Excimer Laser ခရမ်းလွန်ရောင်ခြည်လေဆာ Excimer Laser ဆိုတာ ခရမ်းလွန်ရောင်ခြည်ဘီ (Ultraviolet B – UVB)ရဲ့ လှိုင်းအလျား 308 nm ကို အသုံးပြုတဲ့ လေဆာတစ်မျိုးဖြစ်ပါတယ်။ Excited Dimer ရဲ့ အတိုကောက်ကို ယူထားလို့ Excimer Laser ခေါ်ပါတယ်။ ဒီလေဆာဟာ အရေပြားဆဲလ်တွေရဲ့ ကြီးထွားမှုနဲ့ ကွဲပွားမှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိလို့ အရေပြားရောဂါကုသရာမှာ အထူးထိရောက်မှုရှိပါတယ်။ Excimer Laser လေဆာဟာ ထပ်တရာနာ (Psoriasis)၊ ခရုသင်းရောဂါ (Vitiligo)၊ နှင်းခူရောဂါ (Atopic Dermatitis)၊ လူကြီးမှဲ့ခြောက် (Seborrheic Keratosis)နဲ့ အရေပြားပြန်ရည်ကြောကင်ဆာ (Cutaneous T-Cell Lymphoma)တွေမှာ အဓိကသုံးကြတယ်။ Excimer Laser ရဲ့ အသုံးဝင်ပုံ —————————- ၁။ […]
Vitiligo ခရုသင်းစွဲခြင်း ခရုသင်းဆိုတာ အသားအရောင် မညီညာဘဲ အဖြူကွက်တွေ ပေါ်ပေါက်လာတာမျိုးကို ခေါ်ပါတယ်။ အင်္ဂလိပ်လို vitiligoလို့ သုံးပါတယ်။ အသံထွက်ရင် “ဗစ်တယ်လိုက်ဂို” လို့ ထွက်ရတယ်။ လက်တင်စကားမှာ “vitium” ဆိုတာ အကွက်၊အမှက်လို့ အဓိပ္ပါယ်ရတယ်။ “ligo”ဆိုတာ နောက်ဆက်စကားဖြစ်ပြီး “ပေါင်းစည်းခြင်း၊အကြောင်းရင်း”တဲ့။ စာရင်းဇယားတွေအရ တကမ္ဘာလုံးမှာ ခရုသင်း(vitiligo)ဖြစ်သူပေါင်း ၆၅သန်းလောက်ရှိမယ်လို့ ခန့်မှန်းကြတယ်။ ဒီတော့ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ဟာ ခရုသင်း ဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။ အမေရိကားတစ်နိုင်ငံထဲမှာကို ဒီလိုရောဂါသည်ပေါင်း ၂ သန်းလောက် ရှိနေတယ်။ မိဘနှစ်ပါးအနက် တယောက်ယောက်မှာ ဒီရောဂါရှိရင် ကလေးငယ်မှာဖြစ်ဖို့ အခွင့်အလန်း ၅-၁၀ရာခိုင်နှုန်း ရှိတယ်။ ဒါ့ကြောင့် မျိုးရိုးလိုက်တယ်လို့ ယူဆနိုင်တယ်။ ခုခံအားချင်းပြန်တိုက်တဲ့ ရောဂါရှိသူတွေမှာ ပိုအတွေ့များရတယ်။ အသားလတ်သူထက် အသားမည်းသူတွေမှာ […]


