Open 9:00-12:00 AM
+95 92051590

Stucco keratosis

26 Nov, 2021 | No Comments

Stucco keratosis

Stucco keratosis (ကရာတင်ဖတ် ကပ်ခြင်း)ဆိုတာ သေးငယ်ပြီး အပြင်ကိုစူထွက်နေတဲ့ ကရာတင်အဖတ်လေးတွေကို ခေါ်ပါတယ်။ အရေပြားအပေါ်ယံလွှာမှာ ကရာတင်ဆဲလ်သေတွေ စုပုံလာပြီး ခြောက်သွေ့ကြမ်းတမ်းတဲ့ အဖတ်လေးတွေဖြစ်လာတယ်။ အရေပြားနဲ့ ကပ်နေတဲ့ကရာတင်အဖတ်လေးတွေမို့ stucco keratosis ခေါ်ပါတယ်။ နေရောင်ထိတွေ့မှု လွန်ကဲတာနဲ့ ပွန်းတိုက်မိတာတွေက ကရာတင်ဖတ် (stucco keratosis)ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ အသက်(၄၀)ကျော်အရွယ် အမျိုးသားတွေမှာ ပိုတွေ့ရတယ်။

Stucco keratosis ဟာ အရေပြားကပ်နေတဲ့ ဖယောင်းဖတ်လေးတွေနဲ့ ဆင်တူတယ်။ ကရာတင်ဖတ်တွေဟာ အဖြူရောင်​၊ အဝါရောင်၊ အမဲရောင်စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။ ခြေ၊လက် စတဲ့နေရာတွေမှာ တွေ့ရတယ်။ အထူးသဖြင့် ခြေဖမိုး၊ လက်ဖမိုးနေရာတွေမှာ အဓိကတွေ့ရတယ်။ ယားယံနာကျင်မှုမရှိဘဲ ခြောက်သွေ့ကြမ်းတမ်းနေတတ်တယ်။ အလွယ်ခွာလို့ရပြီး ကွာတဲ့နေရာမှာ သွေးစထွက်တာ မတွေ့ရဘူး။ 

ကုသနည်း

နေ့စဉ် နေလောင်ကာ ပုံမှန်သုံးပါ။ အရေပြား အစိုဓာတ်ထိန်းဆေးတွေ သုံးသင့်တယ်။ Urea cream လို အစိုဓာတ်လိမ်းဆေးတွေ ကောင်းတယ်။ retinoid သောက်ဆေး၊ လိမ်းဆေးတွေက သက်သာနိုင်တယ်။ လိုအပ်ရင် အပေါ်ယံ ကရာတင်ဖတ်တွေ ခြစ်ထုတ်ပစ်နိုင်တယ်။ မရရင် cryotherapy နဲ့ laser therapy နည်းတွေနဲ့လည်း ကုသနိုင်တယ်။ သက်သာတဲ့နေရာကို topical petrolatum လိမ်းဆေးမျိုး ဆက်လိမ်းသင့်တယ်။ အသားအရေ မခြောက်သွေ့အောင် အထူးဂရုစိုက်သင့်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews