Open 9:00-12:00 AM
+95 92051590

Bullous diabeticorum

24 Nov, 2021 | 3 Comments

Bullous diabeticorum

Bullous diabeticorum ဆီးချိုသည် အရည်ကြည်ဖုပေါက်ခြင်း

Bullous Diabeticorum ဆိုတာ ဆီးချိုသွေးချိုရှိသူများမှာ ဖြစ်ပွားတဲ့ ရှားပါးအရေကြည်ဖုရောဂါတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ခြေဖျား၊လက်ဖျားစတဲ့နေရာတွေမှာ အရေပြား ထိခိုက် ရောင်ရမ်းခြင်းမရှိပဲ သူ့အလိုအလျှောက် အရည်ကြည်ဖုပေါက်လာတာမျိုး ဖြစ်တယ်။ ဆီးချိုသည်အရည်ကြည်ဖုပေါက်တဲ့အခါ bullae လို့ခေါ်တဲ့အရည်ကြည်ဖုတွေဟာ ပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဖြစ်တဲ့နေရာ မတူကြဘူး။

ဆီးချိုသည် အရည်ကြည်ဖုဟာ ပုံမှန်အားဖြင့် နာကျင်မှုမရှိပဲ ရုတ်တရက် ပေါ်လာတတ်ပါတယ်။ အထဲမှာ ပြည်မရှိဘဲ အရည်ကြည်တွေ ကိန်းအောင်းနေတတ်ပြီး အရည်ကြည်ဖု အရွယ်အစားဟာ ပဲစေ့ကနေ မက်မန်းသီးအရွယ်ထိ အကြီး၊အသေး အရွယ်မျိုးစုံ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် လက်၊ ခြေ၊ ခြေထောက်နှင့် လက်ဖျံနေရာတွေမှာ ပေါ်လာတတ်တယ်။ အထူးသဖြင့် ပွတ်တိုက်ခံရတဲ့ နေရာတွေမှာ ပိုအဖြစ်များတယ်။ တခါတရံ အရည်ကြည်ဖုက တဖြည်းဖြည်းပြောင်းလဲပြီး အမည်းရောင် သွေးပုပ်တွေ အောင်းတတ်ပါတယ်။

Bullous Diabeticorum ဖြစ်ပွားစေတဲ့ အကြောင်းရင်းကို အတိအကျကို သေချာမသိရပါဘူး။ ဆီးချိုဝေဒနာရှင်တွေမှာ အဖြစ်များတဲ့ သွေးကြောငယ်များ ပျက်စီးခြင်း (Microangiopathy)ကြောင့် အရည်ကြည်ဖု ဖြစ်လာတယ်လို့ သုံးသပ်ရတယ်။ နောက်ဖြစ်နိုင်ချေတစ်ခုက ဆီးချိုရောဂါနှင့်ဆက်စပ်နေသော အာရုံကြောများပျက်စီးခြင်း(neuropathy)က အရေပြားရဲ့ ဖိအားဒဏ် ခံစားနိုင်စွမ်းကို အနည်းအများ ထိခိုက်စေတာကြောင့် အရည်ကြည်ဖု ပေါက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 

ဆီးချိုရောဂါသည်တွေမှာ ထိခိုက်ဒဏ်ရာမရှိဘဲ ခြေလက်စတဲ့နေရာတွေမှာ အရည်ကြည်ဖုထရင် ဒီရောဂါကို စတင်စဉ်းစားရတယ်။ဆီးချိုသည် အရည်ကြည်ဖုတွေဟာ အမာရွတ်မကျန်ဘဲ သူ့အလိုလို ပျောက်ကင်းနိုင်ပါတယ်။ တခါတရံ အရည်ကြည်ဖုပျောက်ကင်းတဲ့နေရာမှာ အမဲကွက်ကျန်တာ (သို့မဟုတ်) milia ကဲ့သို့  အဆီဖုလေးတွေ ကျန်ရစ်တာမျိုး ဖြစ်နိုင်တယ်။ လိုအပ်ရင် skin biopsy အသားစယူပြီး စစ်ဆေးနိုင်တယ်။

ဆီးချိုသည် အရည်ကြည်ဖုထတဲ့အခါ ကာကွယ်ခြင်းကို အလေးပေးလုပ်ဆောင်ရတယ်။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် အရင်ဆုံး ထိန်းညှိပေးရတယ်။ ပွတ်တိုက်မှုများတဲ့နေရာတွေမှာ ပတ်တီးစီးတာ၊တိတ်ကပ်ပေးတာမျိုး အရည်ကြည်ဖုမထအောင် အကာအကွယ်ပေးရမယ်။ အရည်ကြည်ဖုက တဖြည်းဖြည်းကြီးထွားလာရင် ဖောက်ထုတ်ပစ်ရတယ်။ ပိုးသတ်လိမ်းဆေး (Antibiotic ointments)တွေကို အရည်ကြည်ဖု နောက်ဆက်တွဲပိုးဝင်လာတဲ့အခါ လိမ်းပေးရတယ်။

Bullous Diabeticorum ဟာ များသောအားဖြင့် ကုသဖို့မလိုဘဲ သူ့ဘာသာသက်သာနိုင်ပါတယ်။ သို့သော် ပြန်ဖြစ်တာလည်းရှိတတ်လို့ ကာကွယ်ဖို့နဲ့ ဆီးချိုထိန်းဖို့ အလေးပေးလုပ်ဆောင်သင့်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

3 Comments & Reviews

  • EsbeKep

    Cool, I’ve been looking for this one for a long time

  • Origiof

    online levitra Can I get OTC options for epidermolysis bullosa treatment.

  • xtaletqvpw

    taking amoxicillin for cold will amoxicillin make covid 19 worse amoxicillin clavulanate augmentin will amoxicillin treat throat infection amoxicillin and uti dosage