20 Feb, 2022 | No Comments
Topical Niacinamide
အသားဖြူဆေးမဟုတ်တဲ့ Niacinamide ဒီဖက်ခေတ် skin whitening ရေးထားတဲ့ပစ္စည်းတွေမှာ niacinamide လည်း ပါလေ့ရှိတယ်။ တခါတရံniacinamide တမျိုးထဲပါပြီး skin whitening lotion ရေးထားတာလည်း တွေ့ရတယ်။ အမှန်တော့ niacinamide ဟာ အသားဖြူဆေးအမျိုးအစားမဟုတ်ဘူး။ သူ့အာနိသင်က Melanosome ရွေ့လျားမှုကို တားဆီးခြင်းသာဖြစ်တယ်။ဥပမာ နေလောင်တဲ့အခါ melanin ထုတ်လုပ်မှုများလာတယ်။ melanin ကို အပေါ်လွှာရောက်အောင်melanosome ကပို့ဆောင်ပေးရတယ်။ နားလည်လွယ်အောင်ပြောရရင် အမဲရောင်ခြယ် (melanin) တွေအစုလိုက်အပြုံလိုက် တခြားတစ်နေရာရောက်အောင် ရထားနဲ့တူတဲ့ melanosome က သယ်ဆောင်ပေးရတယ်။niacinamide က melanosome ကိုတားဆီတာကြောင့် အမဲရောင်ခြယ်တွေ အပေါ်ယံဆဲလ်လွှာမှာ စုပုံမှုမရှိတော့ဘူး။ ဒီလိုနည်းနဲ့ကာကွယ်တာဖြစ်တယ်။ ဒါ့ကြောင့် melanin က epidermis အပေါ်လွှာထဲရောက်တဲ့အခါပဲNiacinamide ရဲ့ အာနိသင်က သက်ရောက်လိမ့်မယ်။ နဂိုကတည်းက စုပုံနေပြီးသား melanin တွေကို ကုသတဲ့နေရာမှာတော့ မစွံလှဘူး။ niacinamide အာနိသင်က prevention တားဆီးတဲ့ဖက်မှာ ပိုအသုံးဝင်တယ်။ ဒီအချက်ကို အခြေခံပြီး နေလောင်ကာလိမ်းဆေးတွေမှာ niacinamide ထဲ့တာကောင်းတဲ့အချက်ပဲ။ ကာကွယ်နိုင်စွမ်းကောင်းတယ်။ သို့သော် အသားဖြူဆေးအနေနဲ့သုံးစွဲရင်တော့ တလွဲသုံးတာဖြစ်သွားပြီ။ melanin synthesis ကိုတားဆီးတဲ့ဆေးတွေကပဲ ပိုအလုပ်ဖြစ်လိမ့်မယ်။ တင်းတိပ်ထွက်တဲ့လူနာတွေကို လေ့လာကြည့်။ သူတို့ သုံးတဲ့skin care အများစုမှာ skin whitening တွေချည်း တွေ့ရလိမ့်မယ်။သုံးရင်းသုံးရင်း နောက်ဆုံးတော့ မစွံတဲ့ results တွေပဲထွက်ပြီး စိတ်ကုန်သွားတော့။ ဘာမှထူးမလာဘူးတဲ့။ အမှန်တော့ သူတို့သုံးတဲ့ထဲမှာ niacinamide လိုပစ္စည်းတွေပဲ ထည့်ထားတာ။ တင်းတိပ်ပျောက်ဖို့ကျတော့ niacinamide က အသုံးမဝင်လှဘူး၊ အထူးသဖြင့် mixed melasma နဲ့ dermal melasma မှာ niacinamide က အကျိုးမရှိနိုင်ဘူး။ သို့သော် ဝက်ခြံအမဲစက် ဖြစ်လာနိုင်တဲ့ဝက်ခြံမျိုးမှာတော့ တော်တော်အသုံးဝင်တယ်။ melanosome transfer ကို တားဆီးတာကြောင့် ရောင်ရမ်းနေတဲ့ဝက်ခြံနေရာကိုရောက်လာမယ့် အမဲရောင်ခြယ် တွေတားဆီးပြီးဖြစ်သွားတယ်။ Sebogel သုံးပြီး အသားဖြူလာသလိုပဲတဲ့။ တကယ်က အသားဖြူတာမဟုတ်ဘူး၊ အမဲစက်ကမထွက်တော့ ပါးတယ်ထင်ရတာ။ ဝက်ခြံပျောက်ဆေးသွင်းတုန်းက ဒီအချက်ကို အကြီးအကျယ်ဂရုစိုက်ခဲ့တယ်။ Niacinamide 3-10%အတွင်း သုံးရမယ်လို့ကောက်ချက်ချခဲ့တယ်။ နောက်ဆုံးတော့ ကြားချပြီး 6%ကိုပဲရွေးချယ်လိုက်တယ်။ ဝက်ခြံအမာရွတ်တင်မဟုတ်ဘူး၊ နေလောက်ကာလိမ်းဆေးနဲ့ body lotion တွေမှာ niacinamide ထည့်သုံးတာလည်းကောင်းတဲ့အချက်ပဲ။ အသားလောင်ပြီး ဖြစ်လာမယ့်အမဲကွက်ကို သူက ကာကွယ်ပေးလိမ့်မယ်။ တကယ်အသားဖြူတာတော့မဟုတ်ဘူး။ niacinamide နဲ့ သဘောသဘာဝတူတဲ့ အခြားပစ္စည်းတွေရှိသေးတယ်။ soybean extract, lecithins နဲ့ neoglycoprotein တွေပါ။ကုမ္ပဏီတွေကတော့ skin whitening လို့ ရေးကြလိမ့်မယ်။ ဒီနေရာမှာ အဓိကသိစေချင်က နဂိုမဲနေတဲ့အသားအရေက niacinamide လိမ်းပြီး ဖြူမလာနိုင်ဘူး။ skin whitening ရေးထားတာနဲ့ အသားဖြူဆေး၊အမဲစက်ပျောက်မယ် ဆိုလိုတာ မဟုတ်ဘူး။ အာနိသင်ရှိတယ်လို့ပဲဆိုလိုတာ။ အသားဖြူပြီး အမဲစက်ပျောက်ဖို့ အပေါ်ယံ အရေပြား ၄လွှာ နဲ့ အောက်လွှာအရေပြား ၂လွှာ ဘယ်အလွှာမှာ ရောင်ခြယ်ဓာတ်တွေ စုပုံနေလဲ နားလည်မှ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒေါက်တာအေးမင်းထူး (အရေပြားအထူးကုဆရာဝန်) If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက နီးစပ်ရာ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။
Foundation နဲ့ BB cream ဘာကွာခြားလဲ Foundation ဆိုတာ မိတ်ကပ်ရည်တမျိုးဖြစ်ပြီး BB cream ကတော့ မိတ်ကပ်သားပါတဲ့ လိမ်းဆေးခရင်မ် တမျိုး ဖြစ်ပါတယ်။ ဒါဆို ဒီနှစ်မျိုးဘာကွာခြားသလဲ။ အလွယ်ဆုံးနားလည်လွယ်အောင် ပြောရရင် ပါဝင်ပစ္စည်း၊ ဖော်မြူလာနဲ့ဖုံးကွယ်နိုင်စွမ်းတွေ ကွာခြားသွားတယ်လို့ပြောရမယ်။ BB cream ကို “Blemish Balm” သို့မဟုတ် “Beauty Balm” ခေါ်တယ်။ အမဲစက်တွေကို ဖုံးကွယ်နိုင်စွမ်း အးကောင်းတယ်။ tinted moisturizer ထက် အမဲစက်ဖုံးကွယ်မှု ပိုကောင်းနေမယ်။ အရောင်ပါအစိုဓာတ်ထိန်းပစ္စည်း (tinted moisturizer) ထက်ပိုပျစ်ပါတယ်။ သို့သော် မိတ်ကပ်ရည် (foundation) လောက် မထူပါ။ မိတ်ကပ်သား မပါဝင်ပါ။ အားသာချက်က နေလောင်ကာနိုင်မှု ပိုကောင်းတာနဲ့ အသားအရေ ပြုပြင်နိုင်တဲ့ ပစ္စည်းပိုပါတာဖြစ်တယ်။ ပုံမှန်အားဖြင့် BB သုံးရင် မိတ်ကပ်လိမ်းထားမှန်း သိပ်မသိသာဘူး။ အောက်ခံအရောင်က ခပ်ပြေပြေ ခပ်ဖျော့ဖျော့သာ ဖြစ်နေမယ်။ အာနိသင်တွေက စုံပါတယ်။ အစိုဓာတ်ထိန်းတယ်။ နေလောင်ကာတယ်။ အရေပြား အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတယ်။ serum, moisturiser, primer, foundation နဲ့ sunblock စတဲ့အာနိသင်တွေ တစုတည်း ပေါင်းထားတဲ့ သဘောဖြစ်လို့အချိန်ကုန်သက်သာတယ်။ အမဲစက်၊ အမာရွတ်ကွက်တွေ ခပ်ပါးပါးဖုံးနိုင်တယ်။ တချို့ BB ေတွက primer ပါပြီးသားမို့ တဆင့်တည်းလိမ်းရုံနဲ့ ပြီးတယ်။ bb လိမ်းတဲ့အခါ လက်ချောင်း၊မိတ်ကပ်ဖော့၊ စုတ်တံ မိမိနှစ်သက်ရာနဲ့လိမ်းပေးနိုင်တယ်။ ယေဘုယျအားဖြင့် BB cream တမျိုးဟာ ကာလာ ၂-၄ ရောင်လောက်သာ လာလေ့ရှိတယ်။ မိတ်ကပ်ရည် (foundation)တွေကတော့ မျက်နှာအမဲစက်၊ အပြစ်အနာအဆာ ဖုံးကွယ်နိုင်စွမ်းမှာ ပိုကောင်းတယ်။ မိတ်ကပ်သား ပိုများသလို ပိုပျစ်တယ်။ အရောင်ထူတယ်။ လိမ်းထားရင် အသားဖြူတယ်။ အပြစ်အနာအဆာတွေကို ဖုံးကွယ်နိုင်စွမ်း ပိုအားကောင်းတယ်။ အရည်အပျစ်အကျဲပေါ်မူတည်ပြီး foundation အမျိုးအစား လေးမျိုးရှိတယ်။ (၁) sheer cover makeup (၂) light cover makeup (၃) medium cover makeup (၄) […]
ဘိုတောက် အသားတင်းဆေးထိုးခြင်း မျက်နှာအရေးအကြောင်းအတွက် Botox ထိုးတာ ကြားဖူးကြလိမ့်မယ်။ Botox ထိုးတာ မျက်နှာပြုပြင်ဖို့နဲ့ အရေးအကြောင်း ကင်းစင်အောင်သာ ဖြစ်ပါတယ်။ non-invasive procedure ခွဲစိတ်ဖို့မလိုတဲ့နည်းဖြစ်လို့ လူကြိုက်များတယ်။ နာမည်ကျော် botox အကြောင်း ဆက်လက်ဖော်ပြပေးပါမယ်။ Botox သမိုင်းကြောင်းBotox ဆိုတာ botulinum toxin(အဆိပ်) တမျိုးဖြစ်ပါတယ်။ ဒီအဆိပ်အတောက်က Clostridium botulinum ခေါ်တဲ့ ဗက်တီးရီးယားတမျိုးက ထွက်လာတယ်။ ပိုးက မေးခိုင်ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားနဲ့ အမျိုးအစားချင်းတူပါတယ်။ အများအားဖြင့် အုံ့ဆိုင်းနေတဲ့ သစ်တော၊စိမ့်စမ်း၊ တောတောင်၊လျှိုမြောင်၊ ချောင်း၊ရေအိုင် စတဲ့နေရာတိုင်းမှာ တွေ့နိုင်တယ်။ နို့တိုက်သတ္တဝါ၊သားငါးတွေရဲ့ အူလမ်းကြောင်းမှာလည်း သဘာဝအလျှောက် ရှိနေတတ်တယ်။ အများအားဖြင့် ဒီဗက်တီးရီးယားေတွက လူကို ဒုက္ခမပေးလေ့မရှိဘူး။ ဒါပေမယ့် ဗက်တီးရီးယား spores ခေါ်တဲ့ မျိုးအောင်းစေ့တွေက ဆဲလ်တွေကွဲပွားပြီး သေကြေပျက်ဆီးတဲ့အခါ အဆိပ်အတောက်ကို ထုတ်လာတယ်။ ဒီအဆိပ်က အာရုံကြောကို ဦးတည်တိုက်ခိုက်တဲ့ အဆိပ်အတောက် တမျိုးဖြစ်လို့ neurotoxin […]
ရေမြှုပ်ဥ ရွေးချယ်ခြင်း ပန်းရောင် မူရင်း beautblender တစ်မျိုးဖြစ်တယ်။ beautblender ကို မိန်းကလေးတွေက ရေမြှုပ် သို့မဟုတ် “ဥ”လို့ သုံးတယ်။ပန်းရောင်ဟာ မိတ်ကပ် primers, foundations, powders, cream blushes, နဲ့ အရောင်ပါတဲ့ ပစ္စည်းတွေ မျကိနှာပေါ်လိမ်းဖို့အသုံးဝငိတယ်။ ပန်းရောင်ဥ သုံးခြင်းအားဖြင့် အက်ကြောင်းရာမပေါ်ဘဲ ညီညာစေတယ်။ ဘာ့ကြောင့် ပန်းရောင်ဥ (pink blender) ကို သုံးသလဲ။ ရေပြန်ဆေးတဲ့အခါ အဆင်ပြေလို့ဖြစ်တယ်။ တချို့မိတ်ကပ် ပညာရှင်တွေ ကတော့ သုံးတာကြာပြီး အရောင်လွင့်လာရင် အသစ်တစ်ခုပြောင်းပါလို့ အကြံပေးတယ်။ beautyblender pro ဆိုတာ original blender ထက်မျက်နှာပြင် ပိုကြမ်းတယ်။ အဖြူရောင် skincare တွေ လိမ်းတဲ့အခါ အသုံးပြုဖို့ ထုတ်ထားတယ်။ အဖြူရောင်ဥက ဆိုးဆေးမပါဘူး။ နောက်အသုံးဝင်တဲ့တချက်က sensitive skin သမားတွေ ဆိုးဆေးဓာတ်မတဲ့တာ ရှိတဲ့အခါ အဖြူရောင်ဥကိုသာ ရွေးကြတယ်။ ပုံမှန်အားဖြင့် serums, essence, ampoule, creams တွေ လိမ်းတဲ့အခါ အသုံးပြုကြပါတယ်။ မကောင်းတဲ့အချက်က အဖြူရောင်ဖြစ်တဲ့ အတွက်ညစ်လွယ်တယ်။ မကြာခဏပြောင်းသုံးရလို့ တချို့က စိတ်မရှည်ကြဘူး။ အနက်ရောင် အနက်ရောင် ရေမြှုပ်ကို beautyblender pro လို့ ခေါ်ကြာတယ်။ တကယ့် ပရော်ဖက်ရှင်နယ် မိတ်ကပ် ပညာရှငိတွေ အဓိကသုံးတယ်။ တခုကို ဒေါ်လာ ၂၀-၃၀ကြားထိ ရှိတယ်။ အနက်ရောင်ရောင်နဲ့ သုံးရင် မိတ်ကပ်ရောင်ကို ပိုမိုထင်ဟပ်စေတယ်လို့ ဆိုတယ်။ original ပန်းရောင်ရေမြုပ်ထက် မျက်နှာပြင် ကြမ်းတယ်။ ကိုင်ရတဲ့ ခပ်မာမာနေတယ်။ ကျွမ်းကျင်မိတ်ကပ်ပညာရှင် မဟုတ်ရင် သုံးရခက်တယ်လို့ဆိုတယ်။ အသားရောင် နောက်ဆုံးမှပေါ်တဲ့ ရေမြှုပ်ဥဖြစ်တယ်။ အနက်ရောင်ထက် ပိုပေါ့သလို တခြားရေမြှုပ်ဥတွေထက် ပိုပျော့တယ်။ ကောင်းတာက အဖြူရောင်ဥလို ရေပြန်ဆေးရင်ဆိုးဆေးတွေ ထွက်မလာတာဖြစ်တယ်။ ဒါ့ကြောင့် nude လို့လည်း ခေါ်တယ်။ အနီရောင် (Red beautyblender ) red carpet set လို့လည်း ခေါ်တယ်။ ဒီရေမြှုပ်ဥကို Sephora နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပန်းရောင်နဲ့ တူတယ်။မိတ်ကပ်သုံးဖို့ ထုတ်ထားတာပဲ။ ကားတွေဆေးသုတ်တဲ့အခါ သုံးတဲ့ လေမှုတ်ဆေးဖြန်းသလို အနီရောင်သုံးရင် ညီညာအောင် ပြုလုပ်ပေးတယ်ဆိုတယ်။ ပန်းရောင်အတိုင်း ရေဆေးရင် အနီရောင်ဆိုးဆေးတွေ ထွက်လာပါတယ်။ ခရမ်းရောင် Beautyblender royal လို့ တင်သားကြတဲ့ ဒီအမျိုးအစားဟာ အနီရောင်ရေမြှုပ်ဥနဲ့ အသုံးဝင်ပုံချင်းတူတယ်။ မတူတာကlimited edition အနေနဲ့ ထုတ်တာဖြစ်ပါတယ်။ အဝါရောင် Beautyblender နဲ့ Supergoop ကုမ္ပဏီတို့ပေါင်းစပ်ပြီး ဒီအဝါရောင် limited-edition ကို ထုတ်လိုက်တယ်။ beautyblender.com မှာပဲ ဝယ်ယူရရှိနိုင်ပြီး Supergoop! sunscreen သုံးတဲ့အခါ အဝါရောင် lemon mini sponge နဲ့ သုံးဖို့ လက်ဆောင်ထည့်ပေးတတ်တယ်။ ဒါ့ကြောင့် sunblock နေလောင်ကာလိမ်းဖို့ ထုတ်ပေးထားတာလို့ ပြောလို့ရတယ်။ အနှစ်ချုပ် ရွေးနည်း အဖြူရောင် – skin care အတွက် ပန်းရောင် – မိတ်ကပ်သားဖျော့တာအတွက် အနက် – မိတ်ကပ်သားရင့်တာ လိမ်းဖို့ အစိမ်း – highlight , contour ဒေါက်တာအေးမင်းထူး