Head lice သန်းကိုက်ခြင်း
သန်း(Head Lice)ဆိုတာ ခေါင်းကိုယားယံစေတဲ့ ကပ်ပါးပိုးမွှား (parasitic insect)တွေ ဖြစ်ပါတယ်။ ဆံပင်တွေကြားမှာ ကပ်ညှိနေထိုင်ပြီး ဦးရေပြားက သွေးကို စုပ်ယူပြီး အသက်ရှင်သန်ကြပါတယ်။ သန်းကောင်တွေဟာ နှမ်းစေ့အရွယ်အစား ခပ်လုံးလုံးအကောင်လေးတွေဖြစ်တယ်။ သန်းတွေဟာအတူနေသူကနေ ကူးစက်နိုင်တယ်။ အိပ်ရာခင်း၊ ခေါင်းအုံး စတာတွေကနေ ကူးစက်နိုင်ပါတယ်။ ကလေးသူငယ်တွေမှာ အဖြစ်များတယ်။ဆံပင်ရှည်သူ၊ ဆံပင်တိုသူ၊ ဆံပင်သန့်ရှင်းသူ မရွေး ကူးစက်နိုင်ပါတယ်။
သန်းကူးစက်ခံရတဲ့အခါ အဆင့်(၃)ဆင့် ရှိပါတယ်။
၁။ သန်းဥ (Nits)
သန်းဥတွေဟာ ဆံခြည်မျှင်ပေါ်ကပ်တွဲထားတဲ့ အဖြူရောင် (သို့) အညိုရောင် အစက်လေးတွေ ဖြစ်တယ်။ ဘီးစိတ်နဲ့ ခါချရင်တောင် ကပ်ကျန်နေတတ်ပြီး ခွာရခက်ပါတယ်။ သန်းဥကနေ ၇-၉ ရက်အတွင်း သန်းလောင်း (Nymph)အဖြစ် ပေါက်ဖွားလာပါတယ်။
၂။ သန်းလောင်း (Nymph)
ဥကနေပေါက်ဖွားလာတဲ့ အရွယ်မရောက်သေးတဲ့ သန်းကို Nymph ခေါ်ပါတယ်။ သန်းလောင်း (baby louse) လည်း ခေါ်ကြတယ်။ လူ့ဦးရေပြားမှာ သွေးစုပ်ပြီး ၉-၁၂ ရက် အတွင်း အရွယ်ရောက်တဲ့ သန်းကောင်(Adult Louse)အဖြစ် ကြီးထွားလာပါတယ်။
၃။ သန်းကောင် (Adult Louse)
နှမ်းစေ့အရွယ် သန်းကောင်တွေဟာ အညိုရောင်-မီးခိုးရောင် ရှိပါတယ်။တစ်နေ့ကို ဥ ၆-၁၀ လုံး ဥနိုင်ပါတယ်။ သန်းကောင်တွေဟာ ဦးရေပြားပေါ်မှာ ၃-၄ ပတ်အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။
ရောဂါလက္ခဏာများ
ခေါင်းသန်းတွေဟာ ခုန်တတ်၊ ပျံတက်ခြင်း မရှိဘဲ ဆံပင် တစ်ချောင်းကနေ တစ်ချောင်းကို တွယ်ကပ်သွားလာတတ်ကြပါတယ်။သန်းကိုက်တဲ့အခါ ဦးရေပြားမှာ ဓာတ်မတည့်မှုဖြစ်ပြီး ယားယံမှုကို ဖြစ်စေပါတယ်။ ပြင်းထန်စွာ ယားယံတတ်တယ်။ ယားယံမှုဟာ သန်းကူးပြီး ၂-၆ ပတ်ကြာမှ စဖြစ်တတ်ပါတယ်။သန်းတွေဟာ ညဘက်မှာ ပိုအလုပ်လုပ်တတ်လို့ အိပ်ရခက်တယ်။ ပိုးကောင်တွေ တရွရွ လှုပ်ရှားသလို ခံစားရတယ်။ မခံမရပ်နိုင်အောင် ယားယံပြီး ဦးခေါင်းမှာ အဖုအပိန့်တွေ ထလာတတ်တယ်။ ကုတ်ခြစ်မိရာကနေ ဘက်တီးရီးယား ဝင်ရောက်တတ်တယ်။
စစ်ဆေးနည်း
သန်းထတဲ့အခါ ဘီးစိတ်(Fine-toothed comb)နဲ့ ဖြီးပြီး စက္ကူဖြူပေါ်မှာ ဖြီးချကြည့်ပါ။ သန်းနဲ့ ဥတွေ ကျလာတာ မြင်တွေ့ရပါမယ်။ ဒီနည်းလမ်းက အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ဆံပင်ကို မှန်ဘီလူးဖြင့် ကြည့်ရှုပြီး သန်းဥ ရှိ/မရှိ ရှာဖွေနိုင်တယ်။ သန်းဥတွေဟာ ဆံပင်အရင်းနားနေရာတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။
ကုသနည်း
သန်းထတဲ့အခါ 1% Permethrin lotion/cream တွေ လိမ်းပေးနိုင်တယ်။ Pyrethrin-based shampoo ခေါင်းလျှော်ရည် သုံးနိုင်တယ်။ Pyrethrin ဆေးကို ပျား၊ ပန်းဝတ်ရည် ဓာတ်မတည့်သူတွေ သတိပြု ရှောင်ကြဉ်သင့်တယ်။ မသက်သာရင် Malathion (0.5%)၊ Benzyl alcohol lotion (5%) စတဲ့ဆေးတွေ ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲနိုင်တယ်။
သန်းဥဖယ်ရှားခြင်း (Nit Removal)
ဆေးသုံးပြီးတိုင်း ဘီးစိတ် (Fine-toothed comb) အသုံးပြုပြီး ဥတွေအားလုံး ဖြီးချပစ်ရပါမယ်။ ဒီလုပ်ငန်းစဉ်ကို ဆေးသုံးပြီး ၇ရက် ကြာတိုင်း ထပ်လုပ်ပေးရပါမယ်။
ကာကွယ်နည်း
သန်းမကူးစက်အောင် အိမ်သန့်ရှင်းရေးပြုလုပ်ပါ။ အိပ်ရာခင်း၊ ခေါင်းအုံး၊ အဝတ်အစားတွေကို ရေပူပူ (အနည်းဆုံး ၅၄°C)နဲ့ ဆေးကြောပါ။ ဘီးစိတ်၊ ခေါင်းစည်း စတာတွေကို ဆပ်ပြာနှင့်ရေပူထဲတွင် ၅-၁၀ မိနစ်ခန့် စိမ်ပါ။အရုပ်၊ အုပ်ထုပ်ကို ပလပ်စတစ်အိတ်ထဲထည့်ပြီး ၂ ပတ်ခန့် လေလုံအောင်ထားပါ။ကလေးတွေရဲ့ ဆံပင်ကို ချည်ထားခြင်း (သို့) ဆံပင် တိုတိုညှပ်ထားခြင်းပြုလုပ်ပါ။
အိမ်သုံးနည်း လမ်းညွှန်
သံလွင်ဆီ၊ အုန်းဆီတို့ကို ညအိပ်ရာဝင်တိုင်း ဆံပင်၊ ဦးရေပြားမှာလိမ်းပြီး ခေါင်းဆောင်း အုပ်အိပ်ပါ။ မနက်မိုးလင်းမှ ခေါင်းလျှော်ပါ။ ဆီက သန်းတွေကို အသက်ရှုကြပ်ပြီး သေစေနိုင်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Head lice is very common parasitic infestation in Myanmar. There are three different types: Pediculus humanus capitis (head louse), Pthirus pubis (pubic louse/crabs), and Pediculus humanus humanus (body louse). The 1% permethrin lotion or a mousse containing pyrethrins and piperonyl butoxide can be used commonly in pediculosis.
Symptoms
- Intense itchiness on the scalp, neck and ears (due to allergic reaction to louse bites)
- Tickling feeling
- Nits (Lice eggs) present on hair shafts
- Soreness from scratching
- Difficult sleeping
Make an appointment with our Dermatology clinic in Myanmar today by calling 092051590 if you begin to experience any of the above symptoms.

Write Reviews
Leave a Comment
No Comments & Reviews