9 Dec, 2021 | No Comments
Acne zone
မျက်နှာပေါ်က ဝက်ခြံများအကြောင်း
ဝက်ခြံဆိုတာ လူပျို၊အပျိုမရွေး အသက်အရွယ်မရွေးပေါက်ကြပါတယ်။ ယေဘုယျအားဖြင့် မျက်နှာ၊လည်ပင်း၊ကျောပြင်၊ ရင်ဘတ်၊ ပခုံးစတဲ့နေရာတွေမှာ အပေါက်များတယ်။ ဝက်ခြံပေါက်သူရဲ့ ၈၀ရာခိုင်နှုန်းဟာ အသက်(၁၁)နှစ်နဲ့ (၃၀)ကြားဖြစ်ကြပါတယ်။ အမျိုးသားတွေဟာ မျက်နှာတပြင်လုံးဖြစ်ကြပေမယ့် အမျိုးသမီးတွေကတော့ မျက်နှာအောက်ပိုင်း(ပါးပြင်၊မေးရိုး၊မေးစေ့)စတဲ့နေရာတွေမှာ အဖြစ်များတယ်။ journal of American Academy of Dermatology ရဲ့အဆိုအရ အသက်(၂၅)နှစ်အထက် အမျိုးသမီးတွေရဲ့ ၅၄ရာခိုင်နှုန်းဟာ မျက်နှာဝက်ခြံအနည်းနဲ့ အများဆိုသလိုရှိတတ်ကြတယ်။ ဆိုလိုချင်တာက အမျိုးသားတွေဟာ လူပျိုဝင်စအသက်ရွယ်မှာဝက်ခြံပိုပေါက်ကြပြီး အမျိုးသမီးတွေကတော့ အဲထက်နောက်ကျနိုင်တယ်။ အသက်(၃၀)ကျော်အရွယ်ထိအမျိုးသမီး ၄ယောက်မှာ တယောက်ဟာ ဝက်ခြံပေါက်နေနိုင်တယ်။ ဒါက အမျိုးသားနဲ့ အမျိုးသမီးရဲ့ ကွာခြားချက်ဖြစ်ပါတယ်။
ဝက်ခြံထွက်တာ ပုံမှန်ဆိုပေမယ့် လက်တွေ့မှာတော့ ပေါက်တဲ့နေရာပေါ်မူတည်ပြီး အခြေခံအကြောင်းရာတွေ မတူညီကြပါ။ ထွက်တဲ့နေရာက မျက်နှာမှာကို အမျိုးမျိုးဖြစ်နိုင်တယ်။ ဝက်ခြံထွက်တဲ့ နေရာအလိုက် မျက်နှာမှာအဓိကဇုန် (၁၄)ခု ခွဲခြားထားတယ်။ တခုချင်းစီကိုအောက်က ပုံနဲ့တိုက်ကြည့်ပြီး လေ့လာကြည့်ရအောင်။
Zone 1 & 3
နဖူးမှာ ဝက်ခြံပေါက်တာ ဆီးအိမ်နဲ့ အစာခြေစနစ်မကောင်းတာကို ညွှန်ပြနေတယ်။ ဆီးသွားနည်းသူ၊ ဝမ်းချုပ်လွယ်သူတွေမှာ အဖြစ်များတယ်။ ဒီလိုလူနာတွေမှာ ရေများသောက်ဖို့လိုသလို အရည်ရွှမ်းတဲ့အသီးအရွက် နေ့စဉ်စားသင့်တယ်။ မနက်တိုင်း ဝမ်းမှန်အောင် ကြိုးစားရမယ်။ အနည်းဆုံးဆီးတနေ့ သုံးကြိမ် သွားကြည့်ပါ။ ဝမ်းမှန်မှန်သွားပါ။ အစားအသောက်ထဲမှာ အဆီများတဲ့ ဝက်သား၊ အမဲသား လျှော့စားပါ။ ကော်ဖီ၊အသားကင် မစားသင့်ပါ။ ဒီလိုနေရာမှာ ဝက်ခြံထွက်သူတိုင်း အစားအသောက်၊အနေအထိုင် ပြင်ဆင်ရုံနဲ့ သူ့ဘာသာပျောက်ကင်းနိုင်တယ်။
Zone 2
မျက်ခုံးအတွင်းပိုင်းမှာ ဝက်ခြံပေါက်တာ အသည်းကြောင့် ဖြစ်နိုင်တယ်။ အသည်းဆိုတာ လု့ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ အသည်းရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆိပ်အတောက်တွေကို စွန့်ပစ်တာ ဖြစ်ပါတယ်။ ဥပမာ အရက်၊ဘီယာသောက်တဲ့အခါ အသည်းမှာ အလုပ်ပိုရတယ်။ အသည်းလုပ်ဆောင်မှုနည်းတဲ့အခါ မျက်ခုံးအတွင်းပိုင်းမှာ ဝက်ခြံထွက်မယ်။ အသင့်စားအာလူးကြော်၊ ဆိုးဆေးပါတဲ့ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်စတာတွေ ရှောင်ရမယ်။ lactose intolerance လက်တို့စ်ဓာတ်မတဲ့သူတွေမှာလည်းဝက်ခြံပေါက်နိုင်တယ်။ လိုအပ်ရင် အသည်းအားဆေးသောက်ရမယ်။
Zone 4 & 10
နားမှာ ဝက်ခြံပေါက်တာ ကျောက်ကပ်ရောဂါကြောင့် ဖြစ်နိုင်တယ်။ အပူ၊အအေး မမျှတဲ့အခါ၊ခန္ဓာကိုယ်တွင်း အပူလွန်ကဲတဲ့အခါ ဖြစ်တတ်တယ်။ ရေဓာတ်၊ဆားဓာတ် အားနည်းရင်လည်း ဖြစ်ဦးမယ်။ ဒါ့ကြောင့် ဓာတ်ဆားရည်များများသောက်ပါ။ ကော်ဖီ၊အရက်၊ အချိုရည် လုံးဝဖြတ်ပစ်ပါ။ အပူ၊အအေး မျှတအောင် နေပါ။ နေပူထဲက ပြန်ရောက်ရောက်ချင်း အဲယားကွန်းခန်းထဲ မဝင်ပါနဲ့။တချု့်လည်း ဆေးသောက်ဖို့ မလိုပဲ ပြန်ကောင်းလာကြတယ်။
Zone 5 & 9
ပါးပြင်မှာ ဝက်ခြံပေါက်တာ အဆုတ်အားနည်းလို့ ဖြစ်နိုင်တယ်။ ဆေးလိပ်သောက်တာ၊ လေထုညစ်ညမ်းမှုစတာတွေက ပါးဝက်ခြံကို ဖြစ်စေတယ်။ လိုအပ်ရင် အသက်ရှုလမ်းကြောင်းနဲ့ပက်သတ်တဲ့ရောဂါပါ တခါတည်းစစ်ရမယ်။ ပန်းနာရင်ကျပ်သမားတွေမှာ ပိုတွေ့ရတယ်။ ဆေးလိပ်သောက်ရင် ဖြတ်ပစ်ရမယ်။ လေ့ကျင့်ခန်းတခုခု(ရေကူးတာ၊ အေရိုးဗစ်လုပ်တာ)မျိုး လိုတယ်။ လေကောင်းလေသန့်ရရင် အဲဒီနေရာမှာ ထွက်တဲ့ဝက်ခြံတွေက သူ့ဘာသာ ပျောက်ကင်းနိုင်တယ်။
Zone 6 & 8
မျက်လုံးတဝိုက်မှာ ဝက်ခြံပေါက်တာ ကျောက်ကပ်ကြောင့် ဖြစ်နိုင်တယ်။ကျောက်ကပ်လုပ်ဆောင်မှုအားနည်းတဲ့အခါ ဖြစ်မယ်။ ရေများများ (အချိုရည်မပါ၊အရက်၊ဘီယာမပါ) သောက်ဖို့ လိုတယ်။ဆီးသွားပလေ့စေ။မျက်ကွင်းညိုတာရှိရင် မျိုးရိုးကြောင့်လည်း ဖြစိတတ်သလို အာဟာရချို့တဲ့တာလည်း ထည့်စဉ်းစားရဦးမယ်။စိမ်းတဲ့အရွက်များများစားပါ။ ပဲပုပ်၊ အသည်း ထည့်စားသင့်တယ်။ဗီတာမင်နဲ့ အာဟာရဓာတ် တမျိုးမျိုးလိုရင်ဖြည့်ပေးရမယ်။
Zone 7
နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းမှာ ဝက်ခြံပေါက်တာ အဆီပြန်မှုများလို့ဖြစ်တယ်။ အဆီဂလင်း sebum ထုတ်လုပ်မှုများသူဟာ အဆိုပါနေရာမှာ ဝက်ခြံထွက်လာမယ်။ အဆီဓာတ်ထိန်းတဲ့ moisturizer ပစ္စည်းတမျိုးမျိုးလိုတယ်။လိမ်းဆေးထဲမှာ cream type မျိုး မသုံးသင့်ပါ။ မိပ်ကပ်သုံးတဲ့ မိန်းကလေးတွေ သတိထားသင့်တယ်။ အသားဖြူဆေးတွေနဲ့မတဲ့ပါ။ အဆီပြန်တဲ့ အသားရေအတွက် အလွယ်ဆုံးနည်းက ဆော်ဒါမှုန့်နဲ့ သံပုရာသီးအရည်ကို ့ရောပြီး လိမ်းပေးရတာဖြစ်ပါတယ်။ ဆော်ဒါက ချွေးပေါက်ကျဉ်းစေတဲ့အာနိသင်ရှိတယ်။လိမ်းပြီး ၁၅မိနစ်ထား၊ ပြီးရင်မျကိနှာပြန်သစ်ပါ။ သွေးပေါင်များရင်လည်း အဆိုပါနေရာမှာ ဝက်ခြံပေါကိတတ်ပြန်တယ်။ ဒါလည်း သတိပြုရမယ်။
Zone 11 & 13
မေးရိုးနေရာတွေမှာဝက်ခြံပေါက်သူဟာ မျက်နှာကို မကြာခဏကိုငိတွယ်တတ်လို့ ဖြစ်ပါတယ်။ မျကိနှာသစ်တဲ့အခါ အဆိုပါနေရာတွေကို သတိထားပြီး သစ်ပါ။ လက်နဲ့ကိုငိတွယ်တာ မလုပ်ပါနဲ့။ မျက်နှာသစ်ဆပ်ပြာ တမျိုးမျိုးကို သေချာသုံးပါ။ ကိုယ်မသုံးဘူးတဲ့ cosmetic မျိုး သုံးဖို့ မစဉ်းစားနဲ့။ အများစု အမျိုးသမီးတွေမှာ ဖြစ်တာ ဒီအချက်ကြောင့်ပါ။
Zone 12
မေးစေ့မှာ ဝက်ခြံပေါက်တာ ဟော်မုန်းမမှန်လို့ ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးမဝသူတွေမှာ တွေ့ရတယ်။ အမျိုးသမီးအများစု ရာသီပေါ်စမှာ ဝက်ခြံပေါက်ကြတယ်။ မေးစေ့နေရာမှာသာ ဖြစ်တယ်။ မျက်နှာကိုမကြာခဏကိုင်တွယ်သူ၊ မျက်နှာ သန့်ရှငိးရေးအားနည်းသူတွေမှာ ဖြစိတတ်တယ်။ cleanser တမျိုးမျိုး သုံးဖို့ လိုပါတယ်။ တားဆေး(diane 35)လိုဆေးမျိုးက အမျိုးသမီး ဝက်ခြံမှာ အသုံးဝင်တတ်တယ်။
Zone 14
လည်ပင်းနဲ့ ရင်ဘတ်မှာ ဝက်ခြံပေါက်ရင် အရေပြားကြောင့်ဖြစ်တယ်။ နေလောင်တာ၊အသားရေခြောက်သွေ့တဲ့အခါပေါက်နိုင်တယ်။ အပြင်ထွက်တဲ့အခါ နေလောင်ကာလိမ်းဆေး ပေးဖို့လည်း လိုပါတယ်။ အစိုဓာတ်ထိန်းပစ္စည်းတမျိုးမျိုး သုံးရမယ်။ လည်ပင်းမှာ အမဲစက်ပျောက်တွေ့ရင် ဖြစ်တာကြာပြီလို့ သိနိုင်တယ်။ အသက်ရွယ်ကြောင့်လည်း ဖြစ်တတ်သေးတယ်။ အပြင်သွားတဲ့အခါ နေရောင်နဲ့ တိုကိရိုက်မထိအောင် အကာအကွယ်၊အဆောင်းအကာ တခုခုသုံးဖို့ လိုပါတယ်။ ဝက်ခြံပေါက်တိုင်း ဟော်မုန်းနဲ့ ဗက်တီးရီးယားကိုချည်း အပြစ်တင်လို့မရပါ။ သူ့နေရာနဲ့သူ နောက်ခံအကြောင်းရာရှိနိုင်သေးတယ်။ ဒါတွေကို သတိထားပြုပြင်ဖို့လိုပါတယ်။
ဒေါက်တာအေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews