Open 9:00-12:00 AM
+95 92051590

Cutaneous histoplasmosis

29 Nov, 2021 | No Comments

Cutaneous histoplasmosis

Cutaneous histoplasmosis ဟစ်စတို မှိုလုံးအနာ

Cutaneous Histoplasmosis ဆိုတာ Histoplasma capsulatum မှိုပိုး ကြောင့် ဖြစ်တဲ့ ရှားပါးအရေပြားရောဂါတစ်မျိုး ဖြစ်တယ်။ ဒီရောဂါဟာ အဆုတ်ကို အဓိက ထိခိုက်စေတယ်။ ကိုယ်ခံအားကျဆင်းသူတွေမှာ အဖြစ်များတယ်။အရေပြားထိခိုက်မှုဟာ ခန္ဓာကိုယ်တွင်း ရောဂါပြန့်ပွားနေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ 

ဒီမှိုပိုးဟာ ငှက်မစင်နဲ့ လင်းနို့မစင်ရှိတဲ့ မြေကြီးထဲမှာ တွေ့ရတတ်ပါတယ်။ ဒီမှိုပိုးပါတဲ့ ဖုန်မှုန့်တွေကို ရှုရှိုက်မိတဲ့အခါ အဆုတ်ထဲ ဝင်ရောက်ပြီး ရောဂါကူးစက်တတ်ပါတယ်။ အဆုတ်ရှိရောဂါပိုးဟာ သွေးကြောထဲကတဆင့် ခန္ဓာကိုယ်တစ်ခုလုံး ပြန့်သွားတဲ့အခါ အရေပြားအပါအဝင် တခြားအင်္ဂါတွေကိုပါ ထိခိုက်စေပါတယ်။

အရေပြားမှာ ပေါ်လာတဲ့ Histoplasmosis အနာကွက်တွေဟာ ပုံစံအမျိုးမျိုးရှိပါတယ်။ အနာများ (Ulcers)၊ အဖုများ (Papules)၊ အကျိတ်များ (Nodules)၊ ဝက်ခြံနှင့်ဆင်တူတဲ့အနာများ (Acne-like lesions)၊ Psoriasis ဆန်ဆန်  အနီကွက်များအပြင် ပါးစပ်၊ နှုတ်ခမ်းနဲ့ နှာခေါင်းအတွင်း အနာတွေ ဖြစ်ပေါ်တတ်တယ်။

တခြားသော ခန္ဓာကိုယ်တွင်းလက္ခဏာတွေက ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုရခက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ညဘက် ချွေးထွက်များခြင်း၊ အသည်းနဲ့ သရက်ရွက် ကြီးခြင်းစတာတွေ ဖြစ်နိုင်တယ်။

ဘယ်သူတွေပိုအဖြစ်များလဲ

ဒီရောဂါဟာ ကိုယ်ခံအားကောင်းသူတွေမှာ ရောဂါလက္ခဏာမပြဘဲ သက်သာသွားတတ်ပေမယ့် ကိုယ်ခံအားကျဆင်းနေသူတွေမှာ ပြင်းထန်စွာ ဖျားနာတတ်တယ်။

ဆေးကုသနည်း

Cutaneous Histoplasmosis ဟာ မှိုသတ်ဆေး (Antifungal drugs) တွေနဲ့ ကုသရပါတယ်။သိပ်မဆိုးတဲ့အနာတွေမှာ Itraconazole သောက်ဆေးတွေ သောက်သုံးရတယ်။ အနာရောဂါပြင်းထန်ရင် ဆေးရုံတက်ရောက်ပြီး Amphotericin B ဆေးကို သွေးကြောထဲထိုးထည့်ပေးရပါတယ်။ ဆေးကုတဲ့အခါ ဆရာဝန်ညွှန်ကြားချက်အတိုင်း လပေါင်းများစွာကြာအောင် ကုရပါတယ်။

ကာကွယ်နည်းများ

ငှက်များ၊ လင်းနို့များ နေထိုင်ရာနေရာကို သွားရောက်တဲ့အခါ N95 မျက်နှာဖုံးတပ်ပါ။ တိရိစ္ဆာန်မစင်ရှိတဲ့ မြေကြီးတူးဖော်ခြင်း၊ ဖုန်ထူသော လုပ်ငန်းခွင်တွေမှာ ကာကွယ်ရေးပစ္စည်း သုံးစွဲပါ။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews