Fox-fordyce disease ချွေးပြွန်ရောဂါ Fox-Fordyce disease ဆိုတာ ချွေးဂလင်းပိတ်ဆို့တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ချွေးဂလင်းပြွန်ဟာ ရောင်ရမ်းမှုဖြစ်စဉ်ကြောင့် ပိတ်ဆို့လာပါတယ်။ အထူးသဖြင့် ချွေးထွက်များတဲ့ ဂျိုင်း၊ဆီးခုံ စတဲ့နေရာတွေမှာ အသားရောင်အဖုလေးတွေ အစုလိုက်တွေ့ရတယ်။ အမျိုးသားတွေမှာ ရင်သားအမွှေးအမျှင်ထွက်တဲ့နေရာတွေအဖြစ်များတယ်။ အဆီကျိတ်ဖုလေးတွေနဲ့ ပုံစံတူလို့ apocrine miliaria, apocrine duct occlusion, sweat retention disease စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။ ချွေးပြွန်ရောဂါ (Fox-Fordyce disease) ဟာ အပျိုဖော်ဝင်စအရွယ်တွေမှာ စတင်ဖြစ်ပွားလေ့ရှိတယ်။ အသက် ၁၃-၃၅နှစ်အတွင်း အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ဘာ့ကြောင့်ဖြစ်လဲ သီအိုရီအမျိုးမျိုးရှိပါတယ်။ အများအားဖြင့် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တယ်လို့ လက်ခံထားကြတယ်။ ချွေးပြွန်မှာ keratotic plug ခေါ်တဲ့ အရေပြားဆဲလ်သေ ပိတ်ဆို့ရာက ချွေးပြွန်တွေ […]
Frostbite နှင်းကိုက်ခြင်း Frostbite ဆိုတာ အလွန်အမင်းအေးခဲတဲ့ရာသီဥတုမှာ အရေပြားနဲ့ တစ်ရှူးတွေ ခဲပြီး ပျက်စီးသွားတဲ့ အခြေအနေ ကို ခေါ်ပါတယ်။ မြန်မာလို နှင်းကိုက်ခြင်း(နှင်းကိုက်နာ)လို့ ခေါ်ကြတယ်။ ရေခဲတောင်တက်တာ၊ အေးခဲတဲ့ရာသီမှာ အနွေးထည်မလုံလောက်တာနဲ့ အကာကွယ်မဲ့တာတွေဟာ နှင်းကိုက်ခြင်းကို ဖြစ်ပေါ်လာစေတယ်။နှင်းကိုက်ခြင်းဟာ အပူချိန် သုညဒီဂရီအောက် အေးခဲတဲ့ ပတ်ဝန်းကျင်အနေအထားမှာဖြစ်ပေါ်လေ့ရှိတယ်။ အအေးဒဏ်သက်ရောက်မှုကြောင့် သွေးကြောတွေကျဉ်းမြောင်းပြီး သွေးစီးဆင်းမှု လျှော့နည်းလာတယ်။ တဆက်တည်းမှာပဲ ဆဲလ်တွေ အောက်ဆီဂျင်ပြတ်လပ်ပြီး တစ်ရှူးတွေ သေဆုံးသွားတယ်။ နှင်းကိုက်ခြင်းဟာ အရေးပေါ်ပြဿနာမို့ မကုဘဲထားရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျက်စီးဆုံးရှုံးနိုင်ခြေ ရှိပါတယ်။ Frostbite နှင်းကိုက်တဲ့အခါ အဆင့်အမျိုးမျိုးရှိတယ်။ နှင်းကိုက်စ ပထမအဆင့်မှာအရေပြားနီမြန်းလာတာ၊ ထုံကျင်လာတာ၊စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုး စတင်ခံစားရတယ်။ ဒီအဆင့်ကို Frostnip (အအေးလောင်ခြင်း)လို့ ခေါ်ပါတယ်။ ဒီလက္ခဏာတွေဟာ ခန္ဓာကိုယ်နွေးအောင် ပြန်လုပ်ပေးရင် ပျောက်ကင်းနိုင်တယ်။ […]
Chilblain ဆောင်းကိုက်နာ Chilblain (Pernio) ဆိုတာ အအေးဒဏ်ကြောင့် သွေးကြောငယ်လေးတွေ ရောင်ရမ်းပြီး ခြေချောင်း၊ လက်ချောင်းထိပ်တွေ နီရဲယားယံတဲ့ အရေပြားပြဿနာ တစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ကူးစက်တတ်တဲ့ ရောဂါ မဟုတ်ဘဲ ဆောင်းတွင်း အအေးဓာတ်လွန်ကဲတဲ့ကာလတွေမှာ အဖြစ်များလေ့ရှိပါတယ်။ သွေးကြောတွေ ရုတ်တရက်ကြုံ့သွားရာက ဖြစ်တဲ့အရေပြားလက္ခဏာတစ်ခုဖြစ်တယ်။ ဆောင်းကိုက်နာဟာ ဆောင်းတွင်းအအေးဓာတ်ကြောင့် သွေးလှည့်ပတ်မှု အားမကောင်းတဲ့အခါ အဖြစ်များတယ်။ ပြင်းထန်တဲ့ အအေးဒဏ်သက်ရောက်ခြင်းကြောင့် လက်၊ခြေချောင်းမှာရှိတဲ့ သွေးကြောငယ်တွေ ရုတ်တရက်ကျဉ်းမြောင်းပြီး သွေးစီးဆင်းမှု နည်းသွားတဲ့အခါ ဆဲလ်တွေ အောက်ဆီဂျင်ပြတ်တောက်ပြီး ရောင်ရမ်းမှုနဲ့ နာကျင်မှုကို တပြိုင်နက်ဖြစ်ပေါ်လာစေတယ်။ ဒီလက္ခဏာတွေဟာ သွေးလှည့်ပတ်မှု အားနည်းတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်တယ်။ဆောင်းရာသီမှာ အဖြစ်များတယ်။ ကိုယ်ခံအားစနစ် ပြဿနာတွေကြောင့်လည်းဖြစ်နိုင်တယ်။ ဆောင်းကိုက်နာဟာ ခြေချောင်း၊ လက်ချောင်း၊ နားရွက်၊ နှာခေါင်း၊ ခြေဖနောင့်စတဲ့နေရာတွေမှာ အဖြစ်များတယ်။အဆိုပါနေရာတွေမှာ […]
ခြေဖဝါး ကျောက်ပေါက်ခွက် ခြေဖဝါးကျောက်ပေါက်ခွက် (Pitted keratolysis)ဟာ ခြေဖဝါးပေါ်မှာ ကျောက်ပေါက်ပုံစံ အခွက်တွေ အကွက်လိုက်ဖြစ်တာကို ခေါ်ပါတယ်။ ခြေဖဝါး အပေါ်ယံ ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့်ဖြစ်ပေါ်လာပြီး ခြေဖဝါးကအနံ့ဆိုးတွေ ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် ဒီရောဂါဟာ အစိုဓာတ်များတဲ့နေရာတွေမှာပေါက်ဖွားတဲ့corynebacteria နဲ့ Kytococcus ဗက်တီးရီးယားပိုးတွေကြောင့် အဓိကဖြစ်စေတယ်။ ဒါ့ပြင် Actinomyces, Streptomyces နဲ့ Dermatophilus ပိုးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဘာ့ကြောင့် ကျောက်ပေါက်ခွက်ဖြစ်လဲ ဗက်တီးရီးယားပိုးကထုတ်တဲ့ protease အင်ဇိုင်းက အရေပြားအပေါ်ဆုံးဆဲလ်လွှာ (stratum corneum)ကိုဖျက်ဆီးပစ်လိုက်လို့ ဖြစ်တယ်။ တခါတရံ ဗက်တီးရီးယားကထွက်တဲ့ ဆာလဖာဓာတ် (sulfides, thiols, thioesters)တွေကြောင့် အနံ့လည်းပျင်းတတ်တတ်တယ်။ လက္ခဏာရပ်များ ခြေဖဝါးကျောက်ပေါက်ခွက်ဟာ များသောအားဖြင့် ခြေဖဝါး၊ ခြေဖနောင့် စတဲ့နေရာတွေမှာ အဖြစ်များတယ်။လက်ဖဝါးမှာ အဖြစ်နည်းတယ်။ အပေါက်တွေများလာတာနဲ့အမျှ တဖြည်းဖြည်းစုစည်းမိပြီး တွင်းချိုင့်ခွက်တွေကပိုကျယ်လာတယ်။ တွင်းချိုင့် အတွင်းမျက်နှာပြင်က ဖြူတာ (သို့) ရဲတာ ရှိတယ်။ အထူးသဖြင့် ခြေဖဝါး စိုစွတ်တဲ့အခါ အသွင်အပြင်က ပိုသိသာတယ်။တချို့လူနာတွေမှာ ခြေဖဝါးတပြင်လုံး ဖြူတာမျိုးရှိတယ်။ တချို့လူနာတွေမှာ လမ်းလျှောက်တဲ့အခါ အနံ့အသက်ဆိုးထွက်ခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်းကို ခံစားရတတ်တယ်။ ခြေဖဝါးတွင်းခွက်တွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ခြေဖဝါး စိုစွတ်မှုများတဲ့ အဝတ်လျှော်သူ၊ ရေပိုက်ပြင်သူ၊ လယ်သမား၊ တံငါသည်နဲ့ အားကစားသမားတွေမှာ အတွေ့များတယ်။ခြေဖဝါးလက်ဖဝါး ချွေးထွက်များသူ၊ ခြေပိတ်ဘွတ်ဖိနပ်အစီးများသူတွေမှာ ပိုတွေ့ရတယ်။ ပုံမှန်အားဖြင့်ဆရာဝန်တွေဟာ မြင်ရုံနဲ့ ရောဂါကို ခန့်မှန်းနိုင်တယ်။ အရေပြားဆရာဝန်တွေသုံးတဲ့ အလင်းရောင်မှန်ပြောင်း(Wood’s lamp)နဲ့ စမ်းသပ်ကြည့်ရင် လိမ္မော်ရောင် (သို့) ပန်းရောင်ကို တွေ့ရှိနိုင်တယ်။ ကုသနည်း ခြေဖဝါး ကျောက်ပေါက်ခွက်တွေကို လိမ်းဆေး (သို့) သောက်ဆေးတွေနဲ့ ပျောက်ကင်းအောင် ကုသနိုင်တယ်။ပိုးသတ်ဆေးတွေထဲမှာ roxythromycin, erythromycin, clindamycin, fusidic acid, mupirocin, benzoyl peroxide စတဲ့ဆေးတွေသုံးရတတ်တယ်။ ပိုးသတ်ဆေးရည်ကို အောက်ကခံလိမ်းပြီး အပေါ်က လိမ်းဆေးတစ်ထပ်အုပ်ရင် ပျောက်တာပိုမြန်တယ်။ တခါတရံ antiseptic ပိုးသတ်ဆေးဆပ်ပြာတွေပေးဖို့လည်း လိုအပ်တယ်။ပြန်မဖြစ်အောင် ဆက်လက်ကုသချင်ရင် ချွေးထွက်များခြင်းကိုကာကွယ်ပေးနိုင်တဲ့ aluminium chloride 20% ဆေးရည် (သို့မဟုတ်) ပိုးသတ်ဆေးမှုန့် တစ်မျိုးမျိုး လိမ်းပေးရတတ်တယ်။ ချွေးနံ့သိပ်ဆိုးတဲ့လူနာတွေမှာ ဘိုတောက်ထိုးဆေး(Botox injection) ထိုးနိုင်တယ်။ သဘာဝ ကျောက်ချဉ်ကိုလည်း လိုအပ်သလို သုံးနိုင်ပါသေးတယ်။ အကြံပြုချက် ခြေဖဝါးကို အမြဲခြောက်သွေ့အောင် ထားပါ။ ချွေးစုပ်ယူမှုအားကောင်းတဲ့ ချည်ထည် ခြေအိတ်မျိုးကိုသာဝတ်ဆင်ပါ။ ခြေအိတ်တွေ လဲလှယ်တဲ့အခါ နှစ်ရက်ဝတ်၊ နှစ်ရက်လျှော်နည်းကို သုံးပါ။ ခြေပိတ် ဘွတ်ဖိနပ်နေရာမှာ ညှပ်ဖိနပ်၊ ရှေ့ထိုးဖိနပ်တွေကို အဓိကဝတ်ဆင်သင့်တယ်။ ခြေဖဝါးအနံ့ဆိုးသူအတွက် အနံ့ပျောက်ဆေးတစ်မျိုးမျိုးကို တစ်ပတ်လျှင် နှစ်ကြိမ် လိမ်းပေးသင့်တယ်။ ဒါ့ပြင် ချွေးထွက်များစေတဲ့ အပူအစပ်၊အငန်နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်သင့်တယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကု ဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။




