Open 9:00-12:00 AM
+95 92051590

Autoimmune progesterone dermatitis

14 Nov, 2021 | No Comments

Autoimmune progesterone dermatitis

Autoimmune progesterone dermatitis ဓမ္မတာနှင့် ဓာတ်မတဲ့ခြင်း

Autoimmune progesterone dermatitis ဆိုတာ ပရိုဂျက်စတီရုန်း ဟော်မုန်းကြောင့် ဓာတ်မတဲ့တာဖြစ်တယ်။ ဓမ္မတာဆင်းတဲ့အချိန်ပေါ်လိုက်ပြီး အနီကွက်တွေ ထွက်လာတတ်တယ်။ အများစုဟာ အသက်လေးဆယ်အောက်အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဒီအနီကွက်တွေဟာ အပျိုဖြစ်ပြီးချိန်မှသာ စတင်ပေါ်ပေါက်လာတယ်။ progesterone ဟော်မုန်း အစားထိုးဆေးဝါးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမီးဖွားပြီးစ အချိန်တွေမှာ ရောဂါပိုဆိုးနိုင်တယ်။ 

ပရိုဂျက်စတီရုန်း ဟော်မုန်းဓာတ်မတဲ့တဲ့အခါ အမျိုးအစား (၁) ဓာတ်တုံ့ပြန်တာ (type 1 hypersensitivity) မျိုး ဖြစ်လေ့ရှိပါတယ်။ အရေပြားအခြေလွှာ (basal layer) ထိခိုက်ပြီး အနီကွက်တွေ ထလာတယ်။ mast cells နဲ့ Ig E လှုံ့ဆော်မှုကြောင့် ယားယံတဲ့ အနီကွက်တွေ ဖြစ်လာတယ်။ အမျိုးအစား (၄) ဓာတ်တုံ့ပြန်တာ (type 4 hypersensitivity) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အနီကွက်တွေဟာ ရာသီမလာခင် ၅ရက်အတွင်း အဖြစ်များတယ်။ progesterone အမြင့်ဆုံးရောက်တဲ့အချိန်မို့လို့ပါ။ ရာသီလာပြီး တဖြည်းဖြည်းသက်သာသွားတယ်။ အနီကွက်တွေက ပုံစံအမျိုးမျိုးနဲ့ လာနိုင်ပါတယ်။ အရေပြားရဲတာ၊ အင်ပြင်အဖီထတာ၊ erythema multiforme အနီကွက်တွေထတာ၊ annular erythema ကွင်းတွေရှိလာတာမျိုး ဖြစ်နိုင်တယ်။ နောက်တစ်ကြိမ် ဓမ္မတာပေါ်ခါနီးတိုင်း ထပ်ဖြစ်နိုင်ပါတယ်။ လက်၊ ခြေ၊ ခါး၊ ပေါင်၊ တင်ပါး၊ ဗိုက်၊ ကျောပြင်စတဲ့နေရာတွေဖြစ်ကြတယ်။ ဒီရောဂါရှိသူဟာ မကြာခဏ ကိုယ်ဝန်ပျက်တတ်ပါတယ်။ အနီကွက်တွေဟာ ရာသီပေါ်ကာနီးကာလတွေနဲ့ သုံးလခံတားဆေး ထိုးပြီးချိန်တွေမှာ ပြန်ဖြစ်တတ်ပါတယ်။ ပရိုဂျက်စတီရုန်းဓာတ်မတဲ့တဲ့ အနီကွက်တွေဟာ တခြားဆေးဝါးဓာတ်မတဲ့တာနဲ့ ဆင်တူလို့ မှားယွင်းတတ်ပါတယ်။

ကုသနည်း

အနီကွက်ထတာ အတွက် စတီးရွိုက် လိမ်းဆေး၊သောက်ဆေး ပေးနိုင်ပါတယ်။ ယားယံတဲ့အခါ antihistamine သောက်ဆေးတွေ ပေးရတတ်တယ်။ တခါတရံ ရင်သားကင်ဆာမှာ သုံးတဲ့ Tamoxifen 20mg နေ့စဉ် နှစ်လပေးရတယ်။ ဆိုးဝါးပြင်းထန်တဲ့ ရောဂါတွေမှာ omalizumab ဆေးတွေ ပေးရတတ်တယ်။ progesterone ဓာတ်မတဲ့တာအတွက် desensitization ဓာတ်တုံ့ပြန်မှုနည်းအောင် ပြုလုပ်နိုင်ပါတယ်။ ဥပမာဟော်မုန်းနှစ်မျိုးပါ တားဆေး (Oral contraceptive pill), Gonadotrophin releasing hormones နဲ့ progesterone လိမ်းဆေး၊ထိုးဆေးတွေ ပေးရတတ်တယ်။ တချို့လူနာတွေမှာ desensitization ကြောင့် ပိုဆိုးတာမျိုး ဖြစ်နိုင်ပါတယ်။ လိုအပ်ရင် မျိုးဥအိမ် ဖြတ်ထုတ်ရတာ(Oophorectomy)မျိုး ပြုလုပ်နိုင်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews