Open 9:00-12:00 AM
+95 92051590

Warts

29 Oct, 2021 | No Comments

Warts

Warts ကြွက်နို့

ကြွက်နို့ (Warts)ဆိုတာ Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ အသားပိုလေးတွေ ဖြစ်တယ်။ အရေပြားအပေါ်ဆုံးလွှာမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အခါ ဆဲလ်ကွဲပွားမှုဖြစ်ပြီး ကြွက်နို့တွေ ဖြစ်ပေါ်လာတယ်။ ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ မျိုးကွဲပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ကြွက်နို့ဖြစ်သူနဲ့ အရေပြားချင်း တိုက်ရိုက်ထိတွေ့ရာက ကူးစက်စေတယ်။ဗိုင်းရပ်စ်ပိုးတွယ်ကပ်နေတဲ့ မျက်နှာသုတ်ပဝါ၊ ဖိနပ်၊ ရေချိုးဇလုံ စတာတွေကို မျှဝေသုံးစွဲမိခြင်းကြောင့် ကူးစက်နိုင်တယ်။ ကြွက်နို့ရှိတဲ့နေရာကို ကုတ်ခြစ်မိရာက ခန္ဓာကိုယ်တခြားနေရာကို ပြန့်သွားတတ်ပါတယ်။

ကြွက်နို့ အမျိုးအစားများ

၁။ ပုံမှန်ကြွက်နို့ (Common Warts)

ပုံမှန်ကြွက်နို့ဟာ ကြမ်းတမ်းပြီး အသားပိုဆန်ဆန် အညိုရောင်၊ မီးခိုးရောင် လုံးဝန်းတဲ့ အဖုလေးတွေဖြစ်တယ်။ လက်၊ လက်ချောင်းများ၊ ဒူးခေါင်း၊ တံတောင်ဆစ်စတဲ့နေရာတွေမှာ အတွေ့များတယ်။

၂။ ခြေဖဝါးကြွက်နို့ (Plantar Warts)

ခြေဖဝါးအောက်ခြေမှာ အဖြစ်များတယ်။ 

ပင်းအပ်ပေါက်ဆန်ဆန် အနက်ရောင် အစက်ငယ်လေးတွေ တွေ့ရှိရတတ်တယ်။ ခြေဖဝါးမှာ ဖိမိရင် နာကျင်မှု ရှိတတ်တယ်။

၃။ ချပ်ပြားကြွက်နို့ (Flat Warts)

အလယ်မှာချိုင့်နေတဲ့ ပြားချပ်ချပ် အဖုတွေဟာ Flat Warts တွေဖြစ်ကြတယ်။ အဝါရောင်၊ အညိုရောင်၊ ပန်းရောင်ရှိပြီး မျက်နှာ၊ လက်မောင်း၊ ပေါင်ခြံစတဲ့နေရာတွေမှာ အဖြစ်များတယ်။

၄။ ကြာပွင့်ကြွက်နို့ (Filiform Warts)

အရေပြားမှာ အချွန်အတက်ပုံစံ အသားပိုစတွေဟာ Filiform Warts ကြွက်နို့တွေဖြစ်ပါတယ်။

နှာခေါင်း၊ ပါးစပ်၊ မျက်ခွံစတဲ့ မျက်နှာအရေပြားမှာ အဖြစ်များပါတယ်။

အရေပြားမှာ ရုတ်တရက်ပေါ်ထွက်လာတဲ့ ကြမ်းတမ်းသော အသားပိုလေးတွေဟာ ကြွက်နို့ရဲ့လက္ခဏာဖြစ်တယ်။ အသားပိုအဖုတွေဟာ တခါတရံ ယားယံတတ်တယ်။ခြေဖဝါးကြွက်နို့တွေကို ဖိကိုင်ကြည့်ရင် နာကျင်နိုင်တယ်။ ကြွက်နို့ကို မတော်တဆကုတ်မိရင် သွေးထွက်လွယ်တယ်။ ခြေဖဝါး အနက်စက်လေးတွေဟာ သွေးခြည်ဥပြီးပေါ်လာတဲ့ အစက်တွေဖြစ်တယ်။

ကုသနည်း

ကြွက်နို့အများစုဟာ သူ့အလိုအလျှောက် ပျောက်ကင်းတတ်ပေမယ့် လနဲ့ချိီပြီး ကြာနိုင်ပါတယ်။  ကြွက်နို့အသားပိုတွေ ရုတ်တရက်ပွားများလာရင် ကုသမှုခံယူဖို့ လိုပါတယ်။

ကြွက်နို့ဒဏ်ရာကို ကြွက်နို့တို့ဆေး၊ လိမ်းဆေး၊ ပလာစတာ ကပ်နိုင်တယ်။ Salicylic acid, Cantharidin, Imiquimod cream စတဲ့လိမ်းဆေးတွေ အသုံးပြုကြတယ်။ လိမ်းဆေး၊တို့ဆေးနဲ့ မသက်သာရင် သေးငယ်တဲ့ ခြစ်ထုတ်ကိရိယာ (curette) နဲ့ ခြစ်ထုတ်ပစ်နိုင်တယ်။ အရည်နိုက်ထရိုဂျင် သို့မဟုတ် ကိရိယာသုံးပြီး အေးခဲကုထုံး (Cryotherapy) နည်းနဲ့ ကြွက်နို့ကို ဖျက်စီးပစ်နိုင်တယ်။ လေဆာနည်းနဲ့ (Laser Therapy) ဖယ်ရှားလို့လည်းရတယ်။ Trichloroacetic acid လို အပြင်းစားအက်ဆစ်(chemial peel) တွေနဲ့ ကြွက်နို့ကို ဖျက်ဆီးပစ်နိုင်တယ်။

အိမ်တွင်းကုထုံးများ 

· သံပရာရည် သို့မဟုတ် ပင်စိမ်းရွက်အနှစ်ရည်လိမ်းခြင်း

· ကြက်ဆူဆီ လိမ်းပေးခြင်း

· သစ်ကြံပိုးခေါက် အနှစ်ရည်လိမ်းခြင်း

· ဗီတာမင် စီ ဆေးလုံးကို ကြိတ်ခြေပြီး ရေအနည်းငယ်နှင့်ရောကာ တို့လိမ်းပေးခြင်း။

ကာကွယ်နည်း

ကြွက်နို့ဖြစ်တဲ့ မကုတ်ပါနဲ့။ ရောဂါပြန့်ပွားခြင်းကို ပိုဆိုးစေတယ်။ လက်ကို ဆပ်ပြာ၊ရေနဲ့မကြာခဏ ဆေးကြောပါ။ ကြွက်နို့ရှိသူ ကိုင်တွယ်ထားတဲ့ ပစ္စည်း(ဖိနပ်၊ မျက်နှာသုတ်ပဝါ) တွေကို မျှဝေသုံးစွဲခြင်း မပြုလုပ်ပါနဲ့။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Related Tags

Write Reviews

Leave a Comment

No Comments & Reviews