာ အဓိကအသုံးပြုတယ်။ KTP Laser ကို သွေးကြောမျှင်ပြဿနာတွေမှာ အဓိကသုံးတယ်။ သွေးကြောမျှင်ပေါက်ခြင်း၊ နှာခေါင်းသွေးကြောမျှင်ပေါ်ခြင်းစတဲ့အခြေအနေတွေမှာ အဓိကသုံးတယ်။ ဒါ့ပြင် မှဲ့ခြောက်နဲ့ အသားရောင်မညီတဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ အမွေးရိတ်ခြင်းကြောင့် ဖြစ်တဲ့ အနီစက် (Razor Bumps)နဲ့ လူကြီးမှဲ့ခြောက်(Seborrheic Keratosis)တွေ ကုသရာမှာ အသုံးပြုကြတယ်။ မျက်နှာအရေးအကြောင်းရှိတဲ့အခါ အရေပြားပြန်လည်ချောမွေ့အောင် ဒီလေဆာနဲ့ကုသနိုင်တယ်။ ဒါတင်မက အနီရောင်၊ လိမ္မော်ရောင် တက်တူးတွေ ဖျောက်ဖျက်တဲ့အခါ အသုံးဝင်တယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အနီစက်အမာရွတ်တွေ […]

13 Nov, 2021 | No Comments

Argon laser

Argon Laser သွေးကြောဖျက် လေဆာ Argon Laser ဆိုတာ အာဂွန်ဓာတ်ငွေ့ကို အသုံးပြုပြီး စွမ်းအင်မြင့် ဖိုတွန်အလင်းမှုန်တွေ ထုတ်လွှတ်ပေးတဲ့ လေဆာတစ်မျိုးဖြစ်ပြီး မျက်ကြည်လွှာနဲ့ ရေတိမ်ကုသရာမှာ အဓိကအသုံးပြုကြတယ်။ အာဂွန်လေဆာဟာ ၄၈၈ nm နဲ့ ၅၁၄ nm လှိုင်းအလျားရှိပြီး အပြာနဲ့ အစိမ်းရောင် လှိုင်းတွေကို ထုတ်လွှတ်နိုင်တယ်။ ဒီလေဆာဟာ အောက်ဆီဂျင်ဓာတ်ကြွယ်ဝတဲ့ Haemoglobin နဲ့ melanin တွေ အပေါ်သက်ရောက်စေတာကြောင့် အရေပြားပြဿနာကုသရာမှာ အသုံးကျတယ်။ အထူးသဖြင့် လှိုင်းအလျား 514nm ရှိတဲ့ အစိမ်းရောင်လေဆာ (Argon Green Laser) ကို အရေပြား သွေးကြောပေါ်ခြင်း (Telangiectasia)၊ မှဲ့နီ (Cherry Angiomas)၊ အသားပိုနဲ့ တင်းတိပ်ကုသရာမှာ အသုံးပြုတယ်။ Argon […]

13 Nov, 2021 | No Comments

Excimer laser

Excimer Laser ခရမ်းလွန်ရောင်ခြည်လေဆာ Excimer Laser ဆိုတာ ခရမ်းလွန်ရောင်ခြည်ဘီ (Ultraviolet B – UVB)ရဲ့ လှိုင်းအလျား 308 nm ကို အသုံးပြုတဲ့ လေဆာတစ်မျိုးဖြစ်ပါတယ်။ Excited Dimer ရဲ့ အတိုကောက်ကို ယူထားလို့ Excimer Laser ခေါ်ပါတယ်။ ဒီလေဆာဟာ အရေပြားဆဲလ်တွေရဲ့ ကြီးထွားမှုနဲ့ ကွဲပွားမှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိလို့ အရေပြားရောဂါကုသရာမှာ အထူးထိရောက်မှုရှိပါတယ်။ Excimer Laser လေဆာဟာ ထပ်တရာနာ (Psoriasis)၊ ခရုသင်းရောဂါ (Vitiligo)၊ နှင်းခူရောဂါ (Atopic Dermatitis)၊ လူကြီးမှဲ့ခြောက် (Seborrheic Keratosis)နဲ့  အရေပြားပြန်ရည်ကြောကင်ဆာ (Cutaneous T-Cell Lymphoma)တွေမှာ အဓိကသုံးကြတယ်။ Excimer Laser ရဲ့ အသုံးဝင်ပုံ —————————- ၁။ […]

pulsed dye laser သွေးကြောဆေး လေဆာပစ်ခြင်း