Open 9:00-12:00 AM
+95 92051590

Hirsutism

24 Dec, 2021 | No Comments

Hirsutism

မိန်းကလေးမျက်နှာ အမွှေးမျှင်ထူခြင်း

ဆရာ..ကျွန်မလည်း ဆရာဝန်ပါပဲ ဆရာ Hirsutism ဖြစ်နေလို့ပါဆရာ
Facial hair and even Breast hair ပါ ထွက်တယ် ဆရာ
ကျွန်မ အသက် ၁၆နှစ်က ရာသီမမှန်လို့ OG က Combined OC pill ၂ကဒ်သောက်ဖူးတယ် ။ လွန်ခဲ့တဲ့ ခြောက်လက ကျွန်မ Thyroiditis ဖြစ်တော့ Steroid တစ်လတိတိ သောက်ခဲ့တယ် ဆရာ Ultrasound abdomen ကတော့ Bilateral polycystic ovarian syndrome ပါဆရာ ကျွန်မ spironolactone or topical application ဘာသုံးသင့်ပါလဲ ဆရာ

ဒီပြဿနာမှာ ပြောစရာနှစ်ချက်ရှိတယ်။ မျက်နှာအမွှေးမျှင််ပေါက်တာ စတီးရွိုက်ကြောင့်လား၊ PCOS ကြောင့်လား ဆိုတာ အရင်သိဖို့လိုတယ်။ စတီးရွိုက်မသောက်ခင် ငယ်စဉ်ကတည်းက ထွက်ရင် မျိုးဥအိတ်တည်ခြင်း (PCOS) ကြောင့်ဖြစ်ဖို့များတယ်။ PCOS ဆိုတာ မျိုးဥအိမ်က အင်ဒရိုဂျင်ဟာ်မုန်း ပိုထုတ်လို့ ယောကျာ်းဆန်ဆန် မျက်နှာမွှေးတွေ ခန္ဓာကိုယ်မွှေးတွေထွက်လာတာဖြစ်ပါတယ်။အများစုက မျိုးရိုးကို လက်ညှိုးထိုးကြတယ်။ ဒီအတွက် ဟော်မုန်းတားဆေးကဒ်တွေသောက်နိုင်တယ်။ oestrogenနဲ့ progestogen ပါတဲ့ ဟော်မုန်းတားဆေးက အသောက်များတယ်။ ပေါင်းစပ်ဆေးမှန်သမျှ အီစတိုဂျင် ethinyl estradiol 15mcg နဲ့ 50 mcg ကြား ပါလေ့ရှိတယ်။ နောက်ဟော်မုန်းတစ်မျိုးက ပရိုဂျက်စတိုဂျင်ဖြစ်ပါတယ်။ desogestrel, cyproterone, drospirenone စသည်ဖြင့် ပုံစံအမျိုးမျိုးလာတယ်။ ဒီထဲမှာ cyproterone, drospirenone က anti-androgen အာနိသင်ကောင်းတယ်။ yasmin, dianette စတာတွေ အသုံးများတယ်။ ဒီဆေးတွေကို အနည်းဆုံး ၂ လသောက်ခိုင်းတယ်။ ပုံမှန်အားဖြင့် တစ်နှစ်ထိ သောက်ရတတ်တယ်။ ပြီးရင်ပြန်ဖြတ်ဖ်ု့က ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်ပါ။ မျိုးဥကြွေချင်သေးရင် clomifene, letrozole, metformin စတာတွေဆက်ပေးရတယ်။

ဒုတိယဆက်ပြောစရာက စတီးရွိုက်ကိစ္စပါ။ စတီးရွိုက်ထိရင်လည်း မျက်နှာမွေးတွေထွက်ဦးမယ်။ စတီးရွိုက်အတွက် သောက်ဆေးတွေ ရေးထားပြီးသားဖြစ်ပါတယ်။လိမ်းဆေးရှိတာမှန်ပေမယ့် symptomatic ဖြစ်ပါတယ်။ သောက်ဆေးထဲမှာ anti androgen အာနိသင်ရှ်ိတဲ့ spironolactone သောက်သင့်တယ်။ spironolactone ကို အနည်းဆုံး100 mg သောက်ရတယ်။ အဝလွန်တာ၊ မျက်နှာတပြင်လုံးဖြစ်ရင် 200-300mg ထိ ဆေးတင်နိုင်တယ်။ ပြီးရင် ပြန်လျှော့ပါ။ ဒီမှာ သတိထားရမှာက ကျောက်ကပ်ပါ။ ကျောက်ကပ်ကောင်းမှသာ spironolactone သုံးရမယ်။ ဆံပင်ကျွတ်ရင်လည်း သုံးကြတယ်။သုံးစွဲပုံ မတူညီဘူး။ ဆေးတွေက body weight နဲ့ လက္ခဏာပေါ်မူတည်ပြီး အလျှော့အတင်းလုပ်ရတာဖြစ်လို့ နည်းနည်းတော့ခက်တယ်။

ဒီနေရာမှာ နည်းနည်း သတိပေးချင်တာက ranitidine သုံးစွဲမှုဖြစ်ပါတယ်။ မျက်နှာမွှေးမှာ တချို့က ranitidine ထည့်သုံးတာ တွေ့ဖူးတယ်။ ranitidine က ဝက်ခြံအဆီပြန်တာအတွက်ာကောင်းပေမယ့် တချို့လူနာမှာ မျက်နှာမွှေးပိုပေါက်စေတယ်။ အထူးသဖြင့် အသက် ၂၀-၃၀ အတွင်း သုံးစွဲသူရဲ့ (၆)ရာခိုင်နှုန်းဟာ မျက်နှာမွေးပိုပေါက်လာတယ်။ ဒါ့ကြောင့် မသုံးသင့်ပါဘူး။

ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews