Open 9:00-12:00 AM
+95 92051590

Erythema toxicum

6 Nov, 2021 | No Comments

Erythema toxicum

Erythema toxicum neonatorum မွေးကင်းစ အသားရဲခြင်း

Erythema toxicum ဟာ မွေးကင်းစကလေးငယ်တွေ (အထူးသဖြင့် နှစ်ပတ်အတွင်း) အဖြစ်များတဲ့ အနီကွက်လေးတွေဖြစ်ပါတယ်။ မွေးကင်းစအရွယ်မှာဘဲ တွေ့ရလို့ Erythema toxicum neonatorum (ETN) လည်းခေါ်တယ်။ Toxic erythema လည်းခေါ်ကြတယ်။ ကြောက်စရာရောဂါမျိုးတော့ မဟုတ်ပါဘူး။ မွေးကင်းစကလေးငယ်တွေရဲ့ ထက်ဝက်နီးပါးမှာ သဘာဝအလျှောက် တွေ့ရတယ်။ ရိုးရိုးမွေးသူ၊ ပထမဆုံးကလေးကိုယ်ဝန်တွေမှာ အဖြစ်များတယ်။ အသားညိုသူတွေ ပိုဖြစ်ကြတယ်။ ထူးဆန်းတာတစ်ခုက နေ့မစေ့ဘဲ မွေးတဲ့ကလေးတွေမှာ သိပ်မတွေ့ရတဲ့ အချက်ပါ။

ဘာ့ကြောင့်ဖြစ်လဲ

ဖြစ်စေတဲ့အကြောင်းရင်းကို သေချာမသိရဘူး။ သီအိုရီအချို့တော့ ရှိပါတယ်။ မိခင်ဆီက ခုခံအားစနစ်နဲ့ ပဋိပက္ခဖြစ်တာ၊ အလာဂျစ်ဓာတ် ပါလာတာ၊ ပတ်ဝန်းကျင်အပူချိန် ရုတ်တရက် ပြောင်းလဲမှုကို ခန္ဓာကိုယ်က တုံ့ပြန်တာ စသည်ဖြင့် အမျိုးမျိုးဆိုကြပါတယ်။ သေချာတာက သွေးဖြူဆဲလ် eosinophils နဲ့ neutrophils တွေ အရေပြား(upper dermis)မှာ စုပုံလာရာကဖြစ်တယ်။ အထူးသဖြင့် eosinophils ဆဲလ်တွေ မွှေးညင်းအိတ်ထဲစုနေတဲ့အခါ ပြည်ဖုလေးတွေအဖြစ်မြင်ရပြီး အနီးနားပတ်ဝန်းကျင်မှာ စုပြုံနေရင် အနီဖုလေးတွေအဖြစ်တွေ့မြင်ရတယ်။

လက္ခဏာရပ်များ

မွေးပြီး ရက်ပိုင်းအတွင်း အသားအရေနီရဲလာတယ်။ စစချင်း မျက်နှာရဲပြီး ရင်ဘတ်၊ ဗိုက်နဲ့ ခြေလက်တွေ စတာတွေဆက်ဖြစ်လာနိုင်တယ်။ လက်ဖဝါး၊ခြေဖဝါးမှာ ပေါ်လေ့မရှိဘူး။ ဖျားတာ၊နာတာ၊ယားယံတာမျိုး မတွေ့ရဘူး။ တချို့ကလေးတွေမှာ အနီကွက်ပေါ် အနီဖု၊ အရည်ကြည်ဖု၊ ပြည်ဖုသေးသေးလေးတွေ စသည်ဖြင့် ရှိတတ်တယ်။ တချို့ပြည်ဖုလေးတွေမှာ အသားရဲပြီး အဖတ်လန်တာတွေ ရှိတတ်တယ်။ စိုးရိမ်ဖို့ မလိုအပ်ဘူး။ ဖြစ်ပြီး ရက်ပိုင်းအတွင်း ပြန်ကောင်းသွားပါလိမ့်မယ်။

မှတ်သားရန်အချက်များ

Erythema toxicum neonatorum (ETN) မွေးကင်းစ အသားရဲတာ စိုးရိမ်ဖို့မလိုပါဘူး။ သန့်ရှင်းတဲ့အဝတ်စိုသုံးပြီး ဆားရေပတ် တိုက်ပေးနိုင်တယ်။ ဖြစ်ပြီး ၅ရက် တစ်ပတ်အတွင်း ပြန်ကောင်းသွားပါလိမ့်မယ်။ သို့သော် တခြားရောဂါတွေ (ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊မှိုပိုးဝင်တာ)ရှိရင် ဆရာဝန်နဲ့ ပြသသင့်တယ်။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews