Open 9:00-12:00 AM
+95 92051590

Cellulitis

29 Oct, 2021 | No Comments

Cellulitis

Cellulitis အရေပြားတစ်ရှူး ရောင်ရမ်းခြင်း

Cellulitis ဆိုတာ အရေပြားရဲ့ အနက်ရှိုင်းဆုံးအလွှာ (Dermis နဲ့ Subcutaneous tissue) ရောင်ရမ်းပျက်ဆီးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အများအားဖြင့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး နောက်ဆက်တွဲ ပြင်းထန်တဲ့ အရေပြားရောင်ရမ်းမှုဖြစ်ပေါ်စေတယ်။ ဒီရောဂါဟာ မြန်မြန်ဆန်ဆန် ပျံ့နှံ့တတ်လို့ အချိန်မှီ ကုသမှု မခံယူရင် အသက်အန္တရာယ်ရှိသည်အထိ ဆိုးရွားနိုင်ပါတယ်။

ဘာ့ကြောင့်ဖြစ်လဲ

cellulitis အများစုဟာ Streptococcus pyogenes (Group A Streptococcus)ကြောင့် အဓိကဖြစ်စေတယ်။ Staphylococcus aureus (Methicillin-resistant Staphylococcus aureus MRSA)ပိုးကြောင့်လည်း ဖြစ်နိုင်တယ်။  အင်းဆက်ပိုးမွှားကိုက်ခြင်း၊ ခြေသည်း/လက်သည်း မှိုစွဲခြင်းကြောင့်လည်း ဖြစ်တတ်တယ်။ နှင်းခူ (eczema), ဝက်ခြံ, ရေယုန် (herpes) စသည်တို့ကြောင့် အရေပြားအက်ကွဲပြီး ရောဂါဝငိတတ်တယ်။ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ ခုခံအားကျဆင်းမှုရောဂါအခံရှိရင် ပိုဖြစ်နိုငိတယ်။ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါကြောင့် ခြေလက်ဖောရောင်တဲ့အခါ ဖြစ်နိုင်တယ်။ Cellulitis တွေဟာ ခြေထောက် တွင် အဖြစ်အများဆုံးဖြစ်ပေမယ့် မျက်နှာ၊ လက်၊ ချိုင်း စသည့် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်ပါတယ်။တခါတရံ သာမန်ဓားရှရာ၊ ခြစ်မိဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ ခွဲစိတ်မှုဒဏ်ရာတွေကနေ ဆက်လက်ဖြစ်ပွားတတ်တယ်။

အဓိကလက္ခဏာရပ်များ

Cellulitis မှာ ချက်ချင်းသိရှိနိုင်တဲ့ အဓိကလက္ခဏာ (Cardinal Signs)တွေ ရှိတယ်။ ပူ-နာ-နီ-ရောင်ရမ်း လို့အလွယ်မှတ်နိုင်တယ်။

(၁) ပူစပ်ပူလောင်ဖြစ်ခြင်း (Heat) – အရေပြားဟာ ပုံမှန်ထက် ပူနေတတ်ပါတယ်။

(၂) နာကျင်ခြင်း (Pain/Tenderness) – အနာကို ထိကိုင်ရုံမျှနဲ့ နာကျင်တတ်ပါတယ်။

(၃) နီရဲခြင်း (Redness) – ကူးစက်ခံရတဲ့ နေရာတဝိုက်မှာ နီရဲနေတယ်။ နီရဲတဲ့ဧရိယာဟာ တဖြည်းဖြည်း ကျယိပျံ့နှံ့လာတတ်ပါတယ်။

(၄) ရောင်ရမ်းခြင်း (Swelling) – အရေပြားဟာ ဖောင်းကြွပြီး ရောင်ရမ်းနေမယ်။

အခြားလက္ခဏာရပ်များ

အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းမျိုး ဖြစ်လာတယ်။ အလွန်အမင်း ရောင်ရမ်းမှုကြောင့် အရေပြားဟာ တင်းကျပ်ပြီး ပြောင်ချော(Skin Tightening/Shiny Appearance)နေတတ်ပါတယ်။ ပြည်တည်နာ (Abscess)၊ အရည်ကြည်ဖု (Blisters) စတာတွေ တွေ့ရတယ်။ 

အရေးပေါ်လက္ခဏာရပ်များ

· အနာက လျင်မြန်စွာ ကြီးထွားလာခြင်း

· အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း

· နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ကျခြင်း

· စိတ်ရှုပ်ထွေးခြင်း၊ တစ်ကိုယ်လုံး မအီမသာဖြစ်ခြင်း

· ပုပ်ဆွေးတဲ့ အနက်ရောင်အနာခွက်များ ပေါ်လာခြင်း (တစ်ရှူးသေဆုံးမှု လက္ခဏာဖြစ်တယ်)

အထက်ပါအခြေအနေရှိရင် ဆေးရုံ၊ဆေးခန်းအမြန်ဆုံးသွားရောက်ပြီး ဆရာဝန်နဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ 

ပုံမှန်အားဖြင့် အနာကို ကြည့်ရှုစမ်းသပ်ပြီး ရောဂါအဖြေရှာနိုင်ပါတယ်။ သွေးထဲတွင် ဘက်တီးရီးယားပိုးရှိ/မရှိ (Blood Culture) ယူလို့ရတယ်။ ရောင်ရမ်းမှုကို ပြသော သွေးဆဲလ်အရေအတွက် (Complete Blood Count) စစ်ဆေးနိုင်ပါတယ်။ အာထရာဆောင်း (Ultrasound) ရိုက်ပြီး ပြည်တည်နာ (Abscess) ရှိ/မရှိ သိရှိနိုင်တယ်။ တခါတရံ ဓာတ်မှန် (X-ray/CT Scan)က အရိုးအထိ ရောဂါပိုးရှိ၊မရှိ စစ်ဆေးနိုင်တယ်။

ကုသနည်း

Cellulitis ဖြစ်တဲ့အခါ ဆေးကုသမှုကို ချက်ချင်းခံယူရပါမယ်။ ရောဂါအခြေအနေ သိပ်မပြင်းထန်သေးသူများဟာ ပဋိဇီဝသောက်ဆေး (Oral Antibiotics)တွေ နေ့စဉ်သောက်ဖို့လိုအပ်တယ်။ Dicloxacillin, Cephalexin, Amoxicillin-clavulanate, Clindamycin, Doxycycline စတဲ့ဆေးတွေကို အနည်းဆုံး ၅-၁၄ ရက် ကြာသည်အထိ သောက်သင့်တယ်။ရောဂါပြင်းထန်သူတွေဟာ ဆေးရုံတက်ကုသရန် လိုအပ်ပါတယ်။ ဆေးရုံတွေမှာ Cefazolin, Ceftriaxone, Vancomycin (MRSA ပိုး) စတဲ့ ပဋိဇီဝထိုးဆေးတွေကို အဓိကအသုံးပြုကြတယ်။ ပြည်တည်နာ (Abscess) ဖြစ်တဲ့အခါ ခွဲစိတ်ပြီး ဖောက်ထုတ်ဖို့ လိုအပ်တယ်။

Necrotizing fasciitis (ရွတ်ကြောဆွေးမြေ့ပျက်စီးခြင်း) ဖြစ်ပွားရင် အရေးပေါ်ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။

ကာကွယ်ခြင်း

၁။ ဒဏ်ရာအနာများကို သေချာဂရုစိုက်ပါ။ ထိခိုက်ဒဏ်ရာရရင် ရေနဲ့သေချာ ဆေးကျောပြီး Antibiotic Ointment (Mupirocin, Polysporin) တခုခုလိမ်းပါ။ သန့်ရှင်းတဲ့ ပလာစတာနဲ့ သေချာ အုပ်ထားပါ။

၂။ အရေပြားခြောက်သွေ့ကွဲအက်တဲ့အခါ အရေပြားရေဓာတ်ဖြည့်လိမ်းဆေး (Moisturizer)တွေ ပုံမှန်လိမ်းပေးပါ။

၃။ အနာက ခြေထောက်မှာဖြစ်ရင် ခြေထောက်ကို နှလုံးအထက်သို့ မြှောက်ထားပါ။ ရေခဲကပ်ပါ။ အနားယူပါ။ ဖောရောင်နေတဲ့ ခြေထောက်က Cellulitis ဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါတယ်။

၄။ ဆီးချိုရောဂါကို ထိထိရောက်ရောက် ထိန်းသိမ်းပါ။

၅။ လက်ကို မကြာခဏ ဆေးကြောပါ။

Cellulitis ဟာ အရေးပေါ်အခြေအနေဖြစ်တာကြောင့် မကုဘဲထားရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ရောဂါ ပြင်းထန်ရင် ဆေးရုံ၊ဆေးခန်းမှာ သွားရောက်ကုသမှုခံယူဖို့ လိုအပ်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Cellulitis is the infection to deeper structures like dermis and subcutaneous layer. It was usually initiated by skin break (small cut, abrasion, trauma, insect bite). Cellulitis can be caused by bacteria, virus, fungus or Protozoa infection. Eczema, dry and crack skin can be triggered factor for cellulitis. Chronic venous insufficiency and varicose vein may prone to develop the cellulitis.

Most common pathogens (for cellulitis)

  • Streptococcus pyogenes (70%) 
  • Staphylococcus aureus (30%)

Serious complication 

  • Necrotizing fasciitis (flesh-eating disease)
  • Meningitis 
  • Sepsis

Treatment

General principles

  • Elevate the affected area (limbs elevation above the level of heart)
  • Don’t go outside in bare foot
  • Wear protection while walking
  • Keep the lesions clean and dry 
  • Give NSAIDs for pain
  • Should not use topical antibiotic in cellilitis

Antibiotic

  • Systemic Oral Antibiotic (first general cephalosporin, erythromycin, coamoxyclav)
  • Oral Co-amoxyclav 625mg 8 hourly for 7-10 days 

Dr. Aye Min Htoo

Dermatologist

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက နီးစပ်ရာ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။

Related Tags

Write Reviews

Leave a Comment

No Comments & Reviews