Scabies ဝဲပေါက်ခြင်း Scabies (ဝဲရောဂါ) ဟာ Sarcoptes scabiei ခေါ်တဲ့ ကပ်ပါးပိုး ကမျဉ်းကောင် (mite) တစ်မျိုးကြောင့် ဖြစ်တဲ့ အရေပြားရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကပ်ပါးပိုးဆိုတာ သူတပါး ခန္ဓာကိုယ်ပေါ် ကပ်ရပ်စားသောက်မှ အသက်ရှင်နိုင်လို့ ကပ်ပါးကောင်အမျိုးအစားထဲ ပါသွားတယ်။ ဒီအကောင်လေးတွေဟာ လူ့အရေပြားထဲမှာ လှိုဏ်ခေါင်းတူးနေပြီး ဥဥကာ နေထိုင်တဲ့အတွက် ပြင်းထန်စွာ ယားယံမှု ကို ဖြစ်စေပါတယ်။ဒါ့ကြောင့် ဝဲယားနာလို့လည်းခေါ်ပါတယ်။ Scabies (ဝဲရောဂါ)ဟာ လက်တင်ဘာသာ “scabere” က ဆင်းသက်လာပြီး “ကုတ်ခြစ်ခြင်း” ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ scabies နာမည်ကို အီတလီသမားတော်ကြီး ဆဲလ်ဆက်(celsus)က စတင် ခေါ်ဝေါ်ခဲ့ပါတယ်။ ဝဲရောဂါပိုးဟာ ဘီစီ ၄၉၄ ခန့်ကတည်းက ရှိခဲ့တယ်ဆိုတာ တွေ့ရှိရတယ်။ အီတလီ ဇီဝပညာရှင် Diacinto […]
Lymphatic filariasis ဆင်ခြေထောက်ရောဂါ Lymphatic Filariasis (ဆင်ခြေထောက်ရောဂါ) ဆိုတာက ကပ်ပါးမျိုးနွယ်ဝင် သန်ကောင်(parasitic worm) ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်တယ်။ ဒီသန်ကောင်တွေဟာ လူ့ပြန်ရည်ကြောစနစ် (Lymphatic System)ထဲ ရှင်သန်နေထိုင်ပြီး ပြန်ရည်ကြောစနစ်တွေကို ပျက်စီးစေကာ ခြေလက်စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတွေမှာ ရောင်ရမ်းခြင်း (lymphedema)ကို ဖြစ်စေတယ်။ ရောဂါဖြစ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ဆင်ခြေထောက်လို ကြီးမားကျယ်ပြန့်လာတာကြောင့် “ဆင်ခြေထောက်ရောဂါ” လို့ လူသိများတယ်။ ဆင်ခြေထောက်ရောဂါဟာ Wuchereria bancrofti, Brugia malayi နဲ့ Brugia timori သန်ကောင်တို့ကြောင့် အဓိကဖြစ်ပေါ်လာတယ်။ ခြင်ကိုက်ခံရခြင်းက ကူးစက်တယ်။ ရောဂါရှိသူကို ခြင်ကိုက်လိုက်တဲ့အခါ သွေးထဲမှာရှိတဲ့ မိုက်ခရိုဖီလေးရီးယား (microfilariae) လို့ခေါ်တဲ့ သန္ဓေသားလေးတွေကို ခြင်က စုပ်ယူလိုက်ပါတယ်။ ခြင်ရဲ့ခန္ဓာကိုယ်ထဲမှာ ဒီသန္ဓေသားလေးတွေ […]
Leishmaniasis အသားစား သဲယင်ကောင်အနာ Leishmaniasis (သဲယင်ကောင်ရောဂါ)ဆိုတာက Leishmania ခေါ်တဲ့ ကပ်ပါးပိုးမွှားတစ်မျိုး ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ ဒီကပ်ပါးပိုးဟာ သဲယင်ကောင် (Sand fly) ကိုက်ခြင်းကနေတစ်ဆင့် ကူးစက်ပါတယ်။ ဒါ့ကြောင့် သဲယင်ကောင်အနာလို့ ခေါ်ပါတယ်။ ဒီကူးစက်ရောဂါဟာ အရေပြား (skin)၊ ကိုယ်ခန္ဓာအမြှေးပါး (Mucous Membranes) နဲ့ ကိုယ်တွင်းအင်္ဂါ (Visceral Organs)တွေကို ထိခိုက်စေနိုင်တယ်။ ဒီရောဂါဟာ သဲယင်ကောင် (Sand fly) ကိုက်ခံရခြင်းကနေ တစ်ဆင့် ကူးစက်ပါတယ်။ ရောဂါပိုးရှိသူ (သို့) ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ကို သဲယင်ကောင်က ကိုက်လိုက်တဲ့အခါ ကပ်ပါးပိုးဟာ သံယင်ကောင်ထဲ ရောက်သွားတယ်။ အဆိုပါ သဲယင်ကောင်က လူတစ်ယောက်ကို ထပ်မံကိုက်လိုက်တဲ့အခါ ကပ်ပါးပိုးဟာ လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပါတယ်။ ဒီရောဂါဟာအပူချိန်မြင့်တဲ့ ဒေသတွေမှာ အတွေ့များပြီး […]
Cutaneous Larva Migrans အရေပြားအောက် သန်ချိတ်ကောင်ရွေ့လျားခြင်း Cutaneous Larva Migrans ဆိုတာ အရေပြားအောက် သန်ချိတ်ကောင်သွားလာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အရေပြားယားနာ တစ်မျိုးဖြစ်ပါတယ်။ Cutaneous အရေပြားအောက်မှာ Larva သန်ချိတ်ကောင်ပေါက်စတွေဟာ Migrans ရွေ့လျားသွားလာနေတယ်လို့ အဓိပ္ပါယ်ရတယ်။ သန်ချိတ်ကောင်ကြောင့် အရေပြားမှာ တွန့်လိမ်နေတဲ့ အနီရောင်အစင်းကြောင်းတွေ ဖြစ်ပေါ်လာပြီး ယားယံလာတယ်။ သန်ကောင်က အမြဲရွေ့လျားနေလို့ ယားယံမှုဟာ အစဉ်ပြောင်းလဲနေပါတယ်။ခြေဖဝါး၊ ခြေထောက်၊ တင်ပဆုံ၊ ပေါင် စတဲ့ မြေကြီးနဲ့ တိုက်ရိုက်ထိတွေ့တတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အဖြစ်များပါတယ်။ ခွေး၊ ကြောင်တို့ရဲ့ အူထဲမှာ သန်ချိတ်ကောင် (hookworm)တွေရှိနေတတ်တယ်။ ဒီသန်ချိတ်ကောင်ရဲ့ဥတွေဟာ တိရိစ္ဆာန်မစင်မှာ ပါဝင်လေ့ရှိပြီး စိုထိုင်းစများတဲ့ မြေကြီးပေါ်ရောက်တဲ့အခါ အကောင်ပေါက် (larvae)လေးတွေအဖြစ် ပြောင်းလဲသွားတယ်။ တိရိစ္ဆာန်မစင်နဲ့ ထိတွေ့မိတဲ့အခါ ဒီသန်ကောင်ပေါက်လေးတွေဟာ လူ့ခန္ဓာကိုယ်အရေပြားထဲ […]




