Open 9:00-12:00 AM
+95 92051590

Category Archive : Pigmentation

ကျောပြင်အကွက်လိုက် မဲခြင်း ကျောပြင်အကွက်လိုက် မဲခြင်းဟာ အရေပြားပရိုတင်းဆဲလ် (keratin) စုစည်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့လက္ခဏာတစ်မျိုး ဖြစ်ပါတယ်။ အမည်းရောင်အကွက်ငယ်တွေ ပေါင်းစည်းထားလို့ confluent and reticulated papillomatosis (CARP) အမည်ပေးထားတယ်။ အရေပြား ဆေးပညာမှာ Gougerot-Carteaud syndrome လို့လည်းခေါ်သေးတယ်။  CARP က ဘာ့ကြောင့်ဖြစ်လဲသေချာမသိရသေးဘူး။ ဖြစ်နိုင်တာက keratin-16 မျိုးဗီဇ ဆဲလ် ပြောင်းလဲမှု၊ မွေးရာပါ ကရာတင်ဆဲလ် မူမမှန်တာ၊ အရေပြားတွင်း အမိုက်လွိုက်ပရိုတင်း စုပုံခြင်း၊ ဟော်မုန်းမူမမှန်တာ၊ အဝလွန်တာ၊ခရမ်းလွန်ရောင်ခြည်နဲ့ Pityrosporum တစေးမှိုပိုးကို လွန်ကဲစွာတုံ့ပြန်မှုတွေကြောင့်ဖြစ်နိုင်တယ်။ အဝလွန်သူ၊ချွေးထွက်လွယ်သူတွေမှာလည်း မကြာခဏတွေ့ရတတ်တယ်။ သာမန်အားဖြင့် ဒီရောဂါဟာ ဘာရောဂါလက္ခဏာမှမပြဘဲ ပိုက်ကွန်ပုံစံ ရောင်ခြယ်အမဲရောင်အကွက်တွေ ကျောပြင်မှာ အဆုပ်လိုက် အကွက်လိုက် တွေ့ရှိရတယ်။ ဆယ်ကျော်သက် လူငယ်လူရွယ်တွေမှာ အဖြစ်များပြီးခန္ဓာကိုယ် အပေါ်ပိုင်းနဲ့ လည်ပင်းပိုင်းတွေမှာ အများဆုံး တွေ့ရတယ်။ မျက်နှာ၊ပေါင်ခြံနဲ့ ဒူးခေါက်ကွေးနေရာတွေမှာလည်း တွေ့ရှိရတတ်တယ်။ အမဲရောင်ကွန်ယက်ပုံစံဖြစ်ပေါ်လာဖို့ ကရာတင်ဆဲလ်တွေက အကွက်လိုက်စုစည်းပေါင်းစည်းထားတယ်။ ယခင်က Malassezia furfur မှိုပိုးနဲ့ ဆက်စပ်နိုင်တယ်ယူဆခဲ့ပေမယ့် နောက်ပိုင်းတွေ့ရှိိချက်တွေအရ Dietzia maris ဗက်တီးရီးယားပိုးတစ်မျိုးနဲ့လည်း ပက်သတ်နေပါတယ်။ ကျောအမဲကွက်ဖြစ်လာရင် နားလည်တတ်ကျွမ်းတဲ့အရေပြားဆရာဝန်နဲ့ စနစ်တကျပြပြီး ကုသမှုခံယူသင့်တယ်။ ပုံမှန်အားဖြင့် တစ်လကနေ တစ်လခွဲအထိကုသရပြီး ၆၅%ဟာကုသပြီး (၃)လအတွင်း ပျောက်ကင်းနိုင်တယ်။ ပြန်ဖြစ်နိုင်ချေကတော့ ၁၅%ထိရှိတယ်။ အကြံပြုချက် ဒီလို အကွက်တွေဖြစ်လာရင် အစားအသောက်ထဲမှာ အပူအစပ်၊ အအီအစိမ့်နဲ့ အချိုကို အဓိကရှောင်ရမယ်။ အထူးသဖြင့် မိဘမျိုးရိုးထဲမှာ ဆီးချိုရောဂါရှိသူတွေပါ။ အဝလွန်သမားတွေမှာ အဖြစ်များလို့ ဝိတ်ချသင့်တယ်။ရာသီဥတုပူပြင်းတဲ့ရာသီတွေမှာ ပေါ့ပါးတဲ့ ချည်ထည်စကိုသာ ဝတ်ဆင်သင့်တယ်။  ဒေါက်တာအေးမင်းထူး (အရေပြားအထူးကုဆရာဝန်) အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက နီးစပ်ရာ အရေပြားအထူးကုဆရာဝန်ထံသို့ ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသရန်အတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။ If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

လူကြီးမှဲ့ခြောက် (Dermatosis papulosa nigra)ဆိုတာ မျက်နှာမှာတွေ့ရတဲ့ အသားပိုဆန်ဆန်မှဲ့ခြောက်တွေဖြစ်ပြီး Seborrheic keratosis အမျိုးအစားထဲမှာ ပါတယ်။ ရိုးရိုးမှဲ့ခြောက် (freckle)နဲ့ မတူပါဘူး။ လူကြီးမှဲ့ခြောက်ဖြစ်တဲ့အခါ ကရာတင်ဆဲလ်သေတွေဟာ အပေါ်ယံအရေပြားမှာ ပုံမှန်မဟုတ်ဘဲ စုပုံလာပြီး ဖယောင်းချပ်ပုံစံအသားပိုတွေ စတင်ထွက်လာတယ်။ အပေါ်ယံအရေပြား အောက်ဆုံးလွှာ (basal layer)ကနေ အမဲရောင်ခြယ်ထုတ်လုပ်မှု လွန်ကဲလာခြင်းကြောင့် အရောင်ပြောင်းပြီး အမဲရောင်အသားပိုတွေ မျက်နှာမှာ ပေါ်ပေါက်လာတယ်။ ဒါကို လူကြီးမှဲ့ခြောက် ခေါ်ပါတယ်။ လူကြီးမှဲ့ခြောက်ဟာ အသက်ကြီးရင့်သူတွေ အဖြစ်များတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေထက် အသက်ငါးဆယ်ကျော် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အဝလွန်သူ၊ ဆီးချိုသမားတွေမှာ ပိုပြီးတွေ့ရတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တတ်တယ်။ အသားမည်းသူတွေမှာ ပိုအဖြစ်များတယ်။ အထူးသဖြင့် melanin ထွက်နှုန်းများတဲ့အသားအရေအမျိုးအစား (Fitzpatrick skin phototype 4, […]

24 Nov, 2021 | No Comments

Halo nevus

Halo nevus မှဲ့အဖြူကွင်း

Epidermal nevus မွေးရာပါ ကြွက်နို့မှဲ့ Epidermal naevus ဆိုတာ အရေပြားမှာတွေ့ရတဲ့ ကြွက်နို့ဆန်ဆန် မှဲ့တစ်မျိုး ဖြစ်ပါတယ်။ ကြွင်နို့မှဲ့အများစုဟာ မွေးကင်းစအရွယ်ကတည်းကပါလာပြီး ကလေးအသက်တစ်နှစ်အတွင်း စတင်ပေါ်ပေါက်လာတတ်ပါတယ်။ သန္ဓေသားကြီးထွားစဉ် အပြင်ဆုံးလွှာ ectoderm မှာ ချို့ယွင်းချက်ဖြစ်လာရာက ဒီလိုအပေါ်ယံဆဲလ်ကဖြစ်တဲ့ ကြွက်နို့မှဲ့တွေ ပေါ်ပေါက်လာပါတယ်။သန္ဓေသားအရွယ်မှာ FGFR3, PIK3CA, HRAS ဗီဇဆဲလ်ပြောင်းလဲမှုကြောင့် ဖြစ်တယ်လို့ ဆိုကြတယ်။ ကြွက်နို့မှဲ့ဖြစ်တဲ့အခါ အရေပြားအပေါ်လွှာမှာရှိတဲ့ keratinocytes ဆဲလ်တွေဟာ အဆမတန်ကြီးထွားလာပါတယ်။ မှဲ့ပုံစံပေါ်မူတည်ပြီး Linear epidermal naevus၊ Linear porokeratosis၊ Epidermolytic epidermal naevus၊ Acantholytic epidermal naevus၊Systematised epidermal naevi စသည်ဖြင့် ပုံစံအမျိုးမျိုးရှိပါတယ်။  Linear epidermal naevus ဟာ ခန္ဓာကိုယ်နဲ့ […]