Open 9:00-12:00 AM
+95 92051590

Hypertrophic scar

29 Oct, 2021 | No Comments

Hypertrophic scar

Hypertrophic scar ဖောင်းကြွအမာရွတ်

Hypertrophic scar ဆိုတာ အရေပြားပေါ်တွင် အနာဖြစ်ပြီးနောက် အမာရွတ်က အမြစ်တွယ်ပြီး ဖောင်းကားလာတဲ့ အမာရွတ်ကျပ်ခဲ တစ်မျိုးဖြစ်ပါတယ်။ ဒီအမာရွတ်ပုံစံဟာ ပုံမှန်အမာရွတ်တို့ထက် ပိုမိုထူထဲလာပြီး သက်သာပျောက်ကင်းဖို့ ခက်ခဲပါတယ်။ ဒဏ်ရာရတဲ့နေရာဟာ ပုံမှန်ထက် ကိုလာဂျင်အမျှင်တွေ ပိုမိုပွားများရာက ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒဏ်ရာဖြစ်လွယ်သူ၊ အသားအရေယားယံတတ်သူတွေမှာ ပုံမှန်ထက်လွန်ကဲတဲ့ တုံ့ပြန်မှုဆကြာင့် ဒီလိုအမာရွတ်ကျပ်ခဲ (hypertrophic scar)တွေ ဖြစ်ပေါ်လေ့ရှိတယ်။  

Hypertrophic scar ဖြစ်ပေါ်ရခြင်းအကြောင်းရင်းမှာ အရေပြားအတွင်း အနာကျက်နေစဉ် fibroblast ဆဲလ်များမှ ကိုလာဂျင် ဖိုက်ဘာအမျှင်တန်း(collagen fibre)နဲ့ extracellular matrix (ECM) တို့ အနာအခြေရင်းမှ ထွက်ရှိလာခြင်းကြောင့် ဖြစ်ပေါ်လာတယ်။ ရောင်ရမ်းခြင်းဟာ ကြာရှည်ဖြစ်ပေါ်နေတာကြောင့် ပုံမှန်ထက်ကိုလာဂျင်တွေက အနည်ထိုင်စုပုံလာပါတယ်။ အနာကျက်ပြီး အမာရွတ်က မာပြီးခဲနေရင် hypertrophic scar ရှိနေပြီဆိုတာ သိနိုင်တယ်။ keloid အမာရွတ်နဲ့ ကွာခြားတာက ဒဏ်ရာရတဲ့နေရာမှာပဲ ဖောင်းကားနေတာဖြစ်တယ်။ အသားအရောင် ရင့်တာ မဲတာ ရှိတယ်။

Hypertrophic scar ဖြစ်တဲ့အခါ အပေါ်ယံ အရေပြားဟာ အနာကျက်တဲ့အခါ လျှော့ပါးလာပေမယ့် အောက်ခံအရေပြားကတော့ လျှော့ပါးမလာဘဲ တဖြည်းဖြည်း ဖောင်းတက်လာပါတယ်။ ဒါ့ကြောင့် ဒဏ်ရာရလွယ်သူတွေဟာ မိမိအနာကို သေချာဂရုစိုက်ဖို့ လိုအပ်တယ်။ အတွေ့အကြုံအရ ခြင်ကိုက်ပြီး ဒဏ်ရာအမာရွတ်ဖြစ်လွယ်သူတွေဟာ hypertrophic scar ပုံစံမျိုး ဖြစ်လေ့ရှိတယ်။ mast cells overstimulation က ပုံမှန်ထက်လွန်ကဲတဲ့ အရေပြားတုံ့ပြန်မှုကို ဖြစ်စေတယ်ဆိုတဲ့ သီအိုရီတွေလည်း ရှိပါတယ်။

ကုသနည်းများ

Hypertrophic scar ကို ကုသနည်း အမျိုးမျိုးရှိတယ်။ Laser သို့မဟုတ် silicone sheets ကို အသုံးပြုပြီး ဖောင်းကားနေတဲ့အမာရွတ်ကို လျှော့ပါးစေနိုင်ပါတယ်။ ပိုမိုဆိုးရွားတဲ့ အမာရွတ်တွေမှာ steroid Injection ထိုးပြီး ထိန်းချုပ်နိုင်တယ်။

1. Silicone Gel Sheets

Silicone gel sheets တွေဟာ အရေပြားအပေါ်ယံလွှာကို နူးညံ့ချောမွေ့စေပြီး ရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးတယ်။ တနည်းအားဖြင့် Silicone gel သုံးခြင်းကြောင့် hypertrophic scar ရဲ့ အထူနှင့် အရောင်ကို လျှော့ကျစေတယ်။ မာခဲနေတာတွေ သက်သာစေတယ်။

2.Pressure Therapy

Pressure garments သို့မဟုတ် bandage ရဲ့ ဖိအားကို အသုံးပြုပြီး အမာရွတ်ကြီးထွားမှုကို ထိန်းချုပ်နိုင်တယ်။ လေ့လာမှုတွေအရ 20-25mmHg ရှိတဲ့ ဖိအားကို အသုံးပြုသင့်တယ်။

3. Laser Therapy

Laser treatment လေဆာကုထုံးကလည်း ​hypertrophic scar ရဲ့ ထူထဲမှုကို လျှော့ချနိုင်တယ်။အထူးသဖြင့် pulsed dye laser အမျိုးအစားဟာ အမာရွတ်အရောင်မတူညီမှုကို လျှော့ချပေးနိုင်တယ်။

4. Corticosteroid Injections

Steroid injections (စတီးရွိုက်ထိုးဆေး)တွေကို အရေပြားအတွင်းပိုင်းထဲ ထိုးထည့်ပေးခြင်းအားဖြင့် အရေပြားရောင်ရမ်းမှု (inflammation) ကို လျှော့နည်းစေပြီး အမာရွတ်ကြီးထွားမှုကို ထိန်းချုပ်နိုင်တယ်။

5. Surgery

ခွဲစိတ်ပြုပြင်တဲ့နည်းလည်း အသုံးပြုနိုင်ပေမယ့် ပုံမှန်ထက်တုံ့ပြန်တဲ့ လူနာတွေမှာ သတိပြုသုံးစွဲသင့်တယ်။

Hypertrophic scar တွေဟာ လူကိုဒုက္ခမပေးပေမယ့် ကြည့်ရဆိုးတာကြောင့် စနစ်တကျထိန်းသိမ်းရန်အရေးကြီးပါတယ်။ နားလည်တဲ့ ဆရာဝန်နှင့်တိုင်ပင်ပြီး စနစ်တကျ ကုသဖို့ လိုပါတယ်။

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews