Open 9:00-12:00 AM
+95 92051590

Category Archive : Papules

Fox-fordyce disease ချွေးပြွန်ရောဂါ Fox-Fordyce disease ဆိုတာ ချွေးဂလင်းပိတ်ဆို့တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ချွေးဂလင်းပြွန်ဟာ ရောင်ရမ်းမှုဖြစ်စဉ်ကြောင့် ပိတ်ဆို့လာပါတယ်။ အထူးသဖြင့် ချွေးထွက်များတဲ့ ဂျိုင်း၊ဆီးခုံ စတဲ့နေရာတွေမှာ အသားရောင်အဖုလေးတွေ အစုလိုက်တွေ့ရတယ်။ အမျိုးသားတွေမှာ ရင်သားအမွှေးအမျှင်ထွက်တဲ့နေရာတွေအဖြစ်များတယ်။ အဆီကျိတ်ဖုလေးတွေနဲ့ ပုံစံတူလို့ apocrine miliaria, apocrine duct occlusion, sweat retention disease စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။ ချွေးပြွန်ရောဂါ (Fox-Fordyce disease) ဟာ အပျိုဖော်ဝင်စအရွယ်တွေမှာ စတင်ဖြစ်ပွားလေ့ရှိတယ်။ အသက် ၁၃-၃၅နှစ်အတွင်း အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ဘာ့ကြောင့်ဖြစ်လဲ သီအိုရီအမျိုးမျိုးရှိပါတယ်။ အများအားဖြင့် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တယ်လို့ လက်ခံထားကြတယ်။ ချွေးပြွန်မှာ keratotic plug ခေါ်တဲ့ အရေပြားဆဲလ်သေ ပိတ်ဆို့ရာက ချွေးပြွန်တွေ […]

ကျောပြင်အကွက်လိုက် မဲခြင်း ကျောပြင်အကွက်လိုက် မဲခြင်းဟာ အရေပြားပရိုတင်းဆဲလ် (keratin) စုစည်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့လက္ခဏာတစ်မျိုး ဖြစ်ပါတယ်။ အမည်းရောင်အကွက်ငယ်တွေ ပေါင်းစည်းထားလို့ confluent and reticulated papillomatosis (CARP) အမည်ပေးထားတယ်။ အရေပြား ဆေးပညာမှာ Gougerot-Carteaud syndrome လို့လည်းခေါ်သေးတယ်။  CARP က ဘာ့ကြောင့်ဖြစ်လဲသေချာမသိရသေးဘူး။ ဖြစ်နိုင်တာက keratin-16 မျိုးဗီဇ ဆဲလ် ပြောင်းလဲမှု၊ မွေးရာပါ ကရာတင်ဆဲလ် မူမမှန်တာ၊ အရေပြားတွင်း အမိုက်လွိုက်ပရိုတင်း စုပုံခြင်း၊ ဟော်မုန်းမူမမှန်တာ၊ အဝလွန်တာ၊ခရမ်းလွန်ရောင်ခြည်နဲ့ Pityrosporum တစေးမှိုပိုးကို လွန်ကဲစွာတုံ့ပြန်မှုတွေကြောင့်ဖြစ်နိုင်တယ်။ အဝလွန်သူ၊ချွေးထွက်လွယ်သူတွေမှာလည်း မကြာခဏတွေ့ရတတ်တယ်။ သာမန်အားဖြင့် ဒီရောဂါဟာ ဘာရောဂါလက္ခဏာမှမပြဘဲ ပိုက်ကွန်ပုံစံ ရောင်ခြယ်အမဲရောင်အကွက်တွေ ကျောပြင်မှာ အဆုပ်လိုက် အကွက်လိုက် တွေ့ရှိရတယ်။ ဆယ်ကျော်သက် လူငယ်လူရွယ်တွေမှာ အဖြစ်များပြီးခန္ဓာကိုယ် အပေါ်ပိုင်းနဲ့ လည်ပင်းပိုင်းတွေမှာ အများဆုံး တွေ့ရတယ်။ မျက်နှာ၊ပေါင်ခြံနဲ့ ဒူးခေါက်ကွေးနေရာတွေမှာလည်း တွေ့ရှိရတတ်တယ်။ အမဲရောင်ကွန်ယက်ပုံစံဖြစ်ပေါ်လာဖို့ ကရာတင်ဆဲလ်တွေက အကွက်လိုက်စုစည်းပေါင်းစည်းထားတယ်။ ယခင်က Malassezia furfur မှိုပိုးနဲ့ ဆက်စပ်နိုင်တယ်ယူဆခဲ့ပေမယ့် နောက်ပိုင်းတွေ့ရှိိချက်တွေအရ Dietzia maris ဗက်တီးရီးယားပိုးတစ်မျိုးနဲ့လည်း ပက်သတ်နေပါတယ်။ ကျောအမဲကွက်ဖြစ်လာရင် နားလည်တတ်ကျွမ်းတဲ့အရေပြားဆရာဝန်နဲ့ စနစ်တကျပြပြီး ကုသမှုခံယူသင့်တယ်။ ပုံမှန်အားဖြင့် တစ်လကနေ တစ်လခွဲအထိကုသရပြီး ၆၅%ဟာကုသပြီး (၃)လအတွင်း ပျောက်ကင်းနိုင်တယ်။ ပြန်ဖြစ်နိုင်ချေကတော့ ၁၅%ထိရှိတယ်။ အကြံပြုချက် ဒီလို အကွက်တွေဖြစ်လာရင် အစားအသောက်ထဲမှာ အပူအစပ်၊ အအီအစိမ့်နဲ့ အချိုကို အဓိကရှောင်ရမယ်။ အထူးသဖြင့် မိဘမျိုးရိုးထဲမှာ ဆီးချိုရောဂါရှိသူတွေပါ။ အဝလွန်သမားတွေမှာ အဖြစ်များလို့ ဝိတ်ချသင့်တယ်။ရာသီဥတုပူပြင်းတဲ့ရာသီတွေမှာ ပေါ့ပါးတဲ့ ချည်ထည်စကိုသာ ဝတ်ဆင်သင့်တယ်။  ဒေါက်တာအေးမင်းထူး (အရေပြားအထူးကုဆရာဝန်) အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက နီးစပ်ရာ အရေပြားအထူးကုဆရာဝန်ထံသို့ ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသရန်အတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။ If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Stucco keratosis (ကရာတင်ဖတ် ကပ်ခြင်း)ဆိုတာ သေးငယ်ပြီး အပြင်ကိုစူထွက်နေတဲ့ ကရာတင်အဖတ်လေးတွေကို ခေါ်ပါတယ်။ အရေပြားအပေါ်ယံလွှာမှာ ကရာတင်ဆဲလ်သေတွေ စုပုံလာပြီး ခြောက်သွေ့ကြမ်းတမ်းတဲ့ အဖတ်လေးတွေဖြစ်လာတယ်။ အရေပြားနဲ့ ကပ်နေတဲ့ကရာတင်အဖတ်လေးတွေမို့ stucco keratosis ခေါ်ပါတယ်။ နေရောင်ထိတွေ့မှု လွန်ကဲတာနဲ့ ပွန်းတိုက်မိတာတွေက ကရာတင်ဖတ် (stucco keratosis)ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ အသက်(၄၀)ကျော်အရွယ် အမျိုးသားတွေမှာ ပိုတွေ့ရတယ်။ Stucco keratosis ဟာ အရေပြားကပ်နေတဲ့ ဖယောင်းဖတ်လေးတွေနဲ့ ဆင်တူတယ်။ ကရာတင်ဖတ်တွေဟာ အဖြူရောင်​၊ အဝါရောင်၊ အမဲရောင်စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။ ခြေ၊လက် စတဲ့နေရာတွေမှာ တွေ့ရတယ်။ အထူးသဖြင့် ခြေဖမိုး၊ လက်ဖမိုးနေရာတွေမှာ အဓိကတွေ့ရတယ်။ ယားယံနာကျင်မှုမရှိဘဲ ခြောက်သွေ့ကြမ်းတမ်းနေတတ်တယ်။ အလွယ်ခွာလို့ရပြီး ကွာတဲ့နေရာမှာ သွေးစထွက်တာ မတွေ့ရဘူး။  ကုသနည်း နေ့စဉ် […]