Open 9:00-12:00 AM
+95 92051590

Corns (Calvus)

31 Oct, 2021 | No Comments

Corns (Calvus)

ခြေချောင်းလေးတွေရဲ့ အပေါ်မျက်နှာပြင်မှာဖြစ်တဲ့ အသားမာကို corns ခေါ်ပါတယ်။ calvus လို့လည်း ခေါ်သေးတယ်။ ခပ်ဝိုင်းဝိုင်းပုံစံရှိတဲ့ အဝါရောင် အသားမာတစ်မျိုး ဖြစ်ပါတယ်။ အရေပြားပွတ်တိုက်ခံရဖန်များပြီး ဆဲလ်သေ keratin တွေစုပုံရာက corns အသားမာဖြစ်ပေါ်လာတယ်။ ဒီအသားမာဟာ ရိုးရိုးအသားမာ (callus)ထက် အရွယ်အစားပိုသေးတယ်။ ပိုပြီးလည်း နက်တယ်။ အလယ်ပိုင်းက မာကျောပြီး ဘေးဖက်အရေပြားက အနည်းငယ်ပျော့နေတယ်။ လက်နဲ့ဖိကြည့်ရင် နာတယ်။ keratin ဆဲလ်သေကြောင့် အရေပြားက မာခဲနေပါတယ်။

corns အသားမာကို ခြေချောင်းလေးတွေမှာ ပိုတွေ့ရတယ်။ အဆစ်များတဲ့ ခြေမ၊ ခြေသန်းနဲ့ ခြေသကြွယ် မျက်နှာပြင်အထက်ပိုင်းမှာ ဖြစ်ကြတယ်။ ဒီအဆစ်နေရာတွေဟာ ပွတ်တိုက်ခံရဆုံးနေရာတွေ ဖြစ်လို့ပါ။ ရှူးဖိနပ်စီးသူတွေရဲ့ခြေချောင်းတွေမှာ မကြာခဏ တွေ့မြင်ရတယ်။ corns အသားမာ အမျိုးအစား (၃)မျိုးရှိပါတယ်။

(၁) Hard corn အသားမာကို ခြေမနဲ့ ခြေသန်းဘေးဖက်ပိုင်းမှာ တွေ့ရတတ်တယ်။

(၂) Soft corn အသားမာကို ခြေချောင်းတွေကြား တွေ့ရတယ်။ 

(၃) Seed corn အသားမာကို ခြေဖနောင့်နဲ့ ခြေဖဝါးခုံးတဲ့အပိုင်းမှာ အဓိကတွေ့ရတယ်။ 

Corns အသားမာရဲ့ အတွင်းပိုင်းမှာ အရေပြားဆဲလ်သေတွေစုပြီး ထူနေတတ်တယ်။ အလယ်က ချိုင့်နေ ဖောင်းနေနိုင်တယ်။ plantar warts (ခြေဖဝါးကြွက်နို့) နဲ့ မှားတတ်တယ်။ ခြေဖဝါးကြွက်နို့ (plantar warts)ရဲ့ အသားမာအလယ်မှာ မဲမဲစက်လေးတွေ ရှိတတ်ပါတယ်။

ကုသနည်း

ကုသနည်းက အသားမာ ပျော့ပြောင်းလာအောင် အရင်ဆုံး ပြုလုပ်ရတာဖြစ်တယ်။ ဆေးမလိမ်းခင် ခြေထောက်ကို ဆပ်ပြာရေနွေး (သို့) ရှာလကာရည်ထဲ ဆယ်မိနစ်ခန့်စိမ်ပါ။ အရေပြားပျော့လာရင် ရေမြှုပ်ကျောက် (သို့) အဝတ်ကြမ်းနဲ့ပွတ်တိုက်ပါ။ အစိုဓာတ်လိမ်းဆေး petroleum jelly, ammonium lactate, urea cream တစ်မျိုးမျိုး လိမ်းပါ။ အသားမာကုသတဲ့အခါ salicylic acid solutions လိမ်းဆေးရည်တွေကို အသုံးများဆုံး ဖြစ်တယ်။ ပြင်းအား 12.6%-40% salicylic acid ကို သုံးရတယ်။ ပိုဆိုးတဲ့အသားမာတွေမှာ လေဆာ (သို့) liquid nitrogen သုံးပြီး ဆဲလ်တွေဖျက်စီးပစ်နိုင်တယ်။

ကာကွယ်ခြင်း

corns အသားမာဟာ ဖိနပ်တွေကြောင့် ဖြစ်တတ်လို့ ဖိနပ်ပြောင်းစီးသင့်ပါတယ်။ ရှုးဖိနပ်စီးတဲ့အခါ ခြေအိတ်ဝတ်ပါ။ အခုအခံတစ်ခု ထည့်ပါ။ ခြေပါးဖိနပ် (သို့) ဒေါက်မြင့်ဖိနပ်မျိုး မစီးပါနဲ့။ ခြေချောင်းတွေကို အကာကွယ်တစ်ခုခု ခံထားသင့်ပါတယ်။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews