Open 9:00-12:00 AM
+95 92051590

KTP laser

13 Nov, 2021 | No Comments

KTP laser

KTP laser အစိမ်းရောင်လေဆာ

KTP Laser ဆိုတာ Potassium Titanyl Phosphate သတ္တုပစ္စည်းကို အသုံးပြုတဲ့ လေဆာတစ်မျိုးဖြစ်ပါတယ်။ ဒီလေဆာဟာ အစိမ်းရောင်လှိုင်းအလျား 532 nm ကို ထုတ်လွှတ်ပြီး အရေပြားနဲ့ အလှအပရေးရာ ကုသမှုတွေမှာ အဓိကအသုံးပြုတယ်။ KTP Laser ကို သွေးကြောမျှင်ပြဿနာတွေမှာ အဓိကသုံးတယ်။ သွေးကြောမျှင်ပေါက်ခြင်း၊ နှာခေါင်းသွေးကြောမျှင်ပေါ်ခြင်းစတဲ့အခြေအနေတွေမှာ အဓိကသုံးတယ်။ ဒါ့ပြင် မှဲ့ခြောက်နဲ့ အသားရောင်မညီတဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ အမွေးရိတ်ခြင်းကြောင့် ဖြစ်တဲ့ အနီစက် (Razor Bumps)နဲ့ လူကြီးမှဲ့ခြောက်(Seborrheic Keratosis)တွေ ကုသရာမှာ အသုံးပြုကြတယ်။ မျက်နှာအရေးအကြောင်းရှိတဲ့အခါ အရေပြားပြန်လည်ချောမွေ့အောင် ဒီလေဆာနဲ့ကုသနိုင်တယ်။ ဒါတင်မက အနီရောင်၊ လိမ္မော်ရောင် တက်တူးတွေ ဖျောက်ဖျက်တဲ့အခါ အသုံးဝင်တယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အနီစက်အမာရွတ်တွေ ကုသရာမှာ အသုံးပြုနိုင်တယ်။

KTP Laser ရဲ့ အစိမ်းရောင်လှိုင်းအလျား 532 nm ဟာ အောက်ဆီဂျင်ပါတဲ့ ဟီမိုဂလိုဘင် (Oxyhemoglobin) နဲ့ မယ်လနင်အမည်းရောင်ခြယ်တွေကို ရွေးချယ်ပြီး ဖျက်ဆီးပစ်နိုင်ပါတယ်။ လေဆာစွမ်းအင်ကြောင့် သွေးကြောမျှင် ဒါမှမဟုတ် ရောင်ခြယ်ဆဲလ်တွေမှာ အပူဓာတ်ကိန်းအောင်းစေတယ်။ ဒီအပူဓာတ်ကြောင့် သွေးကြောမျှင်ကျုံ့ဝင်သွားခြင်း ဒါမှမဟုတ် အမည်းရောင် (melanin) ပျက်စီးသွားခြင်းကို ဖြစ်စေပါတယ်။ ပျက်စီးသွားတဲ့ဆဲလ်တွေကို သိပ်မကြာခင် ခန္ဓာကိုယ်က သဘာဝအတိုင်း ရှင်းလင်းပစ်လိုက်ပါတယ်။ ဒီလိုနည်းအားဖြင့် သွေးကြောပေါ်ခြင်းနဲ့ အမည်းရောင်အကွက်တွေ သက်သာသွားတယ်။

KTP Laser နဲ့ ကုသမှု မခံယူမီ လူနာဟာ လေဆာကုထုံးနဲ့ သင့်တော်မှုရှိမရှိ အရင်အကဲဖြတ်ရတယ်။ လေဆာပစ်တဲ့အခါ နာကျင်မှုသက်သာစေဖို့ ထုံဆေး (Topical Anesthetic) လိမ်းပေးနိုင်ပါတယ်။ သတိပြုရမှာက ဆရာဝန်နဲ့ လူနာ နှစ်ဦးစလုံး မျက်စိအကာအကွယ်တပ်ဆင်ရပါတယ်။ ဆရာဝန်က KTP Laser ကိရိယာ အသုံးပြုပြီး ကုသမယ့်နေရာကို ရွေးချယ်ပစ်ရတယ်။ လေဆာတချက်ပစ်တိုင်း ပူစပ်စပ်ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။ ကုသချိန်ဟာ ၁၅ မိနစ်မှ ၄၅ မိနစ် အထိ ကြာမြင့်နိုင်ပါတယ်။ ကုသပြီးတဲ့အခါ ရေခဲကပ်ပေးခြင်း (သို့) အစိုဓာတ်လိမ်းဆေးမျိုး လိမ်းပေးနိုင်တယ်။ နေရောင်ကာကရင်မ် လိမ်းပေးဖို့ အရေးကြီးပါတယ်။

KTP Laser ဟာ အနီစက်၊အမဲစက်ကုသရာမှာ အသုံးဝင်ပါတယ်။ လေဆာပစ်ပြီးတဲ့အခါ ယာယီရောင်ရမ်းခြင်း၊ နီမြန်းခြင်းတွေ ဖြစ်နိုင်တယ်။ လေဆာပစ်တဲ့နေရာက အရောင်ပိုရင့်သွားတာ (Hyperpigmentation) ဒါမှမဟုတ် ပိုဖြူသွားတာ (Hypopigmentation) ဖြစ်နိုင်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews