Acne vulgaris ဆိုတာ အဖြစ်များတဲ့ ဝက်ခြံနာ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ acne ဆိုတာ ဝက်ခြံ၊ vulgaris ဆိုတာ အဖြစ်များတဲ့ ပုံစံကို ပြောတာဖြစ်ပါတယ်။ acne vulgaris ဟာ လက္ခဏာရပ်တွေထက် ရောဂါကို ကိုယ်စားပြုတယ်။ ဒီအဖြစ်များတဲ့ဝက်ခြံ(acne vulgaris)မှာ whiteheads, blackheads, papules, pustules, cysts နဲ့ nodules စသည်ဖြင့် ဝက်ခြံအမျိုးအစားပေါင်းများစွာ တပြိုင်နက် ဖြစ်ပေါ်နိုင်တယ်။ အရေပြားအပေါ်လွှာ၊အောက်လွှာ ရောင်ရမ်းပြီး ပိုးဝင်တာရှိတယ်။ များသောအားဖြင့် ရောင်ရမ်းဝက်ခြံနာတွေကို acne vulgaris အဖြစ်သတ်မှတ်ကြတယ်။
Acne vulgaris ဟာ အဆီဂလင်းပိတ်ဆို့ရာက ဆက်လက်ဖြစ်ပေါ်လာတဲ့ အဖုအကျိတ်၊ပြည်တည်နာတွေဖြစ်ပါတယ်။ ဝက်ခြံကို အဓိကဖြစ်စေတာ Cutibacterium acnes ပိုးမွှားဖြစ်ပါတယ်။ လေမလိုဘဲ ပွားများနိုင်တယ်။ မျက်နှာပေါ်မှာ အဓိကဖြစ်ပြီး ခြေ၊လက်၊ကျော၊ရင်ဘတ် စတဲ့နေရာတွေမှာ ဖြစ်တတ်တယ်။ ဝက်ခြံအဆီဖုပေါက်တဲ့နေရာက နာတာရှည်ရောင်ရမ်းမှုကြောင့် အမာရွတ်ကျန်တတ်တယ်။ မျက်နှာအဆီပြန်သူ(seborrhea)တွေမှာ ပိုတွေ့ရတယ်။ ခပ်ရဲရဲ ရောင်ရမ်းဝက်ခြံကျိတ်တွေကို ကိုင်လိုက်ရင် နာကျင်တတ်တယ်။ ဒါက အောက်လွှာထိ ပိုးဝင်နေတဲ့ ဝက်ခြံကျိတ်တွေမှာ တွေ့ရတယ်။

ဝက်ခြံဖြစ်တဲ့အမျိုးအစားပေါ် မူတည်ပြီး ယေဘုယျ(၃)မျိုး ခွဲခြားသတ်မှတ်ကြတယ်။
သိပ်မဆိုးတဲ့ဝက်ခြံ (mild acne)
- ဝက်ခြံဖု အရေအတွက် (၃၀)အောက်
အလတ်အလတ်ဆင့် ဝက်ခြံ (moderate acne)
- ဝက်ခြံဖု အရေအတွက် ၃၀-၁၅၀ကြား
ဆိုးရွားအဆင့် ဝက်ခြံ (severe acne)
- ဝက်ခြံအလုံးကျိတ်နဲ့ ပြည်တည်နာဝက်ခြံ
- ဝက်ခြံဖု အရေအတွက် (၁၅၀)အထက်
ဝက်ခြံနာ(acne vulgaris)ဟာ ကျားမ အရွယ်မရွေးဖြစ်နိုင်ပါတယ်။ လူပျိုပေါက်ကနေ အသက်(၄၀)အရွယ်ထိ ဖြစ်ကြတယ်။ ပုံမှန်အားဖြင့် ပျောက်ကင်းလေ့မရှိဘဲ လချီကြာတတ်တယ်။ ဝက်ခြံနာ(acne vulgaris)ဖြစ်ပြီး ပျောက်ကင်းသွားတဲ့အခါ ဝက်ခြံအမာရွတ်၊ အမာရွတ်ခဲတွေနဲ့ အမဲစက်တွေ ကျန်နေတတ်လို့ ဖြစ်လာရင် စနစ်တကျကုသဖို့ လိုပါတယ်။
ဝက်ခြံနာကုနည်း အမျိုးမျိုး
(၁) benzoyl peroxide
မြန်မာနိုင်ငံမှာ အသုံးများတယ်။အာနိသင်က အရေပြားပေါ်မှာရှိတဲ့ ဗက်တီးရီးယားတွေကို ဖယ်ရှားပြီး ဆဲလ်သေတွေပိတ်ဆို့မှုကို ကာကွယ်ပေးတယ်။ ဆေးမလိမ်းခင် ရေနွေးနဲ့ မျက်နှာအရင်သစ်ပါ။ သစ်ပြီး မိနစ်(၂၀)ကြာတဲ့အခါ ဆေးကို ခပ်ပါးပါးလိမ်းပါ။ ဆေးကို ၁-၂ကြိမ် လိမ်းနိုင်တယ်။ အနည်းဆုံး ၁လခွဲကနေ ၂လကြာအောင်လိမ်းပါ။ ဆေးလိမ်းပြီး နေပူထဲထွက်တာ တတိနိုင်သမျှရှောင်ပါ။ ဆံသားနဲ့ အဝတ်ကို ဆေးမစွန်းပါစေနဲ့။ ဆေးကြောင့် အရေပြား ပူတာ၊ယားတာ၊ရဲတာ၊တင်းတာ၊အနေရခက်တာရှိနိုင်တယ်။
(၂) topical retinoid(tretinoin)
ဆေးအာနိသင်က အဆီအိတ်က အဆီ(sebm)ထုတ်လုပ်မှုကို လျှော့ကျစေတယ်။ ဆဲလ်သေတွေ ပိတ်ဆို့မှုကိုကာကွယ်တယ်။ မျက်နှာအဆီပြန်တဲ့အခါ ဒီဆေးကို သုံးကြတယ်။သုံးတဲ့နည်းက ညမအိပ်ခင် မျကိနှာသစ်ပြီး ၁၅မိနစ်လောက်အကြာမှာ ဆေးလိမ်းပါ။ လိုအပ်တာက ဆေးလိမ်းပြီး မျကိနှာကို သန့်ရှငိးခြောက်သွေ့အောင် ထားဖို့ပါ။ နေရောင်နဲ့ ကိုယ်ဝန်ဆောင်မှာ သတိထားရတယ်။ adapaleneနဲ့ tazaroteneဆေးတွေလည်း ရိ်ှပါတယ်။
(၃) azelaic acid
အမှတ်စဉ်တစ်နဲ့ နှစ်က ဆေးမတဲ့သူတွေ၊အဆင်မပြေသူတွေမှာ ဒီဆေးပြောင်းပေးတယ်။ အာနိသင်ကလည်း သိပ်မကွာပါ။ ဆဲလ်သေတွေဖယ်ရှားတာနဲ့ပိုးသတ်တာဖြစ်တယ်။ မျက်နှာသစ်ပြီး တနေ့၂ကြိမ် တလလောက်လိမ်းပါ။ ကောင်းတာက နေရောင်ရှောင်ဖို့ မလိုအပ်ဘူး။ အရေပြားခြောက်သွေ့တာတော့ ရှိပါတယ်။
(၄) topical antibiotic
ပဋီဇီဝလိမ်းဆေးထဲမှာ clindamycinနဲ့ erythromycinက အသုံးများဆုံးဖြစ်ပါတယ်။ အာနိသင်က အရေပြားပေါ်မှာရှိတဲ့ ဗကိတီးရီယားပိုးတွေ သေစေတယိ။ gel ,lotion , creamပုံစံ အမျိုးမျိုးလာတယ်။ ဆေးကို တနေ့ တကြိမ်မှ နှစ်ကြိမ် အဆင်ပြေသလိုသုံးပါ။ ဆေးယဉ်ပါးတာဖြစ်နိုင်လို့ ၆-၈ပတ်ထက် ပိုမသုံးသင့်ဘူး။ ဆေးသုံးဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။
(၅) oral antibiotic
ဝက်ခြံက နည်းနည်းဆိုးလာရင် ပိုးသတ်ဆေး စွဲသောက်ဖို့ လိုပါတယ်။ tetracycline,clindamycin,doxycillin,erythromycin နဲ flucloxacillin တွေက အသုံးများတယ်။ အရင်ခေတ်က tetracycline ကို ရေရှည်စွဲသောက်ခိုင်းတယ်။ တနေ့လေးကြိမ်သောက်ရတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ၈နှစ်အောက် ကလေးတွေမှာ tetracycline အမျိုးအစားမသုံးရဘူး။ သွားတွေကို အရောင်ညစ်စေတယ်။ ကိုယ်ဝန်ဆောင် နို့တိုက်မိခင်အတွက် erythromycin ပြောင်းသောက်ပါ။ နောက်ပိုင်းမှာ ဆေးသောက်ချိန်နည်းတဲ့ clindamycin နဲ့ doxycycline ကို သောကိနိုင်တယ်။ ရေရှည်စွဲသောက်လို့ရတယ်။ အနည်းဆုံး ၃-၆လထိ သောက်ပါ။
(၆) co-cypridiol
တကယ်တော့ ဟော်မုန်းနှစ်မျိုးပါတဲ့ တားဆေးပါပဲ။ဝက်ခြံအတွက်သာမက မျက်နှာအမွေးများရင်လည်း သုံးပါတယ်။ အမျိုးသမီးတွေမှာ အဓိကသုံးတယ်။ တားဆေးသောက်ဖို့လိုတဲ့ အမျိုးသမီးတွေမှာ ဒီဆေးပြောင်းသုံးတယ်။ သုံးလအတွင်း သိသိသာသာထူးခြားလာတယ်။ အာနိသင်ကောင်းဖို့ ဆေး(၆)လ ဆက်သောက်ရတယ်။ ဆိုးကျိုးအနေနဲ့ ဝိတ်တက်တာ၊ရင်သားတင်းတာ၊ဗိုက်နာ၊လေထ၊အစာမကြေတာ ရှိတတ်တယ်။
(၇) isotretinoin
ဝက်ခြံပျောက်ဆေးထဲမှာ အပြင်းဆုံးနဲ့ နောက်ဆုံးသုံးတဲ့ဆေးထဲမှာပါတယ်။ အဆီထုတ်လုပ်မှုကို လျှော့နည်းစေတယ်။ တကယ်က retinoid ဗီတာမင်အေပဲ။ ဒါပေမယ့် အရေပြားအာနိသင်ရအောင် toxic doseအလွန်အကျွံထည့်ထားလို့ သတိထားသုံးရတယ်။အရေပြားအထူးကုကသာ သုံးသင့်တယ်။ ဆေးသောက်နေစဉ် ကိုယ်ဝန်ဆောင်လို့ မရဘူး။ ကလေးကို ထိခိုက်စေမယ်။ ကိုယ်ဝန်မရအောင် အမြဲသတိထားနေရမယ်။ တားနည်းတမျိုးမျိုးသုံးပါ။ ဆေးသောက်စ(၁၀)ရက်အတွင်း ဝက်ခြံပိုဆိုးတာရှိတယ်။ ဆေးဖြတ်ပြီးတော့ ပြန်ဖြစ်လာတာလည်း ရှိဦးမယ်။ ဆေးထွက်ဆိုးကျိုးသိပ်ကိုဆိုးတယ်။ စိတ်ဓာတ်ကျတာ၊စိတ်အာရုံပြောင်းတာ၊သတ်သေချင်စိတ်ကဲတာ ဖြစ်နိုင်တယ်။
သိပ်မဆိုးတဲ့ဝက်ခြံတွေမှာ လိမ်းဆေး (၃)လလောက် ပေးတယ်။နည်းနည်းဆိုးလာတဲ့အခါ လိမ်းဆေးအပြင် ပဋိဇီဝသောက်ဆေး ထပ်ထည့်မှ ပျောက်တယ်။ ဒါမှမသက်သာသေးရင် isotretinoin လို သောက်ဆေးမျိုးထည့်ရတယ်။ ဆေးရဲ့ဆိုးကျိုးက ပြင်းလို့အရေပြားအထူးကုကသာ သုံးစွဲသငိ့တယ်။ ဝက်ခြံကနေ နောက်ဆက်တွဲ ဆက်ဖြစ်စေတာက အမာရွတ်ဖြစ်ပါတယ်။ ဝက်ခြံအမာရွတ်ကုသနည်းတွေလည်း အမျိုးမျိုးရိ်ှတယ်။အပေါ်ယံအရေပြားကို ကွာစေနည်း(dermabrasion or chemical peeling)၊လေဆာနည်း(laser) ၊ခွဲစိတ်ပြုပြင်နည်း(surgery)နည်းတွေ ရှိတယ်။ ဒီနေ့ခေတ်မှာ လေဆာနဲ့ အသေအချာပျောက်စေမယ်ကြေငြာသူတွေ အများအပြားတွေ့ရတယ်။ ဒီလိုကုသဖို့ အလှအပရေးရာ ကျွမ်းကျင်ဆရာဝန်ဖြစ်ဖို့လိုပါတယ်။ မသေချာပဲလုပ်တာ လူနာကို ဒုက္ခရောက်စေတယ်။
ဝက်ခြံတွင်ရှောင်ရမည့် အစားအစာများ
-အပူ၊ အစပ်၊ အငန်
-ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပင်လယ်စာ
-ဆီကြော်စာ၊ အာလူးချောင်းကြော်
-အချိုများသည့် ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်
-နွားနို့၊ ဒိန်ခဲ၊ နို့ထွက်ပစ္စည်းများ
-မာလာဟင်း၊ ဟော့ပေါ့၊ အကင်၊ အာပူလျှာပူ
-အရက်၊ ဘီယာ၊ ဝိုင်
-ခေါက်ဆွဲခြောက်ထုပ်
ဝက်ခြံသဘောကပျောက်ပြီး ပြန်ဖြစ်တတ်တယ်။ နာတာရှည်သဘောဖြစ်လို့ (၆)လတခါ ဆရာဝန်နဲ့ပြသင့်တယ်။ အစားအသောက်၊အနေအထိုင်ဂရုစိုက်ပါ။ အစားအသောက်တွေထဲမှာ ဆီကြော်စာ၊အသင့်စားတွေ၊အဆီအဆိမ့် တွေရှောင်ပါ။ ချောကလက်၊ကော်ဖီ၊လက်ဖက်ရည်၊အချိုရည်၊ဂတ်စ်ပါတာ၊ပင်လယ်စာ၊နို့ထွက်ပစ္စည်း၊ပြုပြင်ထားတဲ့အစားအစာတွေ ရှောင်သင့်တယ်။ နို့ရည်၊မိတ်ကပ်၊အလှပစ္စည်းတတ်နိုင်သမျှမသုံးပါနဲ့။ စိတ်ဖိစီးမှုက ဟော်မုန်းထွက်စေတယ်။ အိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမှု နည်းပါစေ။ ဟင်းသီးဟင်းရွက်နဲ့ ရေများများသောက်ပါ။ကိုယ်လက်လှုပ်ရှား များများလုပ်ပါ။ ရေချိုးတဲ့ခါ ကြက်သီးနွေးရည်နဲ့ မျကိနှာသစ်ပါ။ မျက်နှာကို ရေနွေးငွေ့ပေးရင် အဆိပ်အတောက်ဖယ်ရှားပေးပြီး အသားအရေကြည်လင်စေတယ်။
ဒေါက်တာအေးမင်းထူး
(အရေပြားအထူးကု ဆရာဝန်)
Write Reviews
Leave a Comment
No Comments & Reviews