Open 9:00-12:00 AM
+95 92051590

Bacne

28 Oct, 2021 | No Comments

Bacne

ကျောပြင်မှာထွက်တဲ့ ဝက်ခြံတွေကို ကျောဝက်ခြံ(bacne)ကို ခေါ်ပါတယ်။ back acne ကို အတိုကောက် bacne လို့ အလွယ်ခေါ်တယ်။ ကျောပြင်မှာဖြစ်တဲ့ ဘယ်ဝက်ခြံမဆို ချွေးပေါက်ပိတ်တဲ့ဝက်ခြံကအစ ရောင်ရမ်းနာဝက်ခြံအဆုံး အကုန်လုံး ကျောပြင်မှာတွေ့ရင် back acne အမျိုးအစားထဲ ထည့်လို့ရပါတယ်။ သို့သော် များသောအားဖြင့် comedones ဝက်ခြံအမျိုးအစားတွေကို ခေါ်ကြတာပါ။

ကျောဝက်ခြံ(bacne)ဟာ ယောကျာ်းလေးတွေမှာတွေ့ရပြီး အားကစားသမားတွေအဖြစ်များတယ်။ ချွေးထွက်လွယ်သူတွေ၊ချွေးပေါက်ကျယ်သူတွေ အဓိကဖြစ်တယ်။ လေ့ကျင့်ခန်းလုပ်နေစဉ် ထွက်လာတဲ့ ချွေးစေးတွေက အရေပြားကို ပွတ်တိုက်မိပြီး နောက်ကျောဝက်ခြံဖြစ်စေနိုင်တယ်။ ဘော်ဒီလိုးရှင်းနဲ့ ခရင်မ်တွေ မကြာခဏလိမ်းရင်လည်း ဖြစ်တတ်တယ်။ စိတ်ဖိစီးမှုနဲ့လည်း ဆိုင်တတ်တယ်။ ဒီဝက်ခြံက အပူအစပ်၊ အဆီအဆိမ့်စားတာနဲ့ သက်ဆိုင်သလို ဟော်မုန်းအပြောင်းလဲကြောင့်လည်း ဖြစ်ပေါ်တတ်တယ်။ ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းကြောင့် ဖြစ်တတ်တယ်။ ပူအိုက်တဲ့နွေရာသီမှာ ပိုတွေ့ရတယ်။

back acne ကို နောက်ကျော၊ ပခုံးစတဲ့နေရာတွေမှာ အဆီဖုဝက်ခြံ၊ဆားဝက်ခြံ၊ အနီဖုဝက်ခြံနဲ့ ပြည်တည်နာ ဝက်ခြံတွေအဖြစ် မြင်တွေ့ရလေ့ရှိတယ်။ အစုလိုက် အပြုံလိုက် တွေ့ရတာမျိုး ရှိတယ်။ ရောင်ရမ်းဝက်ခြံဖြစ်ရင် ရဲပြီး နာကျင်တတ်တယ်။ ယားယံတာမျိုး ရှိနိုင်ပါတယ်။သိပ်ဆိုးရင် အလုံးအကျိတ်ဝက်ခြံ (nodular acne)တွေ ဖြစ်လာတယ်။ ဒီလိုအခါမျိုးမှာ သောက်ဆေးတွေ သုံးရတတ်တယ်။

Salicylic acid, glycolic acid, lactic acid စတဲ့လိမ်းဆေးတွေကောင်းတယ်။ benzoyl peroxide 4-10% လိမ်းဆေးတွေသုံးနိုင်တယ်။ ဆဲလ်သေအတွက် retinol gel တွေ သုံးနိုင်တယ်။ ammonium lactate lotion တွေလည်း result ကောင်းတာ တွေ့ရတယ်။လိုအပ်ရင် ပိုးသတ်ဆေး လိမ်းဆေး၊သောက်ဆေး လိုပါတယ်။ ကျောအဆီပြန်တာများရင် အဆီဂလင်း ခန်းခြောက်တဲ့သောက်ဆေးတွေ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနိုင်တယ်။

လေ့ကျင့်ခန်းလုပ်တဲ့အခါ လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ အဝတ်မျိုးဝတ်ဆင်သင့်တယ်။ တင်းကျပ်တဲ့အဝတ်တွေ မဝတ်ပါနဲ့။ ဆံပင်ကို ကျောပြင်ချမထားဘဲ သေချာစီးထားပါ။ ရေများများသောက်ပါ။ အငန်လျှော့စားပါ။ salicylic acid (သို့) glycolic acid ပါတဲ့ ရေချိုးဆပ်ပြားမျိုး ပြောင်းသုံးပါ။ benzoyl peroxide ဆပ်ပြာကို ၅မိနစ်ခန့်ကြာထားပြီး ရေဆေးချပါ။ အဆီပါတဲ့ လိမ်းဆေး၊ လိုးရှင်းတွေ ဆက်မသုံးပါနဲ့။ ပေါင်မုန့်၊ ချီးစ်၊ အားလူး၊ ခေါက်ဆွဲခြောက်နဲ့ မာလာဟင်းစတာတွေ လျှော့စားသင့်တယ်။ 

Write Reviews

Leave a Comment

No Comments & Reviews