ဝက်ခြံမထွက်အောင် Moisturizer ရွေးနည်း Moisturizer နဲ့ပက်သတ်ပြီး လူတွေ ကောင်းကောင်းနားမလည်သေးတဲ့ အချက်တစ်ခုကို ရှင်းပြပါမယ်။ အစိုဓာတ်ထိန်းဆေးထဲမှာ serum, essence, ampoule, emulsion, day cream, night cream ဆိုပြီး အမျိုးမျိုး ရှိတယ်။ တချို့ နေလောင်ကာတွေမှာလည်း အစိုဓာတ်ထိန်းဆေးပါတယ်။ Shea butter, cocoa butter လိုမျိုး ပါနေလို့ပဲ။ ဝက်ခြံထွက်တတ်သူတစ်ယောက်ဟာ အစိုဓာတ်ထိန်းဆေး သုံးရင် သတိပြုရမယ်။ အဆီပြန်တဲ့အသားအရည်တွက် oil အဆီ သီးသန့် လိမ်းတာ လုံးဝရှောင်သင့်တယ်။ ဘာ့ကြောင့်လဲ။ အဆီတွေက sebaceous gland ရဲ့ pore အပေါက်တွေကိုသွားရောက်ပိတ်ဆို့တတ်လို့။ (၁) အသားခြောက်ရင် ပထမအဆင့် serum သို့ essence ကို အရင်သုံးကြည့်ပါ.. (၂) မရသေးရင် emulsifier ပိုများတဲ့ emulsion (နို့ရည်)ကို ဆက်သုံးပါ… (၃) အဲဒါမှ မနိုင်သေးရင် cream type တွေ စသုံးလို့ရတယ်။ သတိပြုရမှာက cream ထဲမှာ oil, bee wax နဲ့ Shea butter တမျိုးမျိုး သေချာပေါက်ပါတယ်။ ဒါတွေမပါပဲ cream type moisturizer တွေထုတ်လို့မရဘူး။ သူတို့က comedogenic ဝက်ခြံအဖုတွေ ထွက်တတ်တဲ့ အာနိသင်ရှိတယ်။ ဒါ့ကြောင့် ဆောင်းရာသီက လွဲရင် ကျန်တဲ့ကာလတွေမှာ cream type ကို သတိထားသုံးစွဲရမယ်။ (၄) oil အဆီကတော့ ကိုရီးယား၊တရုတ်၊ဂျပန်လို အေးခဲတဲ့ဒေသတွေမှာ နေရင် အသုံးဝင်တယ်။ လေထုစိုထိုင်းစအရမ်းနည်းပြီး ခြောက်သွေ့လွန်းတဲ့ အသားအရည်ဖြစ်လို့ protective layer အနေနဲ့ကာကွယ်ပေးချင်တဲ့အခါoil ကို သုံးရတာဖြစ်တယ်။ မြန်မာပြည် အအေးပိုင်းမှာ နေတဲ့သူတွေလည်း cream သို့်မဟုတ် oil တခုခု လိုကောင်းလိုနိုင်ပါတယ်။ မြေပြန့်ဒေသမှာ နေတဲ့သူတွေကတော့ ပက်ကြားအက်တဲ့အဆင့်ထိမရောက်သေးရင် ဒီနှစ်မျိုးကို ရှောင်သင့်တယ်။ အထူးသဖြင့် နွေရာသီပူအိုက်တဲ့ကာလတွေမှာပါ။ အနှစ်ချုပ်ရရင် ဝက်ခြံထွက်တဲ့အသားအရေမှာ အစိုဓာတ်ထိန်းချင်တဲ့အခါ serum သို့ essence အရင် စမ်းလိမ်းကြည့်ပါ။ မရသေးရင် ဒုတိယအဆင့်အနေနဲ့ Emulsion သုံးပါ။ အဲဒါမှမရသေးရင် cream တမျိုးမျိုးသုံးပါ။ နောက်ဆုံးအဆင့် အသားအရေ ပက်ကြားအက်တဲ့အဆင့်ရောက်မှ oil တမျိုးမျိုးကို အသုံးပြုရမယ်။ ဒီအတိုင်း စနစ်တကျသုံးရင်moisturizer လိမ်းပြီး ဝက်ခြံထွက်ခြင်းမှ […]
အနီရောင် ဝက်ခြံပျောက် မျက်နှာသစ်ဆေး Clozac အနီရောင် မျက်နှာသစ်ဆေးသည် အဆီဖုဝက်ခြံ(whiteheads)နှင့်ဆားဝက်ခြံ(blackheads)ဝက်ခြံများအတွက်အထူးထုတ်လုပ်ထားသည့်မျက်နှာသစ်ဆေးတမျိူး ဖြစ်သည်။ အနီရောင် မျက်နှာသစ်ဆေးတွင် Salicylicacid, nicotinamide, tea tree oil, aloe Vera, allantoin, Vit B5(D-panthenol) နှင့် Vit E တို့ပါဝင်သည်။ Salicylic acid သည် အဆီတွင် ပျော်ဝင်စေပြီး အဆီဂလင်းကိုထိန်းချုပ်ပေးခြင်းကြောင့်ဆားဝက်ခြံ၊အဆီဖုဝက်ခြံများကိုသက်သာပျောက်ကင်းစေသည်။ Nicotinamideသည် အဆီဂလင်းကို ကျဥ်းစေသည့်အပြင် အဆီပြန်ခြင်းကိုထိန်းချုပ်ပေးသောကြောင့် မိတ်ကပ်၊ပိုးမွှား၊ဖုန်မှုန့်များကြောင့်ချွေးပေါက်ပိတ်ခြင်း၊ အဆီပြန်ခြင်းကို သက်သာ လျှော့ပါးသက်သာစေနိုင်သည်။ထို့ပြင် လက်ဖက်ဆီ(tea tree oil) ပါဝင်ခြင်းကြောင့်ရောင်ရမ်းနာဝက်ခြံများကိုပါ သက်သာစေသည်။ vitamin B5 (D-panthenol) သည်အသားလောင်ခြင်း၊ မျက်နှာရဲခြင်းကို သိသိသာသာ သက်သာစေသည်။အစိုဓာတ်ထိန်းပေးသည့် ရှားစောင်းလပ်ပပ်(Aloe Vera)နှင့် ဗီတာမင် အီး(vitamin E) […]
အသားဝင်း အဆီကင်း (၆)မျိုးစပ် မျက်နှာသစ်ဆေး မျက်နှာသစ်ဆေးတွင် အသားဖြူစေမည့် ပစ္စည်းနှစ်မျိုး၊ မျက်နှာဝင်းပစေမည့် ပစ္စည်းသုံးမျိုးနှင့် အဆီပြန်ခြင်းကိုကာကွယ်ပေးသည့် ပစ္စည်းနှစ်မျိုး အချိုးကျ ပါဝင် ပေါင်းစပ်ထားသည်။ ထို့ပြင် အဆီဖုဝက်ခြံများကိုလည်း သိသိသာသာ သက်သာပျောက်ကင်းစေနိုင်သည်။ (၁) အသားဖြူစေမယ့် ပစ္စည်း Kojic acid Liquorice (၂) မျက်နှာဝင်းစေမယ့် ပစ္စည်း Glycolic acid Lactic acid Vitamin C (၃) အဆီပြန်ခြင်းကင်းစေမယ့် ပစ္စည်း Salicylic acid Nicotinamide ပါဝင်ပစ္စည်းများ – SALICYLIC ACID, GLYCOLIC ACID, LACTIC ACID, VIT C, KOJIC ACID, LIQUORICE, NICOTINAMIDE, VIT E, D-PANTHENOL, EDTA, SAS အာနိသင်များ Salicylic acid – အဆီဂလင်းကို ထိန်းချုပ်ပေးပြီး မျက်နှာအဆီပြန်ခြင်းကင်းစေကာ ဝက်ခြံများကိုပျောက်ကင်းစေနိုင်သည်။ Glycolic acid – ဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေးခြင်းကြောင့် အရေပြားမညီညာမှုများကို သက်သာပျောက်ကင်းစေသည်။ Lactic acid […]
Cutishine ရွှေရောင်မျက်နှာသစ်ဆေး ရွှေရောင်မျက်နှာသစ်ဆေးသည် ဆားဝက်ခြံများကို အလျင်အမြန် သက်သာပျောက်ကင်းစေပြီး မျက်နှာကိုကြည်လင်လာစေသည့် မျက်နှာသစ်ဆေးတစ်မျိုးဖြစ်သည်။ ထို့ပြင် သန့်စင်သော ရွှေမှုန်ကလေးတွေ ပါဝင်သည့်အတွက်အသားအရေလင်းလက် တောက်ပပြီး မျက်နှာကို သိသိသာသာ ဝင်းပလာစေပါတယ်။ ပါဝင်ပစ္စည်းများ – Glycolic Acid (2%), Salicylic Acid (0.5%), Liquorice Extract (1 %), Tea tree Oil (0.5%), Aloe Vera (2 %) ဘာတွေကောင်းလဲ Glycolic acid မျက်နှာပေါ်ရှိ အရေပြားဆဲလ်သေများကို ကွာကျစေပြီး ဝက်ခြံ၊အမဲစက်၊အမာရွတ်များနှင့် အသားအရေမညီညာမှုများကိုပျောက်ကင်းစေပါသည်။ Salicylic acid မျက်နှာတွင် ပိတ်ဆို့နေသော အဆီခဲလေးများကို ဖယ်ရှားပေးပြီး ချွေးပေါက်ကျဥ်းစေကာ ဝက်ခြံများကို သိသိသာသာသက်သာပျောက်ကင်းစေပါသည်။ Liquorice နွယ်ချိုတွင်ပါဝင်သော အဆင့်မြင့် ဓာတ်ပေါင်းတစ်မျိုးဖြစ်သည့် liquiritin ဓာတ်သည် အသားမဲသည့် မယ်လနင်ဓာတ်ကိုဖယ်ရှားပေးနိုင်သောကြောင့် ၂ပတ်အတွင်း သိသိသာသာ အသားဖြူလာစေပါသည်။ Tea tree oil ဝက်ခြံပိုးမွှားကြောင့် ဖြစ်ပေါ်လာသော ရောင်ရမ်းမှုကို ချက်ချင်းသက်သာစေပြီး ဝက်ခြံအဖုအပိန့်များကို လျော့ကျလာစေပါသည်။ Aloe vera ရှားစောင်းလက်ပပ်တွင် သဘာဝအစိုဓာတ်ထိန်းသော အာနိသင်ရှိပြီး မျက်နှာအသားအရေကို နူးညံ့စိုပြေဝင်းမွတ်စေပါသည်။ ထို့ပြင် ဝက်ခြံအမာရွတ်များကိုလည်း လျော့ပါးသက်သာစေပါသည်။ D-panthenol – ဝက်ခြံကြောင့် မျက်နှာရဲခြင်းကို သိသိသာသာ သက်သာစေပြီး အရေးအကြောင်းများကိုပါ ပျောက်ကင်းစေနိုင်သည့် အာနိသင်ရှိသည်။ အာနိသင်များ ဆားဝက်ခြံ၊အဆီဖုဝက်ခြံများကို ပျောက်ကင်းစေခြင်း အဆီဂလင်းပိတ်ဆို့မှုကို ကာကွယ်ပြီး အဆီပြန်ခြင်း ကင်းစေခြင်း ဝက်ခြံကြောင့် ဖြစ်ပေါ်လာသော အမဲစက်များကို သက်သာစေခြင်း ဝက်ခြံပြန်ထွက်မလာအောင် ကာကွယ်ပေးနိုင်ခြင်း မျက်နှာအသားအရေကြည်လင်တောက်ပစေခြင်း ဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေးခြင်းကြောင့် အရေပြားမညီညာမှုများကို ပျောက်ကင်းစေကာဝက်ခြံကြောင့် ကျန်ခဲ့သောအမဲစက်၊အမာရွတ်များကိုပါ သက်သာပျောက်ကင်းစေသည်။ ရောင်ရမ်းမှုကို လျှော့ကျစေနိုင်သည့် aloe vera နှင့် tea tree oil ပါဝင်သည့်အတွက် ဝက်ခြံအဖုအပိန့်များအတွက်ပါ သုံးစွဲနိုင်ပါသည်။ မျက်နှာသစ်ဆေးသုံးနည်း Cutishine မျက်နှာသစ်ဆေး အနည်းငယ်ယူပြီး လက်ဖဝါးတွင်ထည့်ကာ မျက်နှာပေါ်သို့ စက်ဝိုင်းပုံ စက္ကန့် (၂၀)ကြာ ပွတ်လိမ်းပေးပါ။ ထို့နောက် ရေဖြင့် ဆေးချပါ။ မနက် တစ်ကြိမ်၊ ည တစ်ကြိမ် နေ့စဥ် ပုံမှန်သုံးစွဲခြင်းအားဖြင့် တစ်လအတွင်းဝက်ခြံပျောက်ကင်းကာ အသားအရေ ကြည်လင်ဝင်းပလာစေပါသည်။