Open 9:00-12:00 AM
+95 92051590

Category Archive : Lichenification

Lichen Amyloidosis (အမိုင်းလွိုက် အဖုအပိန့်ထွက်ခြင်း)ဆိုတာ အရေပြားအောက် အမိုင်းလွိုက်ဓာတ် စုပုံခြင်းကြောင့် ဖြစ်လာတဲ့ အဖုအပိန့်မျိုးကို ခေါ်တာဖြစ်တယ်။ အရေပြားလွှာအတွင်းပိုင်း ပြောင်းလဲမှုဖြစ်လို့ Cutaneous Amyloidosis လို့လည်း ခေါ်ကြတယ်။ localized နေရာတစ်ခုထဲ ကွက်ဖြစ်လို့ localized amyloidosis လို့လည်း ဆေးပညာမှာ သုံးနှုန်းကြတယ်။ ခြေလက်တွေမှာ အဖြစ်များပြီး အလွန်ယားယံတတ်ပါတယ်။ ကုတ်ဖဲ့တာကြာလာတာနဲ့အမျှ ဖြစ်တဲ့နေရာအရေပြားအရောင်ပြောင်းလဲလာပါတယ်။  ဘာ့ကြောင့်ဖြစ်လဲ ကုတ်ခြစ်ထားတဲ့နေရာတွေမှာ ပွတ်တိုက်မှုကြောင့်အရေပြားအတွင်းပိုင်း ပုံစံပြောင်းပြီး မူမမှန်တဲ့ amyloid ပရိုတင်းတွေ စုပုံလာတယ်။ ခြေ၊လက်မောင်း၊ ကျောပြင်စတဲ့ နေရာတွေမှာ အဖြစ်များပြီး ညို့သကျီး နေရာတွေက အဖြစ်များဆုံးဖြစ်တယ်။ အဖုတွေက စမ်းသပ်ကြည့်ရင် မာမာခဲခဲဖြစ်နေတတ်ပါတယ်။ အလွန်ယားယံတာကြောင့် မကြာခဏ ကုတ်ဖဲ့ရတယ်။ ကုတ်တာ ကြာလာတဲ့အခါ အရေပြားထူထပ်လာပြီး အဖုအပိန့်တွေက အညိုရောင်အဖြစ် […]

lichen nitidus ဆိုတာ ကလေးငယ်တွေမှာ ဖြစ်တဲ့ အသားရောင်အဖုငယ်လေးတွေကို ခေါ်ပါတယ်။ ကျောင်းနေစကလေးငယ်တွေမှာ အတွေ့များတယ်။ အရင်က lichen planus ရောဂါရဲ့ လက္ခဏာခွဲတစ်ခုအဖြစ်ရှုမြင်ခဲ့ကြပေမယ့် အခုတော့ သီးခြားအရေပြားပုံစံအဖြစ် လက်ခံလာကြတယ်။ ဒီရောဂါဟာ တခြားအရေပြားရောဂါတွေနဲ့ ဆက်စပ်နေတတ်တယ်။ Lichen planus, Atopic dermatitis, Crohn disease, Down syndrome, HIV, Juvenile chronic arthritis စတဲ့ ရောဂါတွေနဲ့ ဆက်စပ်နိုင်တယ်။ အဖုလေးတွေဟာ လက်မောင်း၊ လက်ဖျံ အတွင်းပိုင်း၊ ဗိုက်၊ ရင်ဘတ်၊ တင်ပါးစတဲ့နေရာတွေမှာ အတွေ့များတယ်။ အစုလိုက်ဖြစ်ကြတယ်။ အဖုက ခပ်မာမာနဲ့စူထွက်နေတတ်တယ်။ အဖုထိပ်ပိုင်းက ခပ်ပြားပြားနဲ့ အရွယ်အစားက ပင်းအပ်ခေါင်းလောက်သာရှိတယ်။ အပြင်စူထွက်ပြီး ပြောင်တင်းနေတတ်တယ်။ ကြာစူးနဲ့ ဆင်တူတယ်။ တချို့က […]

2 Nov, 2021 | No Comments

Lichen aureus

Lichen aureus ဆိုတာ ခြေထောက်မှာ အဖြစ်များတဲ့ သံချေးရောင် ယားနာကွက်တွေကို ခေါ်ပါတယ်။ pigmented purpuric dermatosis အမျိုးအစားထဲပါဝင်ပြီး လူငယ်တွေနဲ့ ကလေးတွေမှာ အဖြစ်များတယ်။ lichen purpuricus လို့လည်း ခေါ်ကြသေးတယ်။ သွေးနီဥပေါက်ထွက်လာရာက haemosiderin ဓာတ်တွေ အရေပြားအောက်လွှာ(superficial dermis)မှာ စုပုံအနည်ထိုင်ရာကနေ ဒီလိုသံချေးရောင်ကွက်တွေ ဖြစ်ပေါ်လာလေ့ရှိတယ်။ဖြစ်တဲ့နေရာကို လေ့လာကြည့်တဲ့အခါ lymphocytes နဲ့  histiocytes ခုခံအားဆဲလ်တွေ စုပုံနေတာ တွေ့ရတယ်။ အထူးသဖြင့် histiocytesဆဲလ်တွေ ပိုတွေ့ရတယ်။ ဘာ့ကြောင့်ဖြစ်လဲ သွေးကြောပျက်စီးမှု(endothelium damage)ကြောင့် ဖြစ်တယ်ယူဆကြတယ်။ များသောအားဖြင့် ဆေးဝါးတွေကြောင့် ဖြစ်တယ်။ interferon alpha နဲ့ ribavirin ဆေးဝါးတွေကြောင့် အဖြစ်များတယ်။ ဆိုးဆေးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ကုသနည်း pimecrolimus 1% cream […]

lichen sclerosus ဆိုတာ ယားယံတဲ့ ငွေရောင် အကွက်တွေ ခြေလက်၊ အင်္ဂါစပ် စတဲ့နေရာတွေမှာ ဖြစ်ပေါ်လာတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်တယ်။ ကုတ်ခြစ်လိုက်ရင် ပေါက်ပြဲလွယ်တယ်။ အရွယ်မရွေးဖြစ်နိုင်ပေမယ့်အသက်(၅၀)ကျော် အမျိုးသမီးတွေမှာ အတွေ့များတယ်။  လက္ခဏာရပ်များ lichen planus အကွက်တွေက ငွေရောင်၊ ပန်းရောင် အမျိုးမျိုး ရှိနိုင်တယ်။ ရေစိုထားတဲ့ တစ်ရှူးစက္ကူလို ရှုံ့တွနေတတ်တယ်။ တချို့ မျက်နှာပြင်အကွက်တွေ ပြောင်တင်းနေတတ်တယ်။ အမျိုးသမီးတွေမှာ အင်္ဂါစပ်အတွင်းပိုင်းနဲ့ စအိုဝစတဲ့နေရာတွေမှာ အဖြစ်များတယ်။ အမျိုးသားတွေမှာ လိင်တံထိပ်အရေပြားပေါ်မှာ ရှိနေတတ်တယ်။ အရေပြားအောက်ခြေက အမာရွတ်(fibrosis)လိုဖြစ်နေတာကြောင့် ဆွဲဆန့်ထားသလို တင်းကျပ်နေမယ်။ ဒါမျိုးရှိရင် လိင်ဆက်ဆံရင် နာကျင်တတ်တယ်။  ဘာ့ကြောင့်ဖြစ်လဲ အကြောင်းရင်းမှန်ကို သေချာမသိရဘူး။ ခုခံအားချင်း ပြန်တိုက်ရာက အောက်လွှာက ရှုံ့တွသွားပြီး အမာရွတ်လိုဖြစ်ကျန်ရာက ဖြစ်ကျန်တတ်တယ်။ မျိုးဗီဇ၊ စိတ်ဖိစီးမှု၊ […]