Open 9:00-12:00 AM
+95 92051590

Dermatofibroma

29 Oct, 2021 | No Comments

Dermatofibroma

Dermatofibroma (ဖိုင်ဘာမျှင်ကျိတ်)ဆိုတာ ကင်ဆာမဟုတ်တဲ့ မျက်နှာပြင်ညီညာတဲ့ မာမာခဲခဲ fibrous nodule အကျိတ်ကို ခေါ်ပါတယ်။ ဖိုင်ဘာမျှင်ကျိတ်ဟာ ပုံမှန်မဟုတ်ဘဲ တဟုန်ထိုး ပွားများလာတဲ့ fibroblasts ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတယ်။ histiocytes ဆဲလ်တွေပါဝင်နေတာကြောင့် fibrous histiocytoma လည်းခေါ်တယ်။ ခြေထောက်တွေမှာ အဓိကတွေ့ရပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်။ အင်းဆက်ပိုးမွှားကိုက်ခံရတာ၊ ဆေးထိုးအပ်ထိမိတာ၊ ဆူးခြစ်မိတာစတဲ့ သာမန်ဒဏ်ရာတွေကနေ ဖိုင်ဘာမျှင်ကျိတ်ဖြစ်လာတတ်တယ်။ ခုခံအားကျဆင်းတဲ့ရောဂါတွေမှာ ဖိုင်ဘာမျှင်ကျိတ်တစ်လုံးမက တွေ့တတ်တယ်။

Dermatofibroma (ဖိုင်ဘာမျှင်ကျိတ်)တွေဟာ ပန်းရောင် (သို့)အညိုရောင် အသားမာဆန်ဆန်ရှိတယ်။ အရွယ်အစားအားဖြင့် ၁ စင်တီမီတာလောက်သာရှိတယ်။ အရေပြားအောက် အဆီလွှာအပေါ်မှာတည်ရှိတာကြောင့် လက်နဲ့စမ်းကြည့်ရင် ရွေ့လျားနိုင်တယ်။ လက်နဲ့ညှစ်ကြည့်ရင် အထဲချိုင့်ဝင်သွားတဲ့ dimple sign or pinch sign တွေနဲ့ စမ်းသပ်ကြည့်နိုင်တယ်။ များသောအားဖြင့် ဘာလက္ခဏာမှ မပြပေမယ့် ကိုင်တာများရင် နာတာ၊ယားယံတာမျိုး ရှိတတ်တယ်။ ဖိုင်ဘာမျှင်ကျိတ်တွေဟာ ကင်ဆာမဖြစ်နိုင်ပေမယ့် dermatofibrosarcoma ကင်ဆာကျိတ်နဲ့ မှားယွင်းတတ်အဖြစ်ပြောင်းလဲနိုင်တယ်။

Dermoscopeနဲ့ ကြည့်တဲ့အခါ အလယ်မှာ ဖြူဖျော့နေပြီး ဘေးသားတွေမှာ အမဲရောင်ကွန်ယက်မျှင်တွေ တွေ့ရတယ်။ အနာဖြစ်တာ၊ ရုတ်တရက်ကြီးလာတဲ့အခါမျိုးမှာ အသားစယူစစ်ဆေးတာ၊ ခွဲထုတ်တာမျိုး လုပ်ရတတ်တယ်။ ကုပြီး ပြန်လည်းဖြစ်တတ်တယ်။ လေဆာပစ်တာ (laser)၊ shave biopsy (အသားစယူဖို့ ဖြတ်တာ)၊ အေးခဲနည်း (cryotherapy)နည်းတွေနဲ့ ကုသနိုင်ပါတယ်။ ကင်ဆာရောဂါမဟုတ်လို့ နောက်ဆက်တွဲဆိုးကျိုးမရှိရင် ကုသဖို့ မလိုတာများပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

Write Reviews

Leave a Comment

No Comments & Reviews