Paederus dermatitis မီးပိုးကောင် အဆိပ်သင့်ခြင်း Paederus Dermatitis ဆိုတာက Paederus မျိုးနွယ်ဝင် မီးပိုးကောင် (Blister Beetle/Rove Beetle)တစ်မျိုးကြောင့် ဓာတ်မတဲ့တဲ့ အနီကွက်တွေ ထွက်လာတဲ့ရောဂါတစ်မျိုးဖြစ်တယ်။ ဒီအနီကွက်တွေဟာ မီးပိုးကောင်ကိုက်ခံရခြင်းကြောင့် မဟုတ်ဘဲ ပိုးခန္ဓာကိုယ်မှာရှိတဲ့ “Pederin” လို့ခေါ်တဲ့ ပြင်းထန် ဓာတုအဆိပ်အတောက် (Toxin) ကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် မီးပိုးကောင်နဲ့ မတော်တဆ ထိမိ၊ ကိုင်မိ၊ ပွတ်ချေမိရာကနေ ပိုးကောင်ခန္ဓာကိုယ်မှာရှိတဲ့ Pederin အဆိပ်ဟာ အရေပြားပေါ် စွန်းထင်းသွားပြီး ပြင်းထန်တဲ့ အရေပြားဓာတ်တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီရောဂါဟာ အရေပြားဆေးပညာမှာ irritant contact dermatitis အမျိုးအစားထဲပါဝင်ပါတယ်။ ယေဘုယျအားဖြင့် မီးပိုးကောင်နဲ့ထိပြီး ၁-၂ရက်အတွင်း လက္ခဏာတွေ ပေါ်ပေါက်လာတယ်။ ကနဦးဖြစ်စမှာ အရေပြားဟာ ပူစပ်ပူလောင်ဖြစ်ပြီး […]
Allergic contact cheilitis ဆိုတာ နှုတ်ခမ်းဓာတ်မတဲ့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ဓာတ်မတဲ့တဲ့ပစ္စည်း(allergic)တစ်မျိုးကို contact ထိတွေ့ရာက နှုတ်ခမ်းရောင်ခြင်း(cheilitis)ဖြစ်လာတယ်။ ဓာတ်မတဲ့ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း (allergic contact dermatitis) အမျိုးအစားထဲမှာပါတယ်။ သတိပြုရမှာက irritant dermatitis လို ပွန်းတိုက်မိလို့ ဖြစ်တဲ့ နှုတ်ခမ်းရောင်တာမျိုး မဟုတ်ပါဘူး။ ဒီရောင်ရမ်းမှုဟာ type IV hypersensitivity reaction အဆင့်(၄) ဓာတ်တုံ့ပြန်မှုကြောင့် ဖြစ်ပါတယ်။ တကယ်တော့ မတဲ့တဲ့ဓာတ်(allergen)တစ်မျိုးဟာ ခန္ဓာကိုယ်အတွင်းမှာ ရှိနှင့်ပြီးဖြစ်တယ်။ ဒီိလို allergen ပါတာကို ထိတွေ့ရာက နှုတ်ခမ်းသားက ဖူးရောင်လာပါတယ်။နှုတ်ခမ်းရောင်တဲ့အခါ နှုတ်ခမ်းသားအပြင်ဖက် (vermilion margin)တွေမှာ အဖြစ်များတယ်။ နှုတ်ခမ်းဓာတ်မတဲ့တာဟာ ဆယ်ကျော်သက် မိန်းကလေးတွေမှာ အဖြစ်များတယ်။ မိန်းကလေးတွေမှာ နှုတ်ခမ်းနီဆိုးပြီး ဖြစ်ကြတယ်။ ယောကျာ်းလေးတွေမှာ […]




