မျောက်ကျောက်ရောဂါ(Mpox) ဟာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုး (monkeypox virus)ကူးစက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ မျောက်ကျောက်ပိုးဟာ double-stranded DNA virus အမျိုးအစား ဗိုင်းရပ်စ်ပိုးဖြစ်လို့ RNA ဗိုင်းရပ်စ်တွေလောက် ကူးစက်မြန်တာနဲ့ မျိုးဗီဇပြောင်းလဲလွယ်တာမျိုး မရှိပါဘူး။ ရောဂါလက္ခဏာတွေဟာ ကျောက်ကြီးဗိုင်းရပ်စ်နဲ့ ဆင်တူနေတာ တွေ့ရပါတယ်။ အာဖရိကတိုက်နိုင်ငံတွေမှာ အမျာဆုံးကူးစက်တာ တွေ့ရတယ်။ Mpox (မျောက်ကျောက်ရောဂါ)ဟာ လူနဲ့ နို့တိုက်သတ္တဝါအချင်းချင်း ကူးစက်တတ်တယ်။ လူအချင်းချင်း နမ်းတာ၊ထိတွေ့တာ၊ ကိုင်တွယ်တာကနေ ကူးစက်တတ်တယ်။ လိင်ဆက်ဆံရာကလည်း ကူးစက်နိုင်ပါတယ်။ရောဂါရှိတဲ့တိရိစ္ဆာန်တွေနဲ့ ထိတွေ့မှုကြောင့် ကူးစက်နိုင်တယ်။ လက်ရှိနောက်ဆုံး Clade1b မျိုးကွဲဗိုင်းရပ်စ်ဟာ ကွန်ဂိုနိုင်ငံက စတင်ပြန့်ပွားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ပျံ့ပွားနိုင်လို့ သတိထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားပါတယ်။ မျောက်ကျောက်လက္ခဏာရပ်များ လက္ခဏာရပ်တွေက ကျောက်ကြီးရောဂါနဲ့ ဆင်တူပေမယ့် သိပ်မဆိုးလှပါဘူး။ ဖျားတာ၊ ကိုက်ခဲ၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ […]
Contagious ecthyma (Orf) အော့ဖ်ရောဂါ အနာ Contagious Ecthyma (Orf) ဆိုတာ သိုး၊ ဆိတ်၊ နွား စတဲ့ တိရစ္ဆာန်တွေမှာ ဖြစ်ပွားတဲ့ ကူးစက်အနာဖြစ်ပါတယ်။ ဒီအနာတွေဟာ ကျောက်ဗိုင်းရပ်စ်ပိုး (Parapoxvirus) အနွယ်ဝင် Orf virus ကြောင့် ဖြစ်ပေါ်လာပြီး ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့မိရာက လူကို ကူးစက်နိုင်တယ်။ ဗိုင်းရပ်စ်ပိုးဟာ အရေပြားပေါ်က ထိခိုက်ရှနာကလေးတွေ (အရေပြားကွဲခြင်း၊ ခြစ်ရာရှိခြင်း) ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပါတယ်။ ဒီရောဂါဟာ သိုးထိန်း၊ ဆိတ်ထိန်းသမားများ၊ တိရိစ္ဆာန်ဆရာဝန်များနဲ့ သားသတ်သမားများမှာ အဖြစ်များတယ်။ အော့ဖ်အနာဟာ လက်၊ လက်မောင်း နှင့် မျက်နှာ တို့မှာ အဖြစ်များတယ်။ ကူးစက်ခံရသူဟာ အနီရောင်၊ အပြာရောင် အလယ်ဗဟိုချိုင့်ခွက်နေတဲ့ အနာတွေ […]
Erythema infectiosum ကလေးဗိုင်းရပ်စ် အနီကွက် Erythema infectiosum ဆိုတာ parvovirus B19 ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အနီစက်ကွက်တွေဖြစ်ပါတယ်။ အဖြစ်များဆုံး ကလေးဗိုင်းရပ်စ် အနီကွက် ရောဂါ(၆) မျိုးထဲမှာ ၅ခုမြောက် ရော ဂါဖြစ်ပါတယ်။ ဒါ့ကြောင့် fifth disease (ငါးခုမြောက် ကလေးအနီစက်ရောဂါ)လည်းခေါ်ပါတယ်။ ကျောင်းနေအရွယ် အသက် ၅-၁၅နှစ်အတွင်း ကလေးတွေမှာ အများဆုံးတွေ့ရပါတယ်။ တခါဖြစ်ပြီး ထပ်ဖြစ်တာမျိုး ရှားပါတယ်။ ခုခံအားစနစ်က ဒီဗိုင်းရပ်စ်ပိုးကို အနာဂတ်မှာ ခုခံသွားနိုင်လို့ ဖြစ်ပါတယ်။ parvovirus B19 ဗိုင်းရပ်စ်ဟာ လေထဲက ပျံ့နှံ့ပါတယ်။ ချောင်းဆိုးတာ၊နှာချေတာနဲ့ အသက်ရှုလမ်းကြောင်းကထွက်တဲ့ အကျိအချွဲတွေကနေ ကူးစက်တတ်တယ်။ ရောဂါဖြစ်စမှာ တယောက်နဲ့ တယောက် ကူးစက်လွယ်တယ်။ ဗိုင်းရပ်စ်ဝင်တာဖြစ်လို့ ဖျားတာ၊ နုံးချိတာ၊ နှာရည်ယို၊ လည်ချောင်းနာ၊ […]




