5 Dec, 2021 | No Comments
Moe Swe Tae Nya A Lon
မိုးစွေတဲ့ညအလွန်
(၁)
သိပ်လှသည့်မိန်းကလေးတဦး။
ဒီမိန်းကလေးက သူ့ရှေ့တည့်တည့်တွင် ရှိနေပါသည်။ အဝတ်အစားကို ချပ်ချပ်ရပ်ရပ် ဝတ်ဆင်ထားပြီး အစဉ်ချိုပြုံးသော မျက်နှာလေးနှင့်လိုက်ဖက်စွာ ပန်းကလေးတပွင့်ပမာ နုပျိုလန်းဆန်းနေသည့် မိန်းကလေးက သူ့ကိုစိုက်ကြည့်ရင်းပြော၏။
“အနာက မသက်သာရင် ပြန်လာခဲ့ပါနော်”
ကြောင်အန်းအန်းနှင့် ငေးကြည့်နေရာမှ သတိပြန်ဝင်လာတော့ ရှက်ကိုးရှက်ကန်ပြန်မေးမိသည်။
“ဘယ်ပြောလိုက်တာလဲ ဆရာမ”
“ဪ ဆိုင်ကယ်တိိုက်ထားတဲ့ အနာက မသက်သာရင် ပြန်လာခဲ့ပါလို့ပြောတာပါ”
“ဟုတ်ကဲ့ ဆရာမ လာဖြစ်အောင်ပြန်လာခဲ့ပါမယ်”
ကို့ယို့ကားယားနိုင်သော သူ့အဖြေကြားတော့ ဆရာဝန်မလေးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးသည်။ ထိုအပြုံးက သူ့နှလုံးကြာထဲ ကျောက်စက်ရည်လေးတပေါက်လို စီးဝင်သွားခဲ့သည်။
(၂)
“နာမည်က ဆုသြချယ်၊ အသက်(၂၃)နှစ်၊ ဆရာဝန်ဖြစ်တာ (၂)နှစ်ရှိပြီ၊ အိမ်ထောင် မကျသေးဘူး၊ ကဲ..နောက်ထပ်ဘာသိချင်သေးလဲ”
“နာမည်နဲ့ အိမ်ထောင်ရေးသိရင်ရပါပြီကွာ၊ မင်းလည်း မောလာပြီ၊ သောက်ကွာ”
မင်းသူ၏ စကားကိုနားထောင်ရင်း အရက်ခွက်ထဲ နည်းနည်းဖြည့်ပေးသည်။
“ငါ့ဖက်က မင်းစုံစမ်းခိုင်းတာတွေ အကုန်အစီရင်ခဲ့ပြိးပြီနော်၊ ကျန်တာမင်းတာဝန်၊ လောလောဆယ်တော့ မင်းကတိပေးထားတဲ့တိုင်း ဝမ်းတေဘယ်နော်”
“အေးပါကွာ၊ စိတ်ချစမ်းပါ။ အိမ်ထောင်မရှိဘူးဆိုကတည်းက မင်းသတင်းက တန်နေပါပြီ..ကဲ..ချီးယား”
နှစ်ယောက်သား အရက်ခွက်ကို ပြိုင်တူမြှောက်ပြိး တရှိန်ထိုးမော့ သောက်လိုက်ကြသည်။ အရသာရှိလိုက်လေချင်း။
(၃)
မိုးစွေတယောက် သတင်းအတိအကျရပြီးကတည်းက ဆုသြချယ်ဆိုသော ဆရာဝန်မလေးဆီ အကြောင်းမရှိအကြောင်းရှာပြီး သွားပြသည်။ အစကတော့ ကောင်မလေးက မရိပ်မိ၊ နောက်ပိုင်း ဒဏ်ရာပျောက်တော့လည်းသူငယ်ချင်းတွေတယောက်ပြီးတယောက်ခေါ်လာသည်။ လာပြသူတွေကလည်း အပရိကရောဂါမျိုး။ ဖျားတာမျိုးလည်း မဟုတ်။ဗိုက်နာတာလိုလို၊ ခေါင်းကိုက်တာလို လက်တွေ့စမ်းသပ်လို့မရသော ရောဂါတွေနှင့် လာပြသည်။လူနာတွေသာ အလီလီ ပြောင်းလဲပေမယ့် လိုက်ပို့တဲ့သူက မပြောင်းလဲ။ မနက် (၈)နာရီဆေးခန်းဖွင့်လျှင် သူရောက်လာပြီ။
“ကိိုမိုးစွေလည်း တော်တော်ပင်ပန်းမှာနော်”
“ဘာလို့လဲ”
“ဪ လူနာတွေကိုခေါ်ပြီး လာလာပြနေရလို့လေ”
“မပင်ပန်းပါဘူးဗျာ၊ ကျတော်က သူငယ်ချင်းပေါတယ်။ ဒီကောင်တွေက တခုမဟုတ် တခု အမြဲဖြစ်နေတော့လိုက်ပို့ရတာပေါ့။ ကုသိုလ်ယူတဲ့သဘောပါ”
ဆုသြချယ်က လှပစွာ ပြုံးသည်။
“အင်းလေ ကုသိုလ်တော့ ရမှာပါ၊ ရောဂါဖြစ်ပေးနေရတဲ့ သူငယ်ချင်းတွေကို အမြဲလိုက်ကျွေးနေရတာကိုး”
“ဘာရယ်”
“မနေ့ညက လူနာတယောက်လာပြတယ်။ တမြန်နေ့က ကိုမိုးစွေခေါ်လာတဲ့လူနာပဲ၊ ဗိုက်တွေနာလို့ပါဆိုပြီး လာပြတဲ့တယောက်၊ အဲဒါနဲ့ ကျမက မှတ်မိနေတော့ မသက်သာသေးဘူးလားမေးတော့ အခုတခါ တကယ်နာနေတာပါဆရာမတဲ့၊ ဟိုကောင်ခိုင်းလို့ ဟန်ဆောင်နေတာမဟုတ်ပါဘူးတဲ့။ အဲဒိနေ့က ကိုမိုးစွေကျွေးတာတွေစားပြီးဖြစ်တော့ဒီကောင် စေတနာမရှိဘဲ ကျွေးလို့ ဗိုက်နာတာနေမှာ၊ အခုလူနာတကယ်ဖြစ်နေပါပြီ ရှုံ့မဲ့ပြောမှ ရိပ်မိတော့တယ်၊ဘယ်လိုလဲ ငြင်းဥိးမှာလား”
မျက်နှာရေနွေးဟပ်သလို ပူစပ်ပူလောင် ဖြစ်သွားသည်။ ခွေးကောင်..သန်းဇော်ဟုပင် စိတ်ထဲက ကျိန်ဆဲလိုက်မိသည်။
“ဒါကတော့ ဟို..ဟိုလေ…”
“ကဲပါ ကိုမိုးစွေရယ် ထားလိုက်ပါတော့၊ နောက်ဆို လူနာတွေခေါ်မလာပါနဲ့တော့၊ လူနာပါမှ မိတ်ဆွေဖြစ်ရမှာလည်းမဟုတ်ပါဘူးရှင်၊ ဒီတိုင်းခင်လို့လည်း ရပါတယ်”
ပွင့်လင်းသော ဆရာဝန်မလေး စကားကြောင့် ရှကိစိတ်တို့ အနည်းငယ် ပြေပျောက်သွားသည်။
“ဒါဆိုဆရာမ စိတ်မဆိုးဘူးပေါ့နော်”
“စိတ်မဆိုးပါဘူး၊ ဒါပေမယ့် နောက်ဆို မဟုတ်ပဲ လူနာတွေ ခေါ်မလာနဲ့တော့နော်၊ အဲဒါဆို တကယ်စိတ်ဆိုးမိမှာ သိလား”
ဒိလိုနှင့်ပင် ဆရာမလေး ဆုသြချယ်နှင့် စတင် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။နောက် ခြောက်လအကြာမှာတော့ သူတို့ချင်း ချစ်သူဖြစ်ခဲ့ကြသည်။
(၄)
“နင်သတိထားနော် ဆု၊ ဒီကောင်က လူရှုပ်လူပွေတဲ့”
အချစ်ဆုံးသူငယ်ချင်းယွန်းက သတိပေးသည်။ ပတ်ဝန်းကျင်တွင် နာမည်ကောင်းထွက်သူမဟုတ်မှန်း သိနေပေမယ့် ချစ်သူအပေါ် စိတ်မကွက်မိ။
“အဲလိုလည်း မဟုတ်ပါဘူးဟယ်၊ ကိုမိုးစွေက လူကောင်းပါ၊ ငါ့ကိုလည်း ချစ်ပါတယ်”
သူငယ်ချင်းယွန်းက စုတ်တချက်သပ်သည်။
“အဲဒါခက်တာပဲဆုရယ်၊ နင်က တခါမှရည်းစားမထားဖူးတဲ့ အဖြူထည်အရိုးခံလေး၊ ဟိုကလူလည်၊ နင့်နဲ့ မတွဲခင်ထားခဲ့တဲ့ရည်းစားအရေအတွက်က နင့်အသက်တောင် မကတော့ဘူးတဲ့။ သည်လောက်ရည်းစားများတဲ့သူက နင့်လိုမိန်းကလေးမျိုးကို လှည့်ပတ်ဖို့က ထမင်းစားတာလောက်တောင် မခက်ဘူး၊ ဟောသလိုု လှည့်လိုက်လို့ရတယိနားလည်လား”
လက်သူံးချောင်းကို လှည့်ပြီးပြောပေမယ့် ဆုက လက်မခံပါ။
“သူကငါ့ကို လှည့်စားမှာမဟုတ်ပါဘူးဟာ”
“နငိနဲ့တော့ခက်လိုက်တာ ဆုရယ်။ မနေ့က junction မှာ ကောင်မလေးတယောကိနဲ့ ငါကိုယိတိုင် တွေ့ခဲ့တာ၊ ဖုန်းသာပါလာရင် နင်သိအောင်ရိုက်ပြီး ဟောဒီမှာနင့်လူလို့ပြလိုက်ချင်တာသိလား”
ခင်မင်ရင်းနှီးကတည်းက မုသားရယ်လို့ တကြိမ်တခါမှ မဆိုခဲ့ဖူးသည့် ယွန်းစကားကြေင့် သူခပ်တွေတွေလေး ဖြစ်သွားသည်။ နောက်မှစဉ်းစဉ်းစားစားနှင့်”သူ့အစ်မတွေ ညီမတွေ နေမှာပါဟာ”ဟုပြောသည်။ ယွန်းနှုတ်ခမ်း တွန့်ရုံတွန့်သည်။
“အစ်မတွေ ညီမတွေဆိုရင်လည်း ကောင်းရဲ့။ခက်တာက နှစ်ယောက်တည်း လက်ချင်းချိတ် လျှောက်တာငါမြင်ခဲ့လို့ပြောတာ”
သည်စကားကိုတော့ ဆု ခွန်းတုံ့မပြန်နိုင်။ မျက်နှာလေးပြိုတော့မည့် မိုးပမာ ငိုမဲ့မဲ့လေးဖြစ်လာသည်။
(၅)
“မင်း ဘာဖြစ်နေတာလဲဆု၊ ဘာလို့ငိုနေတာလဲ၊ မေးတာလည်း ဘာတခုမှမဖြေဘူး”
ဆုမျက်ရည်စတွေကို လက်ဖဝါးနှင့် သုတ်ပြီး ကိုမိုးစွေက်ု မော့ကြည့်သည်။
“မနေ့က အစ်ကိုဘယ်သွားသေးလဲ၊ junction square မှာ ကောင်မလေးတယောက်နဲ့ တွဲသွားတယ်ဆ်ု”
“ဘယ်သူပြောလဲ”
“ယွန်း”
“အဲဒိယွန်းဆ်ုတဲ့ ကောင်မလေးက ငါတို့အဆင်ပြေနေတာကို မနာလိုလို့ပြောနေတာ၊ မနေ့က ငါ junction square သွားတာဟုတ်တယ်။ ကောင်မလေးတယောက်ပါတာလည်း ဟူတ်တယ်၊ ဒါပေမယ့်ရည်းစားတော့ မဟုတ်ဘူး”
“ဒါဆို ဘာလို့လက်ချင်းချိတ်သွားတာလဲ”
“အဲဒါ ခက်တာပဲ၊ သူက ငါ့အစ်မသူငယ်ချင်းလေ၊ ရန်ကုန်တခါမှရောက်ဖူးတာမဟုတ်ဘူး၊ လူတွေရှုပ်တော့ လူချင်းကွဲသွားမှာ စိုးလို့ ငါ့လက်ကို မလွတ်တမ်းကိုင်ထားတာ၊ ကဲ..ရှင်းပြီလား”
အစ်ကို ဒေါသတကြီးရှင်းပြပြန်တော့ ဆုဆက်မမေးရဲ။ခေါင်းလေးကို ငုံ့လိုက်ပြီး..
“ဒါဆိုလည်းပြီးတာပါပဲ အစ်ကိုရယ်”
ခပ်တိုးတိုးလေးပြောတော့ မိုးစွေက ဆုလက်ဖဝါးကို ခပ်ဖွဖွ ကိုင်ပြီး လေပြေသွေးသည်။
“စိတ်ချပါဆုရယ်၊ ကိုယ်ဆုကို ဘယ်တော့မှသစ္စာမဖောက်ပါဘူး၊ကိုယ်ပြောတာ ယုံစမ်းပါ”
ပြောရင်း သူ့ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲ ဆွဲသွင်းပစ်လိုက်သည်။ ဆုတယောက် သူ့ရင်ခွင်ကျယ်ကြီးအောက် နစ်ဝင်သွားသည်။
(၆)
“ဘာရယ်..ဒါဆို နင်…နင်တ်ု့”
“ဟုတ်တယ်ယွန်း၊ငါတို့ ဒီအခြေအနေရောက်သွားပြီ”
“ဆု နင်ရူးနေပြီလား၊ ယောကျာ်းတယောက်ကို ဒီလောက် ရူးရူးမိုက်မိုက် ယုံကြည်ရလောက်အောင် နင့်မှာအသိတရားမရှိတော့ဘူးလား”
ဒေါသတကြီးအော်သံကြောင့် ဆုမျက်နှာလေး ငယ်သွားသည်။
“ငါလည်း အစကငြင်းပါသေးတယ်ဟာ၊ ဒါပေမယ့် သူကပြောတယ်။ ငါသူ့ကို တကယ်မချစ်ပါဘူးတဲ့။ သူ့ကို မယုံပါဘူးတဲ့။ ဒီစကားတွေပြောတော့ ငါဘာလုပ်ရမလဲ။ ငါ သူ့ကိို ဘယ်လောက်ချစ်လဲ နင်အသိဆုံးပါဟာ၊ ဒါ့ကြောင့်ငါ..ငါလေ သူအလိုတိုင်း လိုက်လျှောခဲ့မိတာပါ”
“သေလိုက်တော့ဆု၊ နင်လဲသေလိုက်တော့၊ မိုးစွေက သူလိုချငိတာရရင် ထားခဲ့တော့မှာ”
“ဟင့်အင်း သူ ငါ့ကိုပဲ လက်ထပ်ယူမှာပါတဲ့။ မနေ့ကတောင် ပြောသေးတယ်”
ယွန်းက မဲ့ပြုံးပြုံးသည်။
“အေးပါ နင်အခုတော့ ငါ့စကားကို လက်ခံဦးမှာမဟုတ်လား၊ တနေ့…အင်းလေ..အဲဒီတနေ့ ရောကိမလာပါစေနဲ့လို့ပဲငါဆုတောင်းတယ်”
ယွန်းကတော့ အပြစ်လုပ်ထားသူပီပီ ခေါင်လေးငုံ့၍ နားထောငိနေသည်။ စိတ်ထဲကတော့ ကိုမိုးစွေက ဒီလိုလူစားမဟုတ်ဘူးဟု ငြင်းဆန်နေဆဲပင်။
(၇)
“ဆုတို့ လက်ထပ်ကြရအောင်နော်”
မိုးစွေပခုံးလေးကို မှီရင်းပြောတော့ မိုးစွေမျက်နှာ သိသိသာသာ ပျကိသွားခဲ့သည်။
“ဘာတွေ လောနေတာလဲဆုရယ်၊ ကိုယ်တို့ လက်ထပ်ဖို့ ဘာမှအဆင်သင့်မဖြစ်သေးဘူးလေ၊ ခဏစောင့်ပါဦးဆိုကွာ”
“ဟင့်အင်း ဆုတို့ လက်မထပ်လို့မဖြစ်တော့ဘူးအစ်ကို၊ ဆုမှာ အခု ရင်သွေးလေးရှိနေပြီ”
မိုးစွေ ဆတ်ခနဲ တုန်သွားသည်။
“ဘာပြောတယ် မင်းဘာပြောလိုက်တယ်ဆု၊ မင်းမှာရင်သွေးရှိနေပြီဟုတ်လား၊ ဟာ..မဖြစိနိုင်တာ၊ လုံးဝမဖြစိနိုင်ဘူး၊ ငါတို့ အတူနေပြီးတုန်းက မင်း ဆေးသောက်ခဲ့တယ်လေ၊ ငါ့ရှေ့မှာတင် မင်းဆေးသောက်ခဲ့တယ်လေ”
“ဆေးသောက်ခဲ့ပေမယ့် အဲဒီဆေးက တရာရာခိုင်နှုန်းမှကာကွယ်မပေးနိုငိတာ၊ ဆုအဲဒီအကြောင်း ကိုယ့်ကိုပြောဖူးပါတယ်”
“ဟာကွာ မဟုတ်သေးဘူး၊ တခုခုတော့ မှားနေပြီ။ ကိုယ်နဲ့ ကိုယ်ဝန်ရစရာ ဘာအကြောင်းမှမရှိဘူး၊ ဒီကလေးက ငါ့ကလေးလည်း မဖြစိနိုင်ဘူး၊ ဒါတခြားတယောကိရဲ့ ရတာ၊ မင်းတခြားတယောက်နဲ့ဖောက်ပြန်လို့ရတာ”
ဆုဆတ်ခနဲ တုန်ခါသွားသည်။ အစ်ကို့မျက်နှာမော့ကြည့်ရင်း မျကိရညိတို့ ပိုးပိုးပေါက်ပေါက် စီးကျလာသည်။
“ဘယ်လိုပြောလိုက်တာလဲအစ်ကိုရယ်။ ဆုက ဘယ်သူနဲ့ဖောကိပြနရမှာလဲ။ ကိုယ့်တယောကိကိုပဲ တဘဝလုံးအတွက် ရည်ရွယ်ပြီး ပုံအပိခဲ့တာလေ၊ အစ်ကို့အလိုမှန်သမျှ တတ်နိုင်သလောက် ဖြညိ့ဆည်းခဲ့တယ်လေ”
“အို..ဘာပဲဖြစ်ဖြစ် ဒီကိစ္စက လုံးဝအဓိပ္ပါယ်မရှိဘုး၊ ဒါငါ့ကလေး ဘယ်နည်းနဲ့မှမဖြစိနိုင်ဘူး၊မင်းညာနေတာ”
ခါးခါးသီးသီးငြင်းဆန်နေသော ကို့ကိုကြည့်ရင်း ဆုဝမ်းနည်းလာမိသည်။
“ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါတော့ကိုယ်ရယ်၊ ဆုကို တာဝန်မယူချင်တဲ့သဘောလား”
“တာဝန်မယူချင်တာမဟုတ်ဘူးဆု၊ တာဝန်မယူနိုင်သေးတာ။ ဒီကိုယ်ဝန်ဟာ ကိုယ်နဲ့ ရတဲ့ကိ်ုယ်ဝန်မဖြစိနိုင်ဘူး၊အေး..ဟုတ်ခဲ့တယ်ဆိုရင်တောင် ဖျက်ချလိုက်တော့ကွာ။ မင်းဒါတွေ လုပ်တတ်ပါတယ်”
နောက်ဆုံးစကားက သူ့သိက္ခာတရားက်ုသာမက ဆရာဝန်မာနကိုပါ လုံးဝထိပါးလာသည်။အစ်ကို့မျက်နှာ စူးစူးရဲရဲကြည့်ရင်း..
“ဘာပြောတယ်..ဖျက်ချရမယ်ဟုတ်လား၊ ဟင့်အင်း..လုံးဝမဖျက်နိုင်ဘူး၊ ဒီမှာအစ်ကို ဆုက ဆရာဝန်တယောက်ပါ၊ကိုယ့်ရင်သွေးကို ဖျကိချရလောက်အောင်ထိ မမိုက်မဲဘူး၊ မရက်စက်သေးဘူး”
“ဒီမှာဆု တချို့ကိစ္စတွေက အခြေနေအရလုပ်ရတာရှိတယ်။ ဒီကိုယ်ဝန်ကို မင်းဖျကိချလိုက်ပါကွာ၊ ငါတောင်းပန်ပါတယ်”
ယောကျာ်းတန်မဲ့ တောင်းလျိုးပန်လျိုး အစိကို့မျက်နှာကို ပထမဆုံးအကြိမ် ရွံရှာ့မုန်းတီးစွာကြည့်လိုက်မိသည်။
“ရပါပြီ။ ဒီလောက်ဆို ဆုသဘောပေါက်ပါပြီ။ အစ်ကို ဆုကို တာဝန်မယူနိုငိဘူး၊ဟုတ်တယ်မဟုတ်လား”
မိုးစွေ ဘာအသံမှထွက်ပေါ်မလာတော့။ ဆုအောက်နှုတ်ခမ်းကို ပြတ်ထွက်လုမတတ်ကိုက်သည်။
“ဆုဘဝမှာ တကြိမ်တခါ မှားယွငိးခဲ့မိတယ်။ အဲဒီအမှားရဲ့ အပြစ်တွေကို ဆုရင်သွေးအပေါ်ပုံချခဲ့ရင် မတရားရာကျတော့မယ်။ ဆု ဆုံးဖြတ်လိုက်ပါပြီ။ ဒီကလေးကို လုံးဝမဖျက်ဘူး။ ရအောင်မွေးမယ်၊ တာဝန်မယူချင်တဲ့လူတယောက်နဲ့ ရထားတဲ့ကလေးတယောကိကို ဆုတယောက်တည်း ဖြစ်အောင်မွေးပါ့မယ်။တခုပဲ။ လူယုတ်မာတွေနဲ့ ဆုံတွေ့ရတာ ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေလို့ ဆုတောင်းမိတယ်”
ဆုပြတ်သားစွာ ပြောပြီး လှည့်ထွက်လာခဲ့သည်။
(၈)
“ဆုရယိ၊ ငါဘာပြောရတော့မှာလဲ”
အိပ်ရာပေါ်တွင် တရှုပ်ရှုပ်ငိုကြွေးနေသော ဆုမျက်နှာကိုကြည့်ရင်း ယွန်းစိတ်မကောင်းစွာညည်းသည်။ ကိုယ်ဝန်ခြောက်လမို့ မဖုံးနိုင်မဖိနိုင်သော အခြေနေတရပ်ကြောင့် ရပ်ကွက်ထဲတွင်သာမက ပတိဝန်းကျင်တွင်ပါ မျက်နှာမပြရဲသော ဆုက သူတိုကိခန်းတွင်လာနေသည်။ နယ်တွင်ရှိသော သူ့မိခင်ကြီးကိုပင် အကြောင်းမကြားဝံ့။အကြောင်းကြားလျှင်လည်း ဒီကိုယ်ဝန်ကို ဖျက်ခိုင်းခိုင်းမှာ သေချာသည်။ ဆုတွင်ရွေးချယ်စရာမရှိ။ နောက်ဆုံးအရင်းနှီးဆုံးသူငယ်ချင်း ယွန်းတိုကိခန်းတွင် လာနေသည်။ ထိုတိုက်ခန်းတွင် ယွန်းတယောက်တည်းသာနေသည်မို့တော်တော့သည်။
“သူ နင့်နဲ့ လုံးဝအဆက်သွယ်မလုပ်တော့ဘူးမလား”
“ဘယ်လုပ်တော့မလဲ။ ကိုယ်ဝန်ရှိတယ်ပြောကတည်းက ငါ့ဖုန်းကို သူမကိုင်တော့တာ၊ ငါနဲ့လည်း လုံးဝအတွေ့မခံတော့ဘူး”
ယွန်းဘာမှမပြောဘဲ ဆုမျက်နှာလေးကို သနားကြင်နာစွာ ငေးကြည့်နေမိသည်။ဆုက သူ့အကြည့်ကိုနားလည်ဟန်ခပ်သဲ့သဲ့ပြုံးသည်။
“ဘာလဲယွန်း၊ နင်ငါ့ကို သနားနေတာလား၊ မသနားပါနဲ့ဟာ၊ ဒါတွေအားလုံး ငါ့မိုက်ပြစ်တွေချည်းပါ။ နင်သတိပေးတာ ဂရုမိစိုက်မိတဲ့အပြစ်၊ မိုးစွေဆိုတဲ့လူကို မျကိစိမှတ်ယုံခဲ့တဲ့အပြစ်။ အခုဒီအပြစ်တွေရဲ့ ဒဏ်ကို ငါတယောကိတည်း ခါးစည်းခံဖို့ ဆုံဖြတ်လိုက်ပါပြီ၊ ဘာမှမဆိုင်တဲ့ ကလေးပေါ်ပုံမချချင်တော့ဘူး၊ အရင်ဘဝက ငါမကောင်းခဲ့လို့ ဒီဘဝ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရတယ်၊ အခုဘဝ မကောင်းတာဆက်လုပ်ရင် အဲဒီအပြစ်က သံသရာထိပါတော့မယ်။ တော်ပါပြီဟာ၊ ငါကြောက်သွားပါပြီ။ ဝဠ်ကြွေးတွေ ကျန်နေခဲ့ရင်တောင် ဒီဘဝမှာတင် အကြေအလည်ပေးဆပ်ပါရစေလို့ ဆုတောင်းမိတယ်”
“ဒါဆို နင်ကလေးက်ု မွေးဖို့ ဆုံးဖြတ်လိုက်ပြီပေါ့”
“ဒီကလေးက ဟိုလူယုတ်မာရဲ့ မျိုးဆက်ဆိုပေမယ့် ဒါကသက်သက်၊ လူ့အသက်တချောင်းက သက်သက်၊နောက်ပြီး ဆရာဝန်တယောက်ရဲ့ နှလုံးသား၊ မိခင်တယောက်ရဲ့ မေတ္တာတရားနဲ့ ငါဘယ်လိုလုပ်ဖျက်ဆီးရက်မှာတဲ့လဲ၊ နင်စဦးစားကြည့်၊ ဒီကလေးကို ဖျက်ချဖို့ဆုံးဖြတ်လိုက်ရင် ငါလည်း သူ့အဖေလို လူယုတ်မာလုံးလုံးဖြစ်ရတော့မှာ”
ဒီစကားက ရင်ဝကို မြားတစင်းပမာ ထိသည်။ တိုက်တွန်းမည့်စကားတို့ ထွက်မလာတော့။
“နောက်ပြီး ငါဆုံးဖြတ်လိုက်ပြီ၊ ဒီကလေးကိုလည်း လူတော်လူကောင်းလေးတယောက်ဖြစ်အောင် ပျိုးထောင်ပေးဖို့။ ပြီးတော့ ယောကျာ်းလေးသာဆိုရင် သူ့အဖေလို လူယုတ်မာတယောက် ဘယ်တော့မှမဖြစ်စေရဘူး၊အဲဒါ့ ငါ့ဆုံးဖြတ်ချက်ပဲ”
ပြတ်သားလွန်းသော စကားသံကြောင့် ယွန်းတယောက် ဆွံ့အသွားခဲ့သည်။ အရင်က ဆုနှင့် ယခု ဆုဘာဆိုဘာမှမဆိုင်တော့။
ဪ…လောကဓံတရားက မိန်းကလေးတယောက်၏ စိတ်ကို သိသိသာသာပြောင်းလဲပစ်ခဲ့ပါရောလား။
(၉)
“နင် ဆေးရုံမှာမွေးရမယ်ဆု၊ ဆရာဝန်နဲ့ပဲ မွေးရမယ်”
“ငါမသွားပါရစေနဲ့ယွန်းရယ်။ ဆေးရုံရောက်ရင် ကလေးအဖေက ဘယ်သူဘယ်ဝါဆိုတာ မေးတော့မယ်၊ ငါမဖြေချင်ဘူး၊ နောက်ပြီး မွေးပေးမယ့်ဆရာဝန်တွေက ငါ့အသိတွေ ဖြစ်နေမှာ သေချာတယ်၊ သူတို့ ငါ့ကို ဝိုင်း ကြည့်မယ့်အကြည့်တွေကို ငါမခံနိုင်ဘူးယွန်း၊ ကျေးဇူးပြုပြီး ငါ့ကို ဒီမှာပဲ မွေးခွင့်ပြုပါလားဟာ။ ငါတောင်းပန်ပါတယ်နော်”
မျက်နှာငယ်လေးနှင့် တောင်းဆိုနေသော ဆုကြောင့် ယွန်းစိတိမကောင်းစွာ ခွင့်ပြုလိုက်ရသည်။ ဒီရက်ပိုင်းဆုတယောက် သိသိသာသာပြောင်းလဲလာပါသည်။တနေ့တခြား ကြီးထွားလာသော ဗိုက်နှင့်မလိုက်ဖကိစွာ ဆုမျက်နှာလေးကတော့ တဖြည်းဖြည်းချောင်ကျလာသည်။ ယွန်းကတော့ သူငယ်ချင်းကောင်းပီပီ သူလုပ်နေကျ ဒီဇိုင်နာအလုပ်ကိုပင် ဆက်မလုပ်နိုင်ဘဲ ဆုအနားနေပေးခဲ့သည်။
(၁၀)
“ငါဗိုက်အရမ်းနာနေပြီဟာ ၊ မွေးတော့မယ်ထင်တယ်၊ လက်သည်သွားခေါ်ပေးပါလား”
ဆု၏ မချိမဆန့်စကားသံကြောင့် ကားကို ကမန်းကတန်းမောင်းထွက်ခဲ့သည်။ လက်သည် ဒေါ်ပုက သူတို့နှင့် မနီးမဝေးမို့သာ တော်သေးသည်။ ဒေါ်ပုအိမ်နားရောက်ခါနီး လမ်းမပေါ်တွင် လူတွေ အုံနေသဖြင့် ဆက်သွား၍ မရတော့။ကားကို ရပ်လိုက်ရသည်။ ဆူညံဆူညံအသံကြားသဖြငိ့ ကားပေါ်မှ ထွက်ကြည့်မိတော့ လမ်းမပေါ်တွင် သွေးသံရဲရဲနှင့် လူတယောက် မှောက်ရက်ကြီးလဲကျနေတာ တွေ့သည်။
“ဘာဖြစ်ကြတာလဲ”
“ဒီလူလေ..ဓားထိုးခံရတာ”
“မသိပါဘူးဗျာ၊ သူများသားပျိုသမီးပျိုကို ဖျက်ဆီးပြီး တာဝန်မယူချင်လို့ ကောင်မလေးအစ်ကိုက ဓားနဲ့ ထိုးလိုက်တာလို့ပြောတာပဲ။ ပွဲချငိးပြီးပဲ၊ ကောငိးတယ်၊ ဒီလိုလူမျိုး သေတာတောင် နည်းသေးတယ်”
တယောက်တပေါက် ဝိုင်းအော်နေသည့် အသံကိုတော့ ကြားဖြစ်အောင်ကြားလိုက်သေးသည်။
ထိုအချိန် လူနာတင်ယာဉ်ရောက်လာသဖြင့် လူတွေရှဲသွားသည်။ လဲကျနေသောလူနာကို လက်တွန်းတွန်းလှည်းပေါ်ပြောင်းရွေ့တင်လိုက်စဉ် သူ့မျက်နှာကို ရိပ်ခနဲ လှမ်းမြင်လိုက်ရသည်။ ယွန်းတယောက် ကြက်သေသေသွားခဲ့သည်။
“ဟင် ကိုမိုးစွေ”
(၁၁)
ကလေးငိုသံက တိုက်ခန်းထဲမှ စူးစူးဝါးဝါး ထွက်ပေါ်လာသည်။
“ဘာလေးလဲ ဒေါ်ပု”
“ယောကျာ်းလေးတော့.. ယောကျာ်းလေး”
ယွန်း ဝမ်းသာအားရ အခန်းထဲသို့ ပြေးဝင်သွားတော့ ဒေါ်ပုက အနှီဖြငိ့ အုပ်ထားသော ကလေးငယ်ကို ထိုးပေးသည်။ တဆက်တည်း အရေးတကြီးလေသံဖြင့်ပြောသည်။
“ကလေးက အားလုံး ကောင်းတယ်၊ လူနာကတော့ သွေးတွေအရမ်းဆင်းနေတယ်၊ မနိုင်လောက်ဘူး၊ ဆေးရုံအမြန်ပို့မှဖြစ်မယ်”
သွေးဆုတ်ဖြူရော်နေသော ဆုမျက်နှာလေးကို ကြည့်ရင်း ယွန်းစိတ်ထဲ အလိုလိုဝမ်းနည်းလာသည်။ ငိုချင်စိတ်ကိုမြိုသိပ်ရင်း ဆုကို ကားပေါ်ကမန်းကတန်း တင်လိုက်သည်။ နောက်တော့ ကားစက်နှိုးပြီး ဆေးရုံသို့ အပြင်းမောင်းထွက်လာခဲ့သည်။
(၁၂)
အုတ်ဂူဖြူဖြူလေး တခု။
ထိုအုတ်ဂူရှေ့တွင် မိန်းကလေးတယောက်ပန်းစည်းလေးကိုင်ရင်း ရပ်နေပါသည်။ အုတ်ဂူလေးပေါ်တွင် နာမည်လှလှလေးတခု ရေးထိုးထားသည်။
“ဒေါက်တာ ဆုသြချယ်
အသက် (၂၄)နှစ်”
ထိုစဉ် ကျောက်ဆစ်ရုပ်တရုပ်ပမာ ငေးကြည့်နေသည့် မိန်းကလေးထံမှ အသံတိုးတိုးထွက်ပေါ်လာသည်။
“ကလေးအတွက်စိတ်ချပါ ဆု၊ သူ့ကို ကြီးပြင်းလာတဲ့ထိ ငါစောင့်ရှောက်ပေးမယ်လို့ ကတိပေးပါတယ်၊မင်းတမလွန်မှာ အေးချမ်းစွာ အိပ်စက်အနားယူပါတော့”
ပြောရင်း ပန်းစည်းလေးကို အသာလှမ်းတင်လိုကိသည်။ လေအဝှေ့မှာ ပန်းစည်းလေးက ဘုတ်ကနဲ ပြုတ်ကျသွားသည်။ လှမ်းကောက်မည်ပြုစဉ် ဘေးနားက အုတ်ဂူလေးက်ုပါ တဆက်တည်း သတိပြုမိလိုက်သည်။ မျက်လုံးကစာတမ်းပေါ်အလိုလိုရောက်သွားသည်။
“မောင်မိုးစွေ
အသက်(၂၉)နှစ်”
အသစ်စက်စက် အုတ်ဂူလေးနှစ်ခုကို ငေးကြည့်ရင်း ယွန်းသံဝေဂရမိသည်။ ဪ..ကံဆိုးလိုက်ရှာတဲ့ ဆုရယ်၊ မင်းမှာ နောက်ဆုံးခရီးကိုတောင် မင်းအလွန်ရွံရှာမုန်းတီးတဲ့ လူတယောက်ရဲ့ ဘေးမှာ အိပ်စက်နေရပါလား၊ ဒါတွေဟာဝဠ်ကြွေးတွေဆိုရင် နောက်ဘဝ ဒီလိုလူမျိုး၊ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံပါရစေနဲ့လို့ ငါဆုတောငိးပေးပါတယ်ကွာ။
အသံက လေထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ နောက်တော့ လေးကန်သော ခြေလှမ်းအစုံဖြင့် လှည့်ထွက်လာခဲ့သည်။ အုတ်ဂူလေးနှစ်ခုက သူ့နောက်တွင် မှုန်ဝါးစွာ ကျန်ရစ်ခဲ့ပါပြီ။
ပြီးပါပြီ။
Author – Dr. Aye Min Htoo
Genre – Short story
Write Reviews
Leave a Comment
No Comments & Reviews