Open 9:00-12:00 AM
+95 92051590

Category Archive : Butt lifting

Body Sculpting ကိုယ်ခန္ဓာပုံသွင်းခြင်း Body Sculpting ဆိုတာ ခန္ဓာကိုယ်ကို သဘာဝကျကျ လှပစွာ ပုံဖော်တဲ့ နည်းပညာဖြစ်ပါတယ်။ ဒီနည်းဟာ Body Contouring ထက် ပိုပြီးတိကျတယ်။ အဆီကျရုံမက ကြွက်သားကို ထင်ရှားစေခြင်း (Six pack ပေါ်အောင် လုပ်ခြင်း) နဲ့ ခန္ဓာကိုယ်အချိုးအစားကို ကျနအောင်ပုံဖော်ပေးတယ်။  Body Sculpting ကို  · ဝမ်းဗိုက်ကြွက်သားပုံဖော်ခြင်း  · တင်ပါးကြွက်သား ပုံဖော်ခြင်း  · ပေါင်တွင်းကြွက်သား ပုံသွင်းခြင်း  · လက်မောင်းကြွက်သား ပုံသွင်းခြင်း · ခါးအချိုးအစားကျနအောင် ပြုပြင်ခြင်း  စတဲ့ကိစ္စရပ်တွေမှာ အဓိကအသုံးပြုပါတယ်။ Body Sculpting နဲ့ Body Contouring ကွာခြားချက် ———————————————– Body Contouring    […]

How to make Big Butt naturally? တင်သားတခုရဲ့အချိုးအစားဟာ ခါးဆိုက်ပေါ် များစွာမူတည်တယ်။ အကြောင်းရာတခုကို ချဉ်းကပ်တဲ့အခါ contrast ဆန့်ကျင်ဖက် သဘောကို အရင်နားလည်ဖို့လိုပါတယ်။ အရာဝတ္တတခု ကိုယ်ထဲမှာ ထင်းနေဖို့ ကျန်ဝတ္တုတခုက မှောင်ပေးရတာ သဘာဝပါ။ အဲလိုပဲ တင်သားလှချင်ကြီးဖို့ သူနဲ့ကပ်ရပ် ခါးဆိုက်အရွယ်အစား တင်သားကို သေးအောင် လုပ်ရပါတယ်။ ဒါက သီအိုရီ။ အရပ်ငါးပေ၈လက်မရှိတဲ့ မိန်းကလေးတယောက်ရဲ့ ခါးဆိုက်ဟာ ၂၈ ရှိရင် အကောင်းဆုံးဖြစ်တယ်။ ခါးဆိုက်နဲ့ တင်ပါး အမြဲအချိုးကျနေရမယ်။ ယေဘုယျအားဖြင့် waist-hip ratio ခါးနဲ့ တင်သားအချိုးအစားက 0.7 ရှိရင် အဆိုပါ အမျိူးသမီးဟာ ဆန့်ကျင်ဖက်လိင်တွေကို  ပိုဆွဲဆောင်နိုင်တယ်လို့ ဆိုတယ်။ အထူးသဖြင့် waist-hip ratio အချိုးအစား 0.6 ရှိရင် အကောင်းဆုံးဖြစ်တယ်။  တင်သားလှဖို့ အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုတယ်။ တင်းသားအရွယ်အစားကအီစတိုဂျင်ဟော်မုန်းနဲ့ ဆက်စပ်နေတယ်။ စားတဲ့ထဲမှာ အဆီများရင် အီစတိုဂျင်ကို ထုတ်ပေးတယ်။ အဆီဆဲလ်ထဲမှာ aromatase ေခါ်တဲ့ အီစတိုဂျင်ဖွဲ့စည်းမှုအားပေးတဲ့ အင်ဇိုင်းဓာတ်တမျိုး ရှိတယ်။ သူက တင်သားနဲ့ ရင်သား ဖွံဖြိုးအောင်  ပြုလုပ်ပေးတယ်။ ဒါ့ကြောင့်ပဲ သတ်သတ်လွတ်သမားတွေ၊ အစားရှောင်တဲ့သူအများစုဟာ သူများလောက် မဖွံ့ထွားတာဖြစ်ပါတယ်။ ဘာတွေစားမလဲအစားသောက်ထဲမှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် ကို အဓိကစားသင့်တယ်။ ပရိုတင်း (၃၀)ဂရမ်နဲ့ ကာဗိုဟိုက်ဒရိတ်(၁၅၀)ဂရမ်ကို လေ့ကျင့်ခန်းလုပ်ပြီး နာရီဝက်အတွင်း စားရင် ပိုထူးခြားတယ်။  အုတ်ဂျုံ၊ ကြက်ဥအကာနဲ့ ပဲနက်စေ့များများစားပါ။ polyunsaturated fat ပါတဲ့ ငါးအဆီ ပိုကဲ စားသင့်တယ်။ ပရိုတင်းဓာတ်ထဲမှာ ပဲအမျိုးမျိုး၊ ပဲနို့၊ ချီးစ်၊ ကြက်ရင်အုံသား၊ ဆာဒင်းငါး၊ တူနာငါး စတာတွေ  ကောင်းတယ်။ ကာဗိုဟိုက်ဒရိတ်ထဲက ဆန်လုံးညိဳ၊ အုတ်ဂျုံ၊ ပေါင်မုန့်၊ ကန်စွန်းဥ၊ အစေ့အဆန် စတာတွေ စားသင့်တယ်။  စားသောက်တဲ့အခါ တရက်ကို ခြောက်ကြိမ် ခွဲပြီး မျှတအောင်စားသင့်တယ်။ စားသောက်နည်း(၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျု်းစားပါ။ (၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။ (၃) နေ့လည်စာကို ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။  (၄) ညနေပိုင်း ပေါင်မုန့်နဲ့ ထောပတ်သုတ် အစာပြေစားနိုင်တယ်။ (၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။ (၆) အိပ်ခါနီး protein shake ေသာက်ပါ။ ခွဲစိတ်တာမဟုတ်တဲ့ ယာယီထူးခြားတဲ့ နောက်တနည်းကတော့ butt lifterလို့ ခေါ်တဲ့ ရုန်းဆန့်နိုင်တဲ့ ဘောင်းဘီအပျော့စား ဝတ်တဲ့နည်းပါ။  ဘောင်းဘီကို  အတွင်းခံသဘောဝတ်ရပြီး တင်သားအောက်ပိုင်းကနေ ပင့်တင်ပြီး အမြင်သဏ္ဌာန် လှအောင်လုပ်တာဖြစ်တယ်။ ယာယီဆိုပေမယ့် ချက်ချင်းသိသာတဲ့နည်းလို့ ပြောရမယ်။ ခါးသာမက ပေါင်တံကိုပါ သိသိသာသာ သေးသွယ်သွားစေတယ်။ ခန္ဓာကိုယ်အချိုးအစားကလည်း အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားလိမ့်မယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန်

တင်သားတင်းရင်းအောင် ခွဲစိတ်ပြုပြင်တဲ့နည်း (၂)နည်းရှိပါတယ်။ ပထမနည်းက Brazilian Butt Lift(BBL) ေခါ်တဲ့ တင်ပါးထဲ အဆီထိုးထည့်တဲ့နည်းဖြစ်ပါတယ်။ Brazilian Butt Lift ဆိုတာ ခန္ဓာကိုယ် တခြားနေရာ( ဥပမာ ဗိုက်၊ခါး၊ ပေါင်) က မလိုအပ်တဲ့  အဆီတွေစုပ်ယူပြီး တင်သားထဲ ပြန်ထိုးထည့်တာ ဖြစ်ပါတယ်။ ဒီလိုမထိုးထည့်ခင် ပြန်သန့်စင်ရတဲ့အပိုင်းတော့ရှိတယ်။ ဒီနည်းက ဗိုက်အဆီများသူ ပြည့်ပြည့်ဖြိုးဖြိုးရှိသူတွေအတွက် အဆင်ပြေတယ်။  နောက်တနည်းက butt implant တင်သားဆီလီကွန် ထည့်နည်းပါ။ ပိန်ပိန်ပါးပါးလူနာတွေကျတော့ butt implant ကိုသာ ရွေးချယ်ရတယ်။ Gluteus maximus muscle ရဲ့ အောက်မှာ ဆီလီကွန် ထည့်ကြတယ်။  ဒီနည်းက တင်ပါး အရွယ်အစားနဲ့ ထုထည်ကို ပိုမိုကြီးထွားစေတယ်။ သို့သော် ရလာဒ်ကတော့ ဒုတိယနည်းက ပိုမိုကောင်းမွန်တယ်။ ဒေါက်တာအေးမင်းထူး (အရေပြားအထူးကုဆရာဝန်)

တင်သားထွက်စေမယ့် လေ့ကျင့်ခန်းများ (၁) Squat  (စောင့်ကြောင့်ထိုင် လေ့ကျင့်ခန်း) စောင့်ကြောင့်ထိုင်၊ထ လေ့ကျင့်ခန်းတမျိုးဖြစ်တယ်။ လက်နှစ်ဖက် ဆန့်တန်းပြီး တင်ပါးကို နောက်ကော့ထားပါ။ ခါးကို မတ်မတ်ထားပြီး ထိုင်ချပါ။ ပြီးရင် ခါးကော့နေလျက် ပြန်ထပါ။ တစ်ခါလုပ် (၁၅)ကြိမ် ထိုင်ထလုပ်ပါ။ တစ်ရက် စုစုပေါင်း (၃)ကြိမ် လုပ်ပေးသင့်တယ်။ (၂) Donkey kick (နောက်ကွေးခြေပစ် လေ့ကျင့်ခန်း) ဒီလေ့ကျင့်ခန်း က ကြမ်းပြင်တခုပေါ် အရင်လေးဖက်ထောက်ပါ။ ပြီးရင် ခြေတစ်ဖက် နောက်ကွေးဆန့်ပြီး မြောက်တင်ပါ။ တဖက်ကို ၁၅ ကြိမ်၊ စုစုပေါင်း အကြိမ် (၃၀)ခန့် လုပ်ပါ။ တရက်လျှင် မနက်၊ နေ့၊ ည တစ်ခါ(စုစုပေါင်း အကြိမ် ၉၀)လောက် လုပ်ပေးသင့်တယ်။  (၃) Bridges (လက်ချ ခါးမလေ့ကျင့်ခန်း) ပက်လက်အိပ်ပြီး ဒူးကို ကွေးထားပါ။ လက်ကို ကြမ်းပြင်ပေါ်မှောက်လျှက် ချထားပါ။ ပြီးရင် ခါးအလယ်ကို ကော့တင်ပါ။ ဒီလေ့ကျင့်ခန်းက ဗိုက်အဆီကိုကျစေရုံမက တင်ပါးကိုပါ ထွက်လာစေတယ်။ တခါလုပ်ရင်(၁၅)ႀက်တိုက်လုပ်ပါ။  တရက် သုံးခါ လုပ်သင့်တယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ငါးကြီးဆီဆေးလုံးကို ဖောက်ပြီး အဆီရည်ကို တင်းသားမှာ လိမ်းပြီး အဆိုပါလေ့ကျင့်ခန်းသုံးမျိုး လုပ်နိုင်ရင် အာနိသင်ပိုကောင်းသတဲ့။ တင်သားလှလှ ထွက်နိုင်ကြပါစေ။ ဒေါက်တာ အေးမင်းထူး (အရေပြားအထူးကုဆရာဝန်)