Halo nevus မှဲ့အဖြူကွင်း
Epidermal nevus မွေးရာပါ ကြွက်နို့မှဲ့ Epidermal naevus ဆိုတာ အရေပြားမှာတွေ့ရတဲ့ ကြွက်နို့ဆန်ဆန် မှဲ့တစ်မျိုး ဖြစ်ပါတယ်။ ကြွင်နို့မှဲ့အများစုဟာ မွေးကင်းစအရွယ်ကတည်းကပါလာပြီး ကလေးအသက်တစ်နှစ်အတွင်း စတင်ပေါ်ပေါက်လာတတ်ပါတယ်။ သန္ဓေသားကြီးထွားစဉ် အပြင်ဆုံးလွှာ ectoderm မှာ ချို့ယွင်းချက်ဖြစ်လာရာက ဒီလိုအပေါ်ယံဆဲလ်ကဖြစ်တဲ့ ကြွက်နို့မှဲ့တွေ ပေါ်ပေါက်လာပါတယ်။သန္ဓေသားအရွယ်မှာ FGFR3, PIK3CA, HRAS ဗီဇဆဲလ်ပြောင်းလဲမှုကြောင့် ဖြစ်တယ်လို့ ဆိုကြတယ်။ ကြွက်နို့မှဲ့ဖြစ်တဲ့အခါ အရေပြားအပေါ်လွှာမှာရှိတဲ့ keratinocytes ဆဲလ်တွေဟာ အဆမတန်ကြီးထွားလာပါတယ်။ မှဲ့ပုံစံပေါ်မူတည်ပြီး Linear epidermal naevus၊ Linear porokeratosis၊ Epidermolytic epidermal naevus၊ Acantholytic epidermal naevus၊Systematised epidermal naevi စသည်ဖြင့် ပုံစံအမျိုးမျိုးရှိပါတယ်။ Linear epidermal naevus ဟာ ခန္ဓာကိုယ်နဲ့ […]
Nevus anemicus မွေးရာပါအဖြူကွက်
Nevus depigmentosus မွေးရာပါ အဖြူကွက်အမှတ် Nevus Depigmentosus ဆိုတာ ခန္ဓာကိုယ် အရေပြားပေါ်မှာ မွေးရာပါ (သို့) ကလေးဘဝကတည်းက ဖြစ်ပေါ်လာတတ်တဲ့ အဖြူကွက် အစက်အပြောက် တစ်မျိုးဖြစ်ပါတယ်။ ဒီအဖြူကွက်အမှတ်တွေဟာ မယ်လနင်ဆဲလ်တွေ လုပ်ဆောင်မှု ကျဆင်းခြင်းကြောင့် ဖြစ်ပါတယ်။ မွေးရာပါအဖြူကွက်ရောဂါဖြစ်လို့ သူ့အလိုလို ပျောက်ကင်းခဲတယ်။ Nevus Depigmentosus ဟာ ကလေး အယောက် ၁၀၀၀ မှာ ၁-၃ ယောက် နှုန်းဖြစ်ပွားတတ်ပါတယ်။ ဒီအဖြူကွက်ဟာ မွေးရာပါချို့ယွင်းချက်နဲ့ သက်ဆိုင်တယ်။ သန္ဓေသားဘဝမှာ အမည်းရောင် မယ်လနင်ဆဲလ် (melanocytes)တွေဟာ အရေပြားထဲကိုမှန်ကန်စွာ မရွှေ့ပြောင်းနိုင်ခြင်းကြောင့် ဖြစ်ရတယ်။ မဲလနင်ဆဲလ်တွေ ကောင်းကောင်းအလုပ်မလုပ်တာ (သို့) မဲလနင်ဓာတ်ပစ္စည်း လုံလောက်စွာ မထုတ်လုပ်နိုင်တာစတဲ့ ဆဲလ်လုပ်ငန်းချို့ယွင်းမှုကြာင့်လည်းဖြစ်နိုင်တယ်။ တစ်ခါတရံ မျိုးရိုးလိုက်တတ်တယ်။ Nevus Depigmentosus […]




