Rosacea မျက်နှာနီမြန်းခြင်း Rosacea ဆိုတာ မျက်နှာအသားအရေ နီမြန်းပြီး ဝက်ခြံနှင့်ဆင်တူတဲ့ အဖုအပိမ့်များထွက်လာတဲ့ အရေပြားပြဿနာ တစ်မျိုးဖြစ်ပါတယ်။ Rosacea ကြောင့် မျက်နှာပူစပ်ပူလောင်ဖြစ်ပြီး မျက်နှာတပြင်လုံးရဲနေတတ်တယ်။ဒါ့ကြောင့် မျက်နှာနီ အရေပြားရောဂါလို့ ခေါ်နိုင်ပါတယ်။ နာတာရှည်ရောဂါဖြစ်ပြီး မကြာခဏပြန်ဖြစ်တတ်တယ်။ Rosacea ဟာ လူ ၁၀ ယောက်မှာ ၁ ယောက် နှုန်းဖြစ်ပွားတတ်ပါတယ်။ အသက် ၃၀ နှင့် ၅၀ ကြား အမျိုးသမီးများတွင် ပိုအဖြစ်များပါတယ်။ အသားဖြူသူတွေမှာ ပိုတွေ့ရတတ်တယ်။ Rosacea ဖြစ်စေတဲ့ တိကျတဲ့ အကြောင်းရင်းကို မသိရသေးဘူး။ မူမမှန်တဲ့ ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် ဖြစ်နိုင်တယ်။ skin barrier ပျက်စီးလို့လည်း ဖြစ်တတ်တယ်။ မျက်နှာဆံခြည်မျှင်သွေးကြောတွေ မူမမှန်ဘဲ ဖောင်းကားနေလို့လည်း ဖြစ်တတ်တယ်။မျိုးရိုးနဲ့လည်းသက်ဆိုင်တယ်။ အစားအသောကိမှားရင် ပိုဖြစ်တတ်တယ်။ […]


