Open 9:00-12:00 AM
+95 92051590

Razor bumps

6 Nov, 2021 | No Comments

Razor bumps

Razor bumps (သင်တုန်းဓား မွှေးကျွတ်နာ)ဆိုတာ အမွှေးရိတ်တဲ့နေရာမှာ တွေ့ရတဲ့ ဝက်ခြံဆန်ဆန် အဖုတွေကို ခေါ်ပါတယ်။ အမွှေးရိတ်တဲ့အခါ မွေးညင်းပေါက်ကို ပွတ်တိုက်မိခြင်းကြောင့် အခြေမှရှိတဲ့ မွေးညင်းအိတ်ရောင်ရမ်းလာပြီး အဖုရဲရဲလေးတွေ ဖြစ်ပေါ်လာပါတယ်။ Razor bumps ကို ဆေးပညာလို Pseudofolliculitis barbae လို့ခေါ်ပါတယ်။ pseudofolliculitis ဆိုတာ အမှန်တကယ် ပိုးမွှားဝင်ရောက်မှုမရှိဘဲ မွှေးညင်းအိတ်ရောင်ရမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်ဖုလေးတွေ ဖြစ်ပါတယ်။

Razor bumps (သင်တုန်းဓား မွှေးကျွတ်နာ)ဟာ မေးစေ့၊ မေးရိုး၊ ဂျိုင်း၊ ခြေထောက်၊ ဆီးခုံရိုးစတဲ့ အမွှေးကြမ်းရှိတဲ့နေရာတွေမှာပဲ အဖြစ်များတယ်။ အမွှေးရိတ်တာ၊ အမွှေးနှုတ်တာ၊ အမွှေးချွတ်တာစသည်ဖြင့် မွှေးညင်းအိတ်ကို မကြာခဏပွတ်တိုက်မိတဲ့အခါ ရောင်ရမ်းပြီး နီရဲတဲ့အဖုလေးတွေ ဖြစ်ပေါ်လာပါတယ်။ အသားမဲသူ၊ အမွှေးကောက်သူ၊ အမွှေးကြမ်းရှသူတွေမှာ အဖြစ်များပါတယ်။ သက်လတ်အရွယ်ယောကျာ်းတွေမှာ ပိုတွေ့ရတယ်။ ဖြစ်တာကြာလာတာနဲ့အမျှ ပြည်ဖု၊ပြည်အိတ်တွေအဖြစ်ပြောင်းလဲလာပြီး ရေရှည်မှာ အမာရွတ်၊အမဲစက်တွေ ကျန်ရစ်ခဲ့နိုင်တယ်။

ကုသနည်း

ရောဂါပိုးဝင်ရောက်တာမဟုတ်ဘဲ ရိုးရိုးမွှေးညင်းပေါက်ရောင်ရမ်းတာဖြစ်လို့ သူ့ဘာသာပျောက်ကင်းနိုင်ပါတယ်။ ဖြစ်တဲ့နေရာကို မပွတ်မိအောင် အထူးဂရုစိုက်ရမယ်။ အဖုရှိတဲ့နေရာကို ရေနွေးဝတ်ကပ်ပေးနိုင်တယ်။ နေ့စဉ်အမွှေးရိတ်တာမျိုးရှောင်သင့်တယ်။ waxing တွေ ထပ်မလုပ်ပါနဲ့။ ပျောက်ကင်းတဲ့အခါ အမွှေးရိတ်ခရမ် (shaving cream)တွေ သုံးပြီးမှ ရိတ်ပါ။ ရိတ်တဲ့အခါ အမွှေးကိုအောက်ခြေထိ ဖိမရိတ်ဘဲ 1mm လောက်ချန်ထားပါ။ ဘရိတ်ဓားသုံးတဲ့အခါ အသွားထက်တဲ့ ဘရိတ်ဓားမျိုးကိုသာ ရွေးချယ်သုံးစွဲသင့်တယ်။

Write Reviews

Leave a Comment

No Comments & Reviews