Labial melanotic macule (labial lentigo)ဆိုတာ အောက်နှုတ်ခမ်းမှာတွေ့ရတဲ့ အမဲကွက်မှဲ့ခြောက်တွေ ဖြစ်ပါတယ်။ နှုတ်ခမ်းအတွင်းပိုင်း၊ သွားဖုံး၊ပါးစောင်၊ ပါးစပ်စတဲ့နေရာတွေမှာလည်း ရှိနိုင်တယ်။ ဒီနေရာတွင်မှာဖြစ်ရင် oral melanotic macule ခေါ်ပါတယ်။ အသက်အရွယ် ကျား၊မ မရွေးဖြစ်နိုင်ပေမယ့် သက်လတ်အရွယ် အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။ အသားမဲသူတွေမှာ ပိုဖြစ်နိုင်တယ်။
နှုတ်ခမ်းမှဲ့ခြောက်တွေဟာ အောက်နှုတ်ခမ်းအလယ်မှာတွေ့ရတတ်ပြီး တစ်ခုမက ဖြစ်နိုင်တယ်။ မှဲ့ခြောက်အရွယ်အစားအားဖြင့် ၁-၈မီလီမီတာအတွင်းရှိတယ်။ benign lesion ဖြစ်လို့ အရောင်ပြောင်းတာ၊ ကြီးလာတာမျိုး ဖြစ်လေ့မရှိဘူး။ ဘာ့ကြောင့်ဖြစ်လဲသေချာမသိရပေမယ့် ဟော်မုန်းနဲ့ နေလောင်ခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရတယ်။ နှုတ်ခမ်းအရေပြားလေ့လာကြည့်တဲ့အခါ melanocytes နဲ့ keratinocytes တွေမှာ melanin အမည်းရောင်ခြယ်ဓာတ်တွေ စုပြုံနေတတ်တယ်။ အောက်လွှာ(dermis)ထဲထိ melaninတွေ ကျွံဝင်နေတာတွေ့ရတယ်။
ကုသနည်း
နှုတ်ခမ်းမှဲ့ခြောက်ကို လေဆာနည်းနဲ့ ဖျောက်ပစ်နိုင်တယ်။ အေးခဲစေတဲ့နည်း(cryotherapy)နဲ့ ဖျက်ဆီးပစ်နိုင်တယ်။ IPL ပြင်းအားမြှင့် အလင်းကုထုံးတွေလည်း အသုံးပြုနိုင်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews