29 Oct, 2021 | No Comments
Keloid Scar
Keloid Scar (ကျပ်ခဲအမာရွတ်)
Keloid scar (ကီးလွိိုက် အမာရွတ်)ဆိုတာ အနာဖြစ်ပြီးနောက်တွင် အရေပြားပေါ်တွင် ပုံမှန်ထက်ပို၍ ကြီးထွားသည့် အရေပြားနှင့် fibrous tissues များကြောင့် ဖြစ်ပါတယ်။ Keloid အမာရွတ်ဟာ hypertrophic အမာရွတ်ထက် ပိုမိုကြီးထွားပြီး အနာဖြစ်ရာနေရာကို ကျော်လွန်ကာ အနီးတဝိုက်ရှိ အရေပြားအပိုင်းများတွင်လည်း ဖြန့်ကျက်လာနိုင်ပါတယ်။Keloid တွေဟာ အရေပြားထိခိုက်မှုများကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ ဝက်ခြံအနာ၊နာတာရှည် ယားနာနဲ့ ခွဲစိတ်ကုသတဲ့ အနာတွေမှာ Keloid များဖြစ်ပေါ်လေ့ရှိတယ်။
လက္ခဏာရပ်များ
—————-
(၁) အမာရွတ်ကြီးထွားမှု
Keloid အမာရွတ်တွေဟာ ပုံမှန် အနာကျက်ကာလအပြီးတွင် ပိုမို ကြီးထွားလာပြီး အနာဖြစ်ရာနေရာကို ကျော်လွန်ကာ ပေါ်ထွက်လာပါတယ်။
(၂) အရောင်ပြောင်းခြင်း
Keloid အမာရွတ်ဟာ ပုံမှန်အရေပြားအရောင်ထက် ပိုမိုရင့်သော အရောင်ဖြင့်ပေါ်ထွက်လာတတ်တယ်။ ပန်းရောင်၊ အနီရောင်၊ အညိုရောင် အမျိုးမျိုးဖြစ်နိုင်တယ်။
(၃) တင်းမာမှု
Keloid အမာရွတ်များဟာ အလွန်တင်းမာပြီး ကျပ်ခဲနေတဲ့ အမာရွတ်ပုံစံရှိတယ်။ ဒါ့ကြောင့် ကျပ်ခဲအမာရွတ်လို့လည်း ခေါ်ကြတယ်။ အမာရွတ်အပေါ်ပိုင်းကို စမ်းသပ်ကြည့်ရင် တင်းကားပြီး မာမာခဲခဲကြီး စမ်းမိတတ်တယ်။
(၄) နာကျင်မှုနှင့် ယားယံခြင်း
Keloid အမာရွတ်တွေဟာ တစ်ခါတစ်ရံ နာကျင်ကိုက်ခဲတတ်ပြီး တချို့က ယားယံတတ်ပါတယ်။ များသေအားဖြင့် အနာဖြစ်ရာနေရာနဲ့ အနီးတဝိုက်မှာ ဖြစ်ပေါ်လေ့ရှိတယ်။
ကုသနည်းများ
(၁) Corticosteroid Injections
Corticosteroid injections များကို Keloid အမာရွတ်မှာ ထိုးသွင်းပြီး ရောင်ရမ်းမှုကို လျှော့ကျစေနိုင်တယ်။
(၂) Silicone Gel Sheets
Silicone gel sheets တွေဟာ Keloid အမာရွတ်များကို ချောမွေ့စေပြီး Keloid ရဲ့ အထူနှင့် အရောင်ကို လျှော့စေနိုင်ပါတယ်။
(၃) Laser Therapy
Laser therapy ဟာ (အထူးသဖြင့် pulsed dye laser)ဟာ Keloid အရောင်ပြောင်းခြင်းအဓိက သက်သာစေနိုင်တယ်။
(၄) Cryotherapy
ပြုပြင်မရရင် ဖျက်စီးတဲ့နည်းလည်း သုံးကြပါတယ်။ Cryotherapy (အေးခဲကုထုံး)ဟာ Keloid ဆဲလ်များကို အေးခဲစေပြီး ပျက်စီးစေနိုင်တယ်။
(၅) Surgical Removal
အထူးသဖြင့် ကြီးမားတဲ့ Keloid အမာရွတ်တွေမှာ surgery ခွဲစိတ်နည်းနဲ့ ကုသနိုင်တယ်။သို့သော် သတိပြုရမှာက Keloid အမာရွတ်များဟာ surgery ပြုလုပ်ပြီးနောက်တွင် ပြန်လည်ကြီးထွားနိုင်ခြေရှိပါတယ်။
(၆) Pressure Therapy
Pressure garments သို့မဟုတ် bandages ဖိအားပေးခြင်းနည်းဖြင့် Keloid အမာရွတ်များထိန်းချုပ်ရာမှာ အသုံးပြုနိုင်တယ်။
Keloid scars တွေဟာ ရုပ်ဆိုးတဲ့အမာရွတ်တွေဖြစ်တာကြောင့် ကျွမ်းကျင် ပညာရှင်ဆရာဝန်များနဲ့ တိုင်ပင်ပြီး သင့်တော်သော ကုသမှုများကို လုပ်ဆောင်ရန် အရေးကြီးပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews