Open 9:00-12:00 AM
+95 92051590

Angiokeratoma

2 Nov, 2021 | No Comments

Angiokeratoma

Angiokeratoma ဆိုတာ အသားပိုပုံစံ သွေးကြောလုံး သေးသေးလေးတွေကို ခေါ်ပါတယ်။ အရေပြားအောက်လွှာ (papillary dermis)မှာ ဆံခြည်မျှင် သွေးကြောတွေ ထုံးပြီး အိတ်ပုံစံ အဖုလုံးလေးတွေ ဖြစ်လာပါတယ်။ တချို့သွေးကြောလုံးလေးတွေဟာဖောင်းပြီး ပေါက်ထွက်တတ်ပါတယ်။ သွေးကြောအိတ်လုံးလေးတွေက အနီ၊ အနက်၊အပြာ၊ ခရမ်းရောင် အရောင်မျိုးစုံရှိပါတယ်။ ဒီအလုံးလေးတွေက ကြွက်နို့နဲ့မှားတတ်ပါတယ်။ 

Angiokeratoma က အရေပြားအောက်လွှာ (papillary dermis)မှာဖြစ်ပြီး hemangioma သွေးခဲလုံးတွေကတော့ အရေပြားအောက်ဆုံးလွှာနဲ့ အဆီလွှာထဲမှာ ဖြစ်လေ့ရှိတယ်။ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး နာမည်တွေကွဲသွားတယ်။

(၁) Angiokeratoma of Fordyce ဆိုတာ အမျိုးသား ကပ်ပယ်အိတ်မှာ အဖြစ်များတဲ့ သွေးကြောလုံးလေးတွေဖြစ်တယ်။ မိန်းမကိုယ်အပေါက်ဝ (vulva)နေရာတွေမှာလည်း ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်နဲ့ အသက်(၅၀)ကျော်အရွယ်တွေ ပိုတွေ့ရတယ်။

(၂) Angiokeratoma of Mibelli ကို မြီးကောင်ပေါက်အရွယ် ခြေ၊လက် စတဲ့နေရာတွေမှာ တွေ့ရတယ်။ ဒူး၊ တံတောင်၊ ခြေချောင်း လက်ချောင်းတွေကြားအတွေ့များတယ်။ ဒီအမျိုးအစားကသွေးကြောပေါက်ပြီး သွေးထွက်လွယ်တယ်။

(၃) Angiokeratoma circumscriptum ဆိုတာ မှဲ့ပုံစံ သွေးကြောထုံးလေးတွေ အစုလိုက်ဖြစ်တာကို ခေါ်တယ်။ မွေးကင်းစအရွယ်ထဲက ပါလာတတ်တယ်။ ပေါင်၊တင်ပါး စတဲ့နေရာတွေမှာ အဖြစ်များတယ်။ အရွယ်ရောက်ရင် ပိုကြီးလာတတ်တယ်။

(၄) Angiokeratoma corporis diffusum ဆိုတာ မွေးရာပါ အင်ဇိုင်းဓာတ်ချို့တဲ့ရာကဖြစ်တဲ့ သွေးကြောထုံးလေးတွေဖြစ်တယ်။ ဗိုက်၊ ခါး၊ တင်ပါး စတဲ့နေရာမှာ အဓိကဖြစ်ပြီး ခန္ဓာကိုယ်မှာ ပျံ့နေတတ်တယ်။ Fabry’s disease လို့လည်း ခေါ်ပါတယ်။

ကုသနည်း

အသားပို သွေးကြောလုံးလေးတွေကို cryotherapy (အေးခဲစေခြင်း)၊ electrocautery (လျှပ်စစ်တို့ခြင်း)၊ shave excision (ဖြတ်ခြင်း)၊ laser (လေဆာပစ်ခြင်း) စတဲ့နည်းတွေနဲ့ ကုသနိုင်တယ်။ လေဆာပစ်တဲ့အခါ သွေးကြောထုံးတွေရဲ့ အရောင်ပေါ်မူတည်ပြီး wavelength လှိုင်းအလျားကို ပြောင်းလဲအသုံးပြုနိုင်ရင် ရလာဒ်ပိုကောင်းတာ တွေ့ရတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews