5 Nov, 2021 | No Comments
Sebaceous hyperplasia
Sebaceous hyperplasia ဆိုတာ အရေပြားအောက်လွှာ အဆီပေါက်တွေကျယ်ရာက ဖြစ်လာတဲ့ အဝါရောင်အဆီအိတ်လေးတွေ ဖြစ်ပါတယ်။ ဝက်ခြံအဆီဖုနဲ့ ကွဲပြားတာက အလယ်မှာရှိတဲ့မွေးညင်းပေါက်က ချိုင့်ဝင်နေပြီး ဘေးသားဒေက ဖောင်းတက်နေပါတယ်။ Dermoscope နဲ့ စစ်ဆေးကြည့်ရင် ဘေးမှာ သွေးကြောတွေ ထင်းနေတတ်တယ်။ နဖူးနဲ့ ပါးပြင်တွေ အဓိကတွေ့ရတယ်။ အရွယ်အစားအားဖြင့် ၃မီလီမီတာ အတွင်းမှာသာရှိတယ်။ သက်လတ်အရွယ် အမျိုးသားတွေမှာ အဖြစ်များတယ်။
အဆီအိတ်တွေဟာ မျက်နှာမှာ ဖြစ်ရင် ကြည့်ရဆိုးပေမယ့် လူကို ဒုက္ခမပေးတာကြောင့် မကုဘဲထားလို့ရပါတယ်။ လိုအပ်ရင် လေဆာပစ်ပြီး ဖျက်စီးပစ်နိုင်တယ်။ electrocautery မီးရှို့ဖျက်စီးနည်းလည်း သုံးနိုင်တယ်။ အဆီအိတ်တွေပွားလာရင် iaotretinoin သောက်ဆေးနဲ့ ကုလို့ရပါတယ်။ အမျိုးသမီးတွေမှာဖြစ်ရင် antiandrogen သောက်ဆေးတွေလည်း အသုံးဝင်တယ်။ မကုဘဲထားရင် ရေရှည်မှာပွားလာတတ်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews