Allergic contact cheilitis ဆိုတာ နှုတ်ခမ်းဓာတ်မတဲ့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ဓာတ်မတဲ့တဲ့ပစ္စည်း(allergic)တစ်မျိုးကို contact ထိတွေ့ရာက နှုတ်ခမ်းရောင်ခြင်း(cheilitis)ဖြစ်လာတယ်။ ဓာတ်မတဲ့ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း (allergic contact dermatitis) အမျိုးအစားထဲမှာပါတယ်။ သတိပြုရမှာက irritant dermatitis လို ပွန်းတိုက်မိလို့ ဖြစ်တဲ့ နှုတ်ခမ်းရောင်တာမျိုး မဟုတ်ပါဘူး။ ဒီရောင်ရမ်းမှုဟာ type IV hypersensitivity reaction အဆင့်(၄) ဓာတ်တုံ့ပြန်မှုကြောင့် ဖြစ်ပါတယ်။ တကယ်တော့ မတဲ့တဲ့ဓာတ်(allergen)တစ်မျိုးဟာ ခန္ဓာကိုယ်အတွင်းမှာ ရှိနှင့်ပြီးဖြစ်တယ်။ ဒီိလို allergen ပါတာကို ထိတွေ့ရာက နှုတ်ခမ်းသားက ဖူးရောင်လာပါတယ်။နှုတ်ခမ်းရောင်တဲ့အခါ နှုတ်ခမ်းသားအပြင်ဖက် (vermilion margin)တွေမှာ အဖြစ်များတယ်။ နှုတ်ခမ်းဓာတ်မတဲ့တာဟာ ဆယ်ကျော်သက် မိန်းကလေးတွေမှာ အဖြစ်များတယ်။ မိန်းကလေးတွေမှာ နှုတ်ခမ်းနီဆိုးပြီး ဖြစ်ကြတယ်။ ယောကျာ်းလေးတွေမှာ […]
Club Med Dermatitis (Mexican Beer Dermatitis) အပင်ကြောင့် အသားလောင်ခြင်း ရှောက်ရည်( သို့မဟုတ်) သံပုရာရည် အလွန်အကျွံလိမ်းခြင်းက အရေပြားမဲစေနိုင်.. ရှောက်ရည်မှာပါတဲ့ ဓာတုပစ္စည်းနဲ့ နေရောင် ဓာတ်ပြုရာက အမဲကွက်ဖြစ်တာကို phytophotodermatitis သို့မဟုတ် Mexican Beer Dermatitis လို့လည်း ခေါ်ပါတယ်။ အရင်ခေတ်က Club Med Dermatitis လို့ခေါ်တယ်။ အပြင်ပန်းက ကြည့်လိုက်ရင် အရေပြားမှာ အမဲကွက်( ကြေးမတွန်းလို့ ဖြစ်တဲ့အကွက်)နဲ့တူတယ်။ အမှန်က citric acidပါတဲ့ ဓာတုပစ္စည်းနဲ့ နေရောင် ဓာတ်ပြုရာကဖြစ်တာမျိုးပါ။ ဒါ့ကြောင့် အိမ်သုံးအသားဖြူနည်းတွေမှာ ရှောက်ရည် သို့မဟုတ် သံပုရာရည် သုံးတဲ့အခါ သတိထားသင့်ပါတယ်။ ဒေါက်တာ အေးမင်းထူး အရေပြားအထူးကုဆရာဝန်