နို့ပွေး(infantile eczema)တွေဟာ မွေးကင်းစ တစ်လကနေ အသက် (၂)နှစ်အတွင်း အဖြစ်များတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ နို့ပွေးဖြစ်တဲ့ ကလေးငယ်ရဲ့ ပါးပြင်က ယားယံပြီးရဲနေတတ်တယ်။ နို့ပွေးဆိုပေမယ့် မိခင်နို့ကြောင့်ဖြစ်တာမဟုတ်သလို ပွေးပေါက်တာ(ringworm)လည်း မဟုတ်ပါဘူး။ ဓာတ်မတဲ့တဲ့ မျိုးဗီဇကြောင့်ဖြစ်ပေါ်လာတဲ့ နှင်းခူဆန်ဆန် အရေပြားရောဂါတမျိုးသာဖြစ်တယ်။ နို့ပွေးပေါက်တဲ့ကလေးငယ်ရဲ့ မိဘမျိုးရိုးထဲမှာ နှင်းခူ၊ပန်းနာရင်ကျပ်စတဲ့ ဓာတ်မတဲ့တဲ့ရောဂါအခံတစ်ခုခုရှိနေတတ်တယ်။ မျိုးဗီဇ (genetic)၊ ဆပ်ပြာ(ဓာတုပစ္စည်း)ထိတွေ့မှု၊ ပတ်ဝန်းကျင်ရှိ အမှုန်အမွှားဓာတ်မတဲ့မှုတွေက နို့ပွေးကိုဖြစ်စေတယ်။ အစားအသောက်ထဲမှာ နွားနို့၊ ကြက်ဥ စတာတွေကြောင့်လည်း ဖြစ်တတ်တယ်။ အရေပြားထိခိုက်စေတဲ့ ဓာတုပစ္စည်း (ဆပ်ပြာ၊ ပရုတ်လုံး၊ ရေမွေး)စတာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ သိုးမွှေး နိုင်လွန်စတဲ့ အဝတ်အထည်တွေကြောင့်လည်းဖြစ်နိုင်တယ်။အကြမ်းဖျဉ်းပြောရရင် အရေပြားမှာ ဓာတ်မတည့်မှု (hypersensitivity) နဲ့ ခုခံအားတုံ့ပြန်မှု (immune system) ကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ နို့ပွေးအများစုဟာ မွေးကင်းစကလေးငယ်ရဲ့ […]
Shiitake flagellate dermatitis စားမှို ဓာတ်မတဲ့ခြင်း
Granuloma annulare စက်ဝိုင်းပုံ အသားမာကွင်း Granuloma annulare ဆိုတာ စက်ဝိုင်းကွင်းပုံစံရှိတဲ့ ခဲခဲအသားမာကျိတ်ဖုတွေကို ခေါ်ပါတယ်။ အရေပြားအောက်လွှာ(dermis) နာတာရှည်ရောင်ရမ်းမှုကြောင့် အဓိကဖြစ်တယ်။ အရေပြား နာတာရှည်ရောင်ရမ်းမှုကြောင့် annulare ကွင်းပုံစံရှိတဲ့ granuloma အသားမာကျိတ်ခဲတွေဖြစ်ခာပါတယ်။ ဖြစ်စမှာ စက်ဝိုင်းပုံပန်းရောင်၊ အညိုရောင်၊ ခရမ်းရောင်ကွင်းတွေ ရှိတယ်။ စက်ဝိုင်းကွင်းတွေက တစ်ခုမက ဖြစ်နိုင်တယ်။ လက်ဖျံ၊ တံတောင်၊ လက်ချောင်း၊ ခြေထောက်စတဲ့နေရာတွေမှာ ဖြစ်တာများတယ်။ တခါတရံ ကွင်းပုံစံက ပိုမိုကျယ်ပြန့်လာပြီး ကြည့်ရဆိုးတတ်တယ်။ ဒီလိုပုံစံတွေက မှိုပိုးဝင်တာနဲ့ မှားယွင်းတတ်တယ်။ Granuloma annulare (စက်ဝိုင်းပုံ အသားမာကွင်း)တွေက အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက်၅၀တန်းတွေ ပိုဖြစ်ကြတယ်။ autoimmune disease ခုခံအားတုံ့ပြန်မှု လွန်ကဲရာက အဓိကဖြစ်တတ်တယ်။ rheumatoid arthritis (RA), systemic […]




