Argon Laser သွေးကြောဖျက် လေဆာ
Argon Laser ဆိုတာ အာဂွန်ဓာတ်ငွေ့ကို အသုံးပြုပြီး စွမ်းအင်မြင့် ဖိုတွန်အလင်းမှုန်တွေ ထုတ်လွှတ်ပေးတဲ့ လေဆာတစ်မျိုးဖြစ်ပြီး မျက်ကြည်လွှာနဲ့ ရေတိမ်ကုသရာမှာ အဓိကအသုံးပြုကြတယ်။ အာဂွန်လေဆာဟာ ၄၈၈ nm နဲ့ ၅၁၄ nm လှိုင်းအလျားရှိပြီး အပြာနဲ့ အစိမ်းရောင် လှိုင်းတွေကို ထုတ်လွှတ်နိုင်တယ်။ ဒီလေဆာဟာ အောက်ဆီဂျင်ဓာတ်ကြွယ်ဝတဲ့ Haemoglobin နဲ့ melanin တွေ အပေါ်သက်ရောက်စေတာကြောင့် အရေပြားပြဿနာကုသရာမှာ အသုံးကျတယ်။ အထူးသဖြင့် လှိုင်းအလျား 514nm ရှိတဲ့ အစိမ်းရောင်လေဆာ (Argon Green Laser) ကို အရေပြား သွေးကြောပေါ်ခြင်း (Telangiectasia)၊ မှဲ့နီ (Cherry Angiomas)၊ အသားပိုနဲ့ တင်းတိပ်ကုသရာမှာ အသုံးပြုတယ်။
Argon Laserကို ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ စတင်တီထွင်ခဲ့ကြတယ်။ ၁၉၇၀ ပြည့်လွန်နှစ်များ တွင် ဆေးဘက်ဆိုင်ရာ ကုသမှုတွေမှာ စတင်စမ်းသပ်အသုံးပြုခဲ့တယ်။ မျက်စိဆေးပညာမှာ Argon laser နည်းပညာဟာ ပထမဆုံး အသုံးပြုတဲ့လေဆာဖြစ်ပါတယ်။ အထူးသဖြင့် Argon Blue-Green Laser ဟာ လှိုင်းအလျား 488 nm (အပြာ) နဲ့ 514 nm (အစိမ်း)ရှိပြီး မျက်စိခွဲစိတ်ကုသမှုတွေမှာ အလွန်ထိရောက်တယ်။ သွေးထွက်နည်းရုံမက အမာရွတ်ကျန်ရစ်တာလည်း နည်းတယ်။ မျက်စိသွေးကြော ပျက်စီးတာ၊ မျက်စိသွေးကြော ပိတ်ဆို့တာအပြင် မျက်ကြည်လွှာပြဿနာတွေ ကုသရာမှာ သိပ်အသုံးဝင်တယ်။
အာဂွန်လေဆာနဲ့ မျက်စိကုသတဲ့အခါ ထုံဆေးမျက်စဉ်းခတ်ရတယ်။ ပြီးရင် မျက်လုံးကို ဖွင့်ထားပြီး လေဆာရောင်ခြည်ပစ်ရတယ်။ ဒီကုသမှုဟာ ၁၅-၃၀ မိနစ်ခန့် ကြာမြင့်နိုင်တယ်။လေဆာပစ်ပြီး မျက်လုံးပွတ်တာရှောင်ရတယ်။မျက်စဉ်းဆေး ပုံမှန်ခပ်ရတယ်။ နေကာမျက်မှန် တပ်ပြီး ဆရာဝန်ချိန်းဆိုချက်အတိုင်း ပုံမှန်ပြရတယ်။ အရေပြားအတွက် အာဂွန်လေဆာပစ်တဲ့အခါ ထုံဆေးအရင်ပေးရတယ်။ လေဆာပစ်ပြီး ရေခဲဝတ်ကပ်နိုင်တယ်။ SPF 30+ နေလောင်ကာခရင်မ် လိမ်ပေးရတယ်။ချွေးထွက်များတဲ့ လှုပ်ရှားမှုမျိုး ရှောင်သင့်တယ်။
အမည်းစက်အတွက် ဘယ်လေဆာရွေးမလဲ
Argon Laser နဲ့ Nd:YAG Laser က အမည်းကွက်၊ အမည်းစက်တွေကုသရာမှာ အသုံးပြုကြတယ်။ Argon Laserက လှိုင်းအလျား 488-514 nm ရှိပြီး အပြာ (သို့) အစိမ်း ရှိတယ်။မျက်စိနဲ့ သွေးကြောဆိုင်ရာ ပြဿနာနဲ့ အမည်းစက်တွေ ဖြေရှင်းရာမှာ အသုံးဝင်တယ်။အနီအောက်ရောင်ခြည်လေဆာ (Nd:YAG Laser)က လှိုင်းအလျား1064 nm ဖြစ်လို့ အနီရောင်ဖြစ်တယ်။ တင်းတိပ်အမည်းကွက်တွေ ကုသရာမှာ အသုံးများတယ်။
Argon laser ပစ်တဲ့အခါ တကြိမ်နဲ့ မရဘဲ ကုသမှုအကြိမ်ကြိမ်လုပ်ဖို့လိုတယ်။သွေးကြောမျှင်တွေ ဖျက်စီးတဲ့အခါ ၁-၃ ကြိမ်ထိ ပစ်ဖို့လိုတယ်။ တင်းတိပ်ကုတဲ့အခါ ၃-၆ ကြိမ် အနည်းဆုံးပစ်ရတယ်။ အသားပိုတွေအတွက် ၁-၂ ကြိမ်ပစ်ဖို့လိုတယ်။ အရေပြားအတွက် လေဆာပစ်တဲ့အခါ ၁၅၀,၀၀၀ – ၅၀၀,၀၀၀ ကျပ်ထိ ကုသမှုအလိုက် ကွဲပြားနိုင်တယ်။Argon laser ဟာ Diabetic Retinopathy အာရုံကြောပျက်ဆီးခြင်းကို ၈၀-၉၀% သက်သာစေတယ်။ သွေးကြောမျှင်ကုသတဲ့အခါ ၇၀-၈၅% ထိရောက်မှုရှိတယ်။ တင်းတိပ်အမည်းစက်မှာ ၆၀-၈၀% သက်သာစေတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews