Open 9:00-12:00 AM
+95 92051590

Category Archive : Bacteria

20 Oct, 2025 | No Comments

Buruli ulcer

Buruli ulcer

Buruli ulcer အသားစားအနာ Buruli Ulcer (အသားစားအနာ)ဆိုတာ Mycobacterium ulcerans လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရှားပါးပြင်းထန်တဲ့ အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ Tuberculosis (တီဘီ) နဲ့ Leprosy (အနာကြီးရောဂါ) ကိုဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ မျိုးနွယ်ချင်း နီးစပ်တယ်။ ရောဂါကို မကုဘဲထားရင် ပြင်းထန်တဲ့ အနာကြီးတွေ ပျံ့နှံ့ပြီး အရိုးထိစားသွားတတ်တယ်။  ဘယ်လိုကူးစက်လဲ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဒီရောဂါဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို တိုက်ရိုက်မကူးစက်နိုင်ပါ။ သို့သော် ရေနဲ့ မြေကြီးတဝိုက်က ရေညှိ၊ ရေမှော်၊ ဘက်တီးရီးယားပေါက်ဖွားတဲ့ အကောင်ငယ်လေးတွေပါတဲ့ ပတ်ဝန်းကျင်တွေမှာ ပိုးဟာ နေထိုင်နိုင်တယ်လို့ ယူဆထားကြပါတယ်။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေက ညစ်ညမ်းတဲ့ရေနဲ့ ထိမိ၊ နေမိတာ (ဥပမာ […]

Cat scratch disease ကြောက်ကုတ်နာ ကြောင်ကုတ်ရာကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါကို cat scratch disease ခေါ်ပါတယ်။ ဒီရောဂါဟာ ကြောင်ကိုက်ရာ၊  ကြောင်ခြစ်ရာမှတစ်ဆင့် လူကို ကူးစက်တတ်တယ်။ ကြောင်ရဲ့တံတွေးမှာပါတဲ့ Bartonella henselae ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့အနာဖြစ်ပါတယ်။ ကြောင်ရဲ့ တံတွေးနဲ့ ထိရင် ဒဏ်ရာသေးသေးမွှားမွှားရှိရင်တောင် ကူးစက်နိုင်ခြေရှိပါတယ်။ ကြောင်သန်း (Flea)တွေက ဒီရောဂါပိုးကို သယ်ဆောင်နိုင်ပြီး ကြောင်ကတစ်ဆင့် လူသို့ ကူးစက်စေနိုင်တယ်။ အထူးသဖြင့် ကြောင်နဲ့ ထိတွေ့တဲ့ ကလေးငယ်တွေမှာ ပိုမိုဖြစ်ပွားတတ်တယ်။ ရောဂါလက္ခဏာတွေဟာ ကူးစက်ခံရပြီး ၃-၁၄ ရက်အတွင်း စတင်ပေါ်လာတတ်ပါတယ်။ကြောင်ကုတ်ထားတဲ့နေရာဟာ ရောင်ရမ်းပြီး ပြည်တည်နာဆန်ဆန်အဖုငယ် (papule)တွေစတင် ဖြစ်ပေါ်တယ်။ ဒီအဖုဟာ ၁-၃ ပတ်ကြာနိုင်ပါတယ်။ ရောဂါပိုးက ဆက်လက်ပျံ့နှံ့လာတဲ့အခါ ပြန်ရည်ကျိတ်တွေ စတင်ရောင်ရမ်းလာမယ်။အထူးသဖြင့် ကုတ်ခြစ်ဒဏ်ရာအနီးရှိ ပြန်ရည်ကျိတ်တွေ (ဥပမာ […]

8 Jan, 2022 | No Comments

Ingrown hair

အမွှေးမြုံခြင်း အမွှေးပေါက်တဲ့နေရာက ပိတ်ဆို့နေတာကြောင့် အပြင်မထွက်နိုင်ဘဲ အတွင်းပြန်ဝင်တာ၊ အရေပြားဘေးသားထဲတဖြည်းဖြည်းတိုးဝင်ကြီးထွားလာရာကနေ ဖြစ်ကြတယ်။ တခါတရံ အရေပြားဆဲလ်သေတွေကြောင့် ဆံပင်မွေးညင်းပေါက်ပိတ်ဆို့တဲ့အခါ ဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် သဘာဝအတိုင်း ဆံပင်ကောက်တာ၊ တိုလွန်းတဲ့အခါမျိုးမှာ ဆံပင်၏ချွန်ထက်တဲ့အဖျားက အရေပြားတွင်း ထိုးဖောက်ဝင်ရောက်ပြီး အမွှေးမြုံခြင်းကို ဖြစ်စေတယ်။ အမွှေးမြုံတဲ့အခါ ဝက်ခြံပုံစံ ပြည်တည်နာ၊ မွှေးကျွတ်နာဆန်ဆန် ဖြစ်တတ်တယ်။ ယားယံတဲ့ အဖုတွေလဲ ထွက်လာနိုင်တယ်။ ပွတ်ပါများရင် အရေပြားကမဲပြီး ထူလာတတ်သေးတယ်။ အမွှေးရှိတဲ့နေရာတိုင်းမှာ ဒီပြဿနာဖြစ်နိုင်တယ်။ အများအားဖြင့် မုတ်ဆိတ်ရိတ်တဲ့ နေရာတွေမှာ မကြာခဏ ပေါက်တတ်တယ်။ ဦးရေပြား၊ ဂျိုင်းကြား၊ဆီးခုံမွှေးစတဲ့နေရာတွေမှာလည်း အဖြစ်များတယ်။ ကျော၊ခြေထောက်တွေက ပုံမှန်ထက်အဖြစ်နည်းပေမယ့်waxing ဖယောင်းဖြင့်အမွှေးချွတ်တဲ့အခါပိုဖြစ်နိုင်တယ်။  ဒီပြဿနာက မွေးရာပါ ဆံပင်ကောက်သူ (သို့) ဆံပင်ကြမ်းတမ်းတဲ့သူတွေမှာ ပိုအဖြစ်များတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ တိုစိနေအောင် ရိတ်တာက ဒီပြဿနာကို အစပြုတယ်။ ပြန်ပေါက်တဲ့အမွှေးက ပိုမိုချွန်ထက်တဲ့အစွန်းရှိတာကြောင့် အရေပြားအောက် ပြန်ဝင်ဖို့လွယ်ကူပြီး အရေပြားအတွင်းပိုင်း ပိတ်မိနေနိုင်တယ်။ ကြာတော့ ဆဲလ်သေပိုးမွှားစုစည်းမိရာက ပြည်တည်နာဖြစ်လာတယ်။ အမျိုးသားဟော်မုန်း တက်စတိုစတီရုန်းများရင် ပုံမှန်ထက်အမွေးအမျှင်ထူတာကြောင့် အမွှေးမြုံဖို့ အလားအလာ ပိုများပါတယ်။ အမွှေးမြုံပြီး ရောင်ရမ်းဓာတ်ထွက်တဲ့အခါမွေးညှင်းအိတ်ရောင်ပြီး ပြည်တည်နာဆန်ဆန် (Pseudofolliculitis) ဖြစ်လာတယ်။ မုတ်ဆိတ်ရိတ်တဲ့နေရာဖြစ်ရင်သင်တုန်းဓားဝက်ခြံဖု (razor bumps)ခေါ်ပါတယ်။ ကုသနည်း အများစုဟာ သူ့ဘာသာပြန်ကောင်းသွားနိုင်တယ်။ အရေပြားပေါ်ယံလွှာ ပိတ်ဆို့တာတွေ ဖယ်ရှားပေးမယ့်exfoliation အာနိသင်ရှိတဲ့ဆေးတွေလိုတယ်။ Salicylic acid, Tretinoinလိုဆေးတွေအပြင် တခါတရံ အရေပြားရောင်ရင် စတီးရွိုက်လိမ်းဆေးတွေ သုံးရတတ်တယ်။ ပိုးဝင်ပြည်တည်နာအတွက် ပဋိဇီဝပိုးသတ်လိမ်းဆေးသို့မဟုတ် သောက်ဆေးလိုတယ်။ အမွှေးထူသူအတွက် တခြားနည်းကတော့ လေဆာပစ်တာဖြစ်ပါတယ်။အကုန်အကျများတာကြောင့် ပုံမှန်အားဖြင့် လုပ်ဖို့မလိုပါဘူး။ ကုတဲ့အခါ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ပြုလုပ်သင့်တယ်။  အမွှေးမြုံရင်သန့်ရှင်းရေးကအရေးကြီးတယ်။ အမွှေးမြုံတဲ့နေရာကို ဆပ်ပြာအပျော့စားကို ရေခပ်နွေးနွေးနဲ့ ရောပြီး ဆေးကြောသန့်စင်ရမယ်။ နောက်ပြီး စိုစွတ်တဲ့ ရေနွေးအ၀တ်စနဲ့ ၁မိနစ်ကြာ အုပ်ထားပြီး ဖယ်လိုက်ပါ။ တခါတရံ အတွင်းပိုင်းထိ အမွှေးလိပ်ဝင်တဲ့နေရာကို ဆေးထိုးအပ်ထိပ်နဲ့ သေချာဖြေပေးရတယ်။ ဆဲလ်သေပိတ်ဆို့မှုကြောင့် ဖြစ်ရင် မျက်နှာကို scrub တပတ်နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။ သို့သော် အရမ်းပြင်းထန်တဲ့ harsh scrub တွေက အရေပြားရောင်ရမ်းခြင်းကို ပိုဖြစ်စေလို့ သတိပြုသင့်တယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Lupus vulgaris တီဘီအနာ Lupus vulgaris ဆိုတာ တီဘီပိုး(Mycobacterium tuberculosis)ကြောင့်ဖြစ်တဲ့ နာတာရှည်အရေပြား တီဘီရောဂါတစ်မျိုးဖြစ်တယ်။ အရေပြားတီဘီနာ (cutaneous tuberculosis)လို့လည်း ခေါ်နိုင်တယ်။ တီဘီပိုး ကူးစက်ခံထားရဖူးတဲ့လူတစ်ယောက်ဟာ ခန္ဓာကိုယ်အတွင်း ပိုးများ ငုပ်လျှိုးနေတတ်တယ်။ ခုခံအားရုတ်တရက် ကျဆင်းတဲ့အခါ နဂိုတီဘီရောဂါပိုးဟာ ပြန်ရည်ကြော သို့မဟုတ် သွေးကြောများကတဆင့် အရေပြားကို ရောက်ရှိလာတဲ့အခါ အရေပြားတီဘီလက္ခဏာတွေစတင်ပြသလာတယ်။ တခါတရံ အရေပြားဒဏ်ရာကတဆင့် တီဘီပိုး တိုက်ရိုက်ဝင်ရောက်လာတာ ရှိနိုင်သလို တီဘီပိုးရှိတဲ့အရည်တွေကတဆင့် ကူးစက်ခံရတာလည်းဖြစ်နိုင်တယ်။ ဒါ့ပြင် SLE ရောဂါသည်တွေဟာ အရေပြားတီဘီနာဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။  လက္ခဏာရပ်များ Lupus Vulgaris ရဲ့ အနာတွေဟာ ဝံပုလွေကိုက်ခံရတဲ့ အနာနဲ့ ပုံစံဆင်တူလို့ lupus လို့ ခေါ်ကြပါတယ်။ ကူးစက်ခံနေရာတွေမှာ ခရမ်းရောင် (သို့) နီညိုရောင် […]