Begbugs ကြမ်းပိုးကိုက်ခြင်း
ကြမ်းပိုးဆိုတာ သွေးစုပ်တဲ့ အင်းဆက်ပိုးမွှားတစ်မျိုး ဖြစ်ပါတယ်။ Cimex lectularius လို့ခေါ်ပါတယ်။ ကြမ်းပိုးဟာ လူနဲ့ သတ္တဝါတို့ရဲ့ သွေးကို စုပ်ယူပြီး အသက်ရှင်သန်ကြတယ်။ သူတို့ဟာ ညဘက်မှာ အစာရှာလေ့ရှိပြီး လူတွေ အိပ်ပျော်နေချိန်မှာ ကိုက်လေ့ရှိပါတယ်။ကြမ်းပိုးကောင်တွေဟာ မျက်စိနဲ့ မြင်နိုင်တယ်။ အရွယ်အစားအားဖြင့် နှမ်းစေ့ခန့်သာ ရှိတယ်။စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးစတဲ့ နေရာတွေမှာ သွားလာလှုပ်ရှားနေတတ်တဲ့ ပြားချပ်ချပ် ဘဲဥပုံ အကောင်နက်နက်လေးတွေဟာ ကြမ်းပိုးကောင်လေးတွေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အညိုရောင်ရှိတယ်။ သွေးစုပ်ပြီးရင် နီညိုရောင်အဖြစ် ပြောင်းလဲတတ်တယ်။ ကြမ်းပိုးတွေဟာအတောင်မပါကြဘူး။
ကြမ်းပိုးကိုက်ခံရတဲ့အခါ နီရဲတဲ့ အဖုသေးသေးလေးတွေ စတင်ပေါ်ပေါက်လာတယ်။ ယားယံမှု အလွန်ပြင်းထန်ပါတယ်။ အကိုက်ခံရတဲ့အနာတွေဟာ အုပ်စုလိုက်ဖြစ်ပြီး ၃-၄ခု တန်းစီပြီး ပေါ်နေတတ်ပါတယ်။ ဒါကို “breakfast, lunch, and dinner” ပုံစံလို့ ခေါ်ကြပါတယ်။ ကြမ်းပိုးကိုက်ခံရရင် ခန္ဓာကိုယ်ဟာ အလွန် ယားယံတတ်တယ်။ အင်ပြင်ထတာ၊ ရောင်ရမ်းတာရှိနိုင်တယ်။ အနာကို အလွန်အမင်း ကုတ်ခြစ်မိတဲ့အခါ ဘက်တီးရီးယားပိုးဝင်ပြီး ပြည်တည်နာ ဖြစ်နိုင်ပါတယ်။
ကြမ်းပိုးရှိတဲ့ အထောက်အထားတွေလည်း တွေ့နိုင်တယ်။ အိပ်ရာခင်း၊ စောင်တွေပေါ်မှာ အညိုရောင်၊အနီရောင် အစွန်းအထင်းတွေဟာ ကြမ်းပိုးရဲ့ မစင်တွေကြောင့်ဖြစ်တယ်။ကြမ်းပိုးဥအခွံတွေ၊ ပိုးလောက်လန်းတွေ အရေခွံလဲရာက ကျန်ရစ်တဲ့အခွံတွေ တွေ့နိုင်တယ်။ အိပ်ရာခင်းမှာစိုစွတ်ညှီဟောက်တဲ့ အနံ့ ရှိရင် ကြမ်ပိုးရှိလို့ ဖြစ်နိုင်တယ်။
ကြမ်ပိုး ရှိနိုင်သော နေရာများ
· အိပ်ရာဘောင်ရှိ အက်ကွဲကြောင်းများ
· ခေါင်းအုံး၊ စောင်း၊ အိပ်ရာခင်း အတွင်းလိပ်နေရာ
· ဗီရိုအောက်ခြေ၊ စာအုပ်စင်များ
· ကော်ဇောအောက်ခြေ၊ ကြမ်းပြင်အက်ကြောင်းများ
ကုသနည်း
ယားယံတဲ့ နေရာကို ရေခဲအိတ်ကပ်ပေးပါ။ ရှားစောင်းလက်ပပ် လူးပေးပါ။ လက်ဖက်ခြောက်အိတ်(damp tea bag)ကို ရေအေးစိမ်ပြီး အနာပေါ် ကပ်ပေးပါ။ မသက်သာရင် Calamine Lotion သို့မဟုတ် Hydrocortisone Cream လိမ်းပေးပါ။ အယားပျောက်ဆေး (Antihistamine) သောက်ပါ။ ပိုးသတ်ဆေးဆပ်ပြာသုံးပြီး သန့်ရှင်းပါ။
အကြံပြုချက်
အိမ်နဲ့ ပတ်ဝန်းကျင်ကို စနစ်တကျ သန့်ရှင်းပါ။ ကော်ဇော၊ အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်တွေကို ရေပူပူ (အနည်းဆုံး ၆၀°C)နဲ့ ဆေးကြောပါ။ ပိုးသတ်လို့မရတဲ့ ပစ္စည်း (ဥပမာ – ဟောင်းနွမ်းနေတဲ့ ဆိုဖာ) တွေကို စွန့်ပစ်ပါ။ ကြမ်းပိုးဖျန်းဆေး (Bedbug Spray) ဖြန်းပါ။ အိမ်မှာ ကြမ်ပိုးအလွန်အကျွံများရင် ပိုးသတ်ဖြန်းဆေး ဝန်ဆောင်မှု (Pest Control Service)နဲ့ ရှင်းလင်းရေးလုပ်သင့်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews