Hordeolum (stye) မျက်စိစွန်ခြင်း (မျက်တောင်အိတ် ပြည်တည်ခြင်း)
Acne vulgaris ဆိုတာ အဖြစ်များတဲ့ ဝက်ခြံနာ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ acne ဆိုတာ ဝက်ခြံ၊ vulgaris ဆိုတာ အဖြစ်များတဲ့ ပုံစံကို ပြောတာဖြစ်ပါတယ်။ acne vulgaris ဟာ လက္ခဏာရပ်တွေထက် ရောဂါကို ကိုယ်စားပြုတယ်။ ဒီအဖြစ်များတဲ့ဝက်ခြံ(acne vulgaris)မှာ whiteheads, blackheads, papules, pustules, cysts နဲ့ nodules စသည်ဖြင့် ဝက်ခြံအမျိုးအစားပေါင်းများစွာ တပြိုင်နက် ဖြစ်ပေါ်နိုင်တယ်။ အရေပြားအပေါ်လွှာ၊အောက်လွှာ ရောင်ရမ်းပြီး ပိုးဝင်တာရှိတယ်။ များသောအားဖြင့် ရောင်ရမ်းဝက်ခြံနာတွေကို acne vulgaris အဖြစ်သတ်မှတ်ကြတယ်။ Acne vulgaris ဟာ အဆီဂလင်းပိတ်ဆို့ရာက ဆက်လက်ဖြစ်ပေါ်လာတဲ့ အဖုအကျိတ်၊ပြည်တည်နာတွေဖြစ်ပါတယ်။ ဝက်ခြံကို အဓိကဖြစ်စေတာ Cutibacterium acnes ပိုးမွှားဖြစ်ပါတယ်။ လေမလိုဘဲ ပွားများနိုင်တယ်။ မျက်နှာပေါ်မှာ […]
Cutaneous myiasis အသားစားလောက်ကောင် အနာ Cutaneous Myiasis (လောက်ကောင် အနာ)ဆိုတာ ဖြုတ်ယင်ကောင်က တဆင့် ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ လူ့အရေပြားတွင်း ဥဥခြင်း (သို့မဟုတ်) ဥကတဆင့် ပေါက်ဖွားလာတဲ့ ပိုးလောက်ကောင်များ (larvae/maggots) အရေပြားတွင်း ဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာစေတယ်။ ဒီလောက်ကောင်လေးတွေဟာ အရေပြားအောက် နေထိုင်ကျက်စားပြီး လူ့တစ်ရှူးတွေကို စားသောက်ရင်း ကြီးထွားလာကြတယ်။ ရောဂါဖြစ်ပွားပုံ ယင်ကြီးမျိုးနွယ်ဝင် ယင်ကောင် (Botfly, Warble fly, Tumbu fly) နဲ့ အသေကောင်စား ယင်ကောင် (Flesh flies)တွေကနေ ကူးစက်တယ်။ ယင်ကောင်ကြီးက အရေပြားအနာ၊အပေါက်တွေထဲ တိုက်ရိုက်လာဥဥခြင်း (direct contact)ကြောင့် ကူးစက်နိုင်တယ်။ ယင်ကောင်ဥတွယ်ကပ်နေတဲ့ ခြင်၊ မှတ် ပိုးမွှားတွေ ကိုက်ခံရခြင်းကြောင့် ဥကအရေပြားတွင်းဝင်ရောက်ပြီး သွယ်ဝိုက်ကူးစက်နိုင်တယ်။ […]



